Turkish

Myanmar

Jeremiah

30

1RAB Yeremyaya şöyle seslendi:
1ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
2‹‹İsrailin Tanrısı RAB diyor ki, ‹Sana bildirdiğim bütün sözleri bir kitaba yaz.
2ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။
3İşte halkım İsraili ve Yahudayı eski gönençlerine kavuşturacağım günler yaklaşıyor› diyor RAB, ‹Onları atalarına verdiğim topraklara geri getireceğim, orayı yurt edinecekler› diyor RAB.››
3ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4İsrail ve Yahuda için RABbin bildirdiği sözler şunlardır:
4ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊
5‹‹RAB diyor ki,‹Korku sesi duyduk,Esenlik değil, dehşet sesi.
5ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ၏။
6Sorun da görün:Erkek, çocuk doğurur mu?Öyleyse neden doğuran kadın gibiHer erkeğin ellerini belinde görüyorum?Neden her yüz solmuş?
6ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
7Ah, ne korkunç gün!Onun gibisi olmayacak.Yakup soyu için sıkıntı dönemi olacak,Yine de sıkıntıdan kurtulacak.
7အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
8‹‹ ‹O gün› diyor Her Şeye Egemen RAB,‹Boyunlarındaki boyunduruğu kıracak,Bağlarını koparacağım.Bundan böyle yabancılar onlarıKendilerine köle etmeyecekler.
8ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ။
9Onun yerine Tanrıları RABbeVe başlarına atayacağım kralları DavutaKulluk edecekler.
9သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမှုကို၎င်း၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ်၏အမှုကို၎င်း ဆောင်ရွက်ရကြမည်။
10‹‹ ‹Korkma, ey kulum Yakup,Yılma, ey İsrail› diyor RAB.‹Çünkü seni uzak yerlerden,Soyunu sürgün edildiği ülkeden kurtaracağım.Yakup yine huzur ve güvenlik içinde olacak,Kimse onu korkutmayacak.
10သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့ကျွန် ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ၎င်း၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ချောက် လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
11Çünkü ben seninleyim,Seni kurtaracağım› diyor RAB.‹Seni aralarına dağıttığım bütün uluslarıTümüyle yok etsem de,Seni büsbütün yok etmeyecek,Adaletle yola getirecek,Hiç cezasız bırakmayacağım.›
11တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။
12‹‹RAB diyor ki,‹Senin yaran şifa bulmaz,Beren iyileşmez.
12ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာ သည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏။
13Davanı görecek kimse yok,Yaran umarsız, şifa bulmaz.
13သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
14Bütün oynaşların unuttu seni,Arayıp sormuyorlar.Seni düşman vururcasına vurdum,Acımasızca cezalandırdım.Çünkü suçun çok,Günahların sayısız.
14သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။
15Neden haykırıyorsun yarandan ötürü?Yaran şifa bulmaz.Suçlarının çokluğu ve sayısız günahın yüzündenGetirdim bunları başına.
15သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ် ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။
16Ama seni yiyenlerin hepsi yem olacak,Bütün düşmanların sürgüne gidecek.Seni soyanlar soyulacak,Yağmalayanlar yağmalanacak.
16သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်း တို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့ သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။
17Ama ben seni sağlığına kavuşturacak,Yaralarını iyileştireceğim› diyor RAB,‹Çünkü Siyon itilmiş,Onu arayan soran yok diyorlar.›
17ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတပါးတို့ က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ၍၎င်း၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍၎င်း ခေါ်သော်လည်း၊ သင်၏အနာရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာပကတိဖြစ်စေမည်။
18‹‹RAB diyor ki,‹Yakupun çadırlarını eski gönencine kavuşturacağım,Konutlarına acıyacağım.Yeruşalim höyük üzerinde yeniden kurulacak,Saray kendi yerinde duracak.
18ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွား ခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏ တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကို သနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တဖန် တည်လျက်ရှိလိမ့် မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်းနေကြလိမ့် မည်။
19Oralardan şükran ve sevinç sesleri duyulacak.Sayılarını çoğaltacağım, azalmayacaklar,Onları onurlandıracağım, küçümsenmeyecekler.
19ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသော သူတို့၏ အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။
20Çocukları eskisi gibi olacak,Toplulukları önümde sağlam duracak;Onlara baskı yapanların hepsini cezalandıracağım.
20အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။
21Önderleri kendilerinden biri olacak,Yöneticileri kendi aralarından çıkacak.Onu kendime yaklaştıracağım,Bana yaklaşacak.Kim canı pahasına yaklaşabilir bana?› diyor RAB.
21သူတို့၏ မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသော သူသည် သူတို့ကို အုပ်စိုးရ လိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ် လိုသောငှါ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း။
22‹‹ ‹Böylece siz benim halkım olacaksınız,Ben de sizin Tanrınız olacağım.›
22ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည် လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23İşte RABbin fırtınası öfkeyle kopacak,Şiddetli kasırgası kötülerin başında patlayacak.
23ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့် မည်။
24Aklının tasarladığını tümüyle yapana dek,RAB'bin kızgın öfkesi dinmeyecek.Son günlerde bunu anlayacaksınız.››
24ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။