Turkish

Myanmar

Jeremiah

4

1‹‹Eğer geri dönersen, ey İsrail,Eğer bana geri dönersen›› diyor RAB,‹‹İğrenç putlarını gözümün önünden uzaklaştırır,Bir daha yoldan sapmazsan;
1အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ ပြန်လာပါ။ သင်၏ရွံရှာဘွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။
2‹RABbin varlığı hakkı için› diyerekSadakatle, adaletle, doğrulukla ant içersen,Uluslar Onun aracılığıyla kutsanacak,Onunla övünecekler.››
2သင်ကလည်း၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ် ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည် လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကို ကောင်းကြီး ပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့် မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3RAB Yahuda ve Yeruşalim halkına şöyle diyor:‹‹İşletilmemiş toprağınızı sürün,Dikenler arasına ekmeyin.
3ထာဝရဘုရားသည် ယုဒပြည်သူယေရုရှလင်မြို့ သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏ လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။
4Ey sizler, Yahuda halkı ve Yeruşalimde yaşayanlar,Kendinizi RABbe adayın,Bunu engelleyen her şeyi yüreğinizden uzaklaştırın.Yoksa yaptığınız kötülüklerden ötürüÖfkem ateş gibi yağacak,Her şeyi yiyip bitirecekVe söndüren olmayacak.›› yüreğinizden uzaklaştırın››: İbranice ‹‹Kendinizi de yüreğinizi de RAB için sünnet edin››.
4အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရ ဘုရားအဘို့အလိုငှါ အရေဖျားလှီး မင်္ဂလာကိုခံ၍၊ သင်တို့ နှလုံး အရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏ အကျင့်မကောင်းသောကြောင့်၊ ငါအမျက်သည်မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင် အောင် လောင်လိမ့်မည်။
5‹‹Yahudada duyurun,Yeruşalimde ilan edin,‹Ülkede boru çalın!› deyin,‹Toplanın› diye haykırın,‹Surlu kentlere kaçalım!›
5ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့ မှစ၍ တပြည်လုံးကြွေးကြော်၍ သိတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ ဟုအရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။
6Siyona giden yolu gösterenBir işaret koyun!Güvenliğiniz için kaçın!Durmayın!Üzerinize kuzeyden felaket,Büyük yıkım getirmek üzereyim.››
6ဇိအုန်တောင်ပေါ်မှာ အလံကို ထူကြလော့။ လွတ်အောင် ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသော ပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည် ဆောင်ခဲ့မည်။
7Aslan ininden çıktı,Ulusları yok eden yola koyuldu.Ülkenizi viran etmek içinYerinden ayrıldı.Kentleriniz yerle bir edilecek,İçlerinde yaşayan kalmayacak.
7ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲ ရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာ အရပ်ဖြစ်စေခြင်းငှါ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏ မြို့တို့ သည် လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့် မည်။
8Onun için çula sarının,Dövünüp haykırın,Çünkü RABbin kızgın öfkesi üzerimizden kalkmadı.
8ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှ လွှဲရှောင်၍ မသွားသေး။
9‹‹O gün›› diyor RAB,‹‹Kral da önderler de yılacak,Kâhinler şaşkına dönecek,Peygamberler donakalacak.››
9ထိုအခါ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် စိတ်ပျက် ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေ လျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
10O zaman, ‹‹Ah, Egemen RAB›› dedim, ‹‹ ‹Esenlikte olacaksınız› diyerek bu halkı da Yeruşalimi de tam anlamıyla aldattın. Çünkü kılıç boğazımıza dayandı.››
10ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက် သည် အသက် ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော် သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။
11O zaman bu halka ve Yeruşalime, ‹‹Çöldeki çıplak tepelerden halkıma doğru sıcak bir rüzgar esiyor, ama harman savurmak ya da ayırmak için değil›› denecek,
11ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သား တို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌မြင့်သောအရပ်က ငါ၏လူမျိုး သတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှါ လာသော လေမဟုတ်။
12‹‹Benden gelen bu rüzgar çok daha güçlü olacak. Şimdi bu halka yargılarımı bildiriyorum.››
12ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှါ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။
13İşte düşman bulut gibi ilerliyor;Savaş arabaları kasırga sanki,Atları kartallardan daha çevik.Vay başımıza! Mahvolduk!
13လာသောမင်းသည် မိုဃ်းတိမ်ကဲ့သို့ လာလိမ့် မည်။ သူ၏ရထားတို့သည် လေဘွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန် ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။
14Ey Yeruşalim, yüreğini kötülükten arındır ki,Kurtulasın.Ne zamana dek yüreğinde kötü düşünceler barındıracaksın?
14အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏အဓမ္မအကြံအစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ၌တည်နေရမည် နည်း။
15Dandan bir ses bildiriyor,Efrayim dağlarından kötü haber duyuruyor!
15ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင် ပေါ်မှာ ဒုက္ခသိတင်းကို ဟစ်ကြော်ကြ၏။
16‹‹Uluslara duyurun,Yeruşalime bildirin:‹Uzak bir ülkeden gelen ordu çevresini kuşatacak,Yahuda kentlerine karşıSavaş naraları atacaklar.
16အပြည်ပြည်တို့၌ သိတင်းကြားကြလော့။ ယေရု ရှလင်မြို့ကို ရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့် တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များ တဘက်၌ ထူးကြလိမ့်မည်။
17Bir tarlayı koruyanlar gibiKuşatacaklar Yeruşalimi.Çünkü Yeruşalim bana başkaldırdı› ›› diyor RAB.
17လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည် သည် ငါ့ကို ပုန်ကန်ပြီ။
18‹‹Kendi davranışların, kendi yaptıklarınBaşına gelmesine neden oldu bunların.Cezan bu.Ne acı!Nasıl da yüreğine işliyor!››
18သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့် တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သော အမှုနှင့် တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသော စိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော် မူ၏။
19Ah, içim, içim!Acıdan kıvranıyorum.Ah, yüreğim, yüreğim çarpıyor.Sessiz duramıyorum!Çünkü boru sesini, savaş naralarını işittim!
19ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
20Felaket felaketi izliyor,Bütün ülke viran oldu.Bir anda çadırlarım,Perdelerim yok oldu.
20ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ် ဟစ်ကြော် ရ၏။ တပြည်လုံးပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏခြင်း တွင် ပျက်စီးကြပြီ။ ငါ၏ကုလားကာတို့သည် ချက်ခြင်း ပျက်စီးကြပြီ။
21Ne zamana dek düşman sancağını görmek,Boru sesini duymak zorunda kalacağım?
21ငါသည် အဘယ်မျှကာလပတ်လုံး အလံကို မြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
22‹‹Halkım akılsızdır,Beni tanımıyor.Aptal çocuklardır,Akılları yok.Kötülük etmeyi iyi bilir,İyilik etmeyi bilmezler›› diyor RAB.
22အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကို မသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဥာဏ်မရှိကြ။ မကောင်းသော အမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှု တို့ကို မပြုတတ်ကြ။
23Ben Yeremya yere baktım, şekilsizdi, boştu,Göğe baktım, ışık yoktu.
23ငါသည်မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာ ဖြစ်၏။ မိုဃ်းကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်း မရှိ။
24Dağlara baktım, titriyorlardı,Bütün tepeler sarsılıyordu.
24တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။
25Baktım, insan yoktu,Gökte uçan bütün kuşlar kaçmıştı.
25ငါကြည့်ရှု၍ လူမရှိ။ မိုဃ်းကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။
26Baktım, verimli toprak çöle dönmüş,Bütün kentler yıkılmıştı.Bütün bunlar RABbin yüzünden,Onun kızgın öfkesi yüzünden olmuştu.
26ငါကြည့်ရှု၍ ဝပြောသော ပြည်သည် တောဖြစ် လေပြီ။ မြို့များတို့သည် ပြိုပျက်လျက်ရှိကြ၏။ ထာဝရ ဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သော အခြင်းအရာတို့သည် ဖြစ်ရကြ၏။
27RAB diyor ki,‹‹Bütün ülke viran olacak,Ama onu büsbütün yok etmeyeceğim.
27ထာဝရဘုရားမိန့်တော်မူသည်ကား၊ တပြည် လုံးပျက်စီးရာ ဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊
28Bu yüzden yeryüzü yasa gömülecek,Gök kararacak;Çünkü ben söyledim, ben tasarladım.Fikrimi değiştirmeyecek,Verdiğim karardan dönmeyeceğim.››
28ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုဃ်းကောင်းကင်လည်း နက်လိမ့်မည်။ ငါသည် ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။
29Her kentin halkı,Atlılarla okçuların gürültüsünden kaçıyor.Kimi çalılıklara giriyor,Kimi kayalıklara tırmanıyor.Bütün kentler terk edildi,Oralarda kimse yaşamıyor.
29မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သော အသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှ တို့ကို စွန့်ပစ်၍ နေသောသူတယောက်မျှ မရှိရ။
30Ey sen, viran olmuş kent,Kırmızı giysiler giymekle,Altın süsler bezenmekle,Gözüne sürme çekmekle ne elde edeceksin?Kendini böyle güzelleştirmen boşuna.Oynaşların seni küçümsüyor,Canını almak istiyorlar.
30သင်သည် ပျက်စီးခြင်းသို့ ရောက်သောအခါ အဘယ်သို့ပြုလိမ့်မည်နည်း။ နီမောင်းသော အဝတ်ကို ဝတ်သော်၎င်း၊ ရွှေတန်ဆာကို ဆင်သော်၎င်း၊ သင်၏ မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်၎င်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှါ ရှာကြံကြ၏။
31Sancı çeken kadının haykırışını,İlk çocuğunu doğuran kadının çektiği acıyı,Ellerini uzatmış, soluğu kesilmiş Siyon kızının,‹‹Eyvah! Katillerin karşısında bayılıyorum››Diye haykırdığını işitir gibi oldum.
31အကယ်စင်စစ် သားဘွားသော မိန်းမညည်းသံ၊ သားဦးဘွားသော မိန်းမ၏ဝေဒနာခံရာ အသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့ သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ် များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကို ဖြန့်၍ ငိုကြွေးလျက်နေ၏။