1RAB Ammonlulara ilişkin şöyle diyor: ‹‹İsrailin çocukları yok mu?Yok mu mirasçısı?Öyleyse neden ilah Molek Gadı mülk edindi?Neden onun halkı Gad kentlerinde oturuyor?
1အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။
2İşte bu nedenle›› diyor RAB,‹‹Ammonluların Rabba Kentine karşıSavaş narasını işittireceğim günler geliyor.Rabba ıssız bir höyük olacak,Köyleri ateşe verilecek.Böylece İsrail, kendisini mülk edinenleriMülk edinecek›› diyor RAB.
2ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
3‹‹Haykır, ey Heşbon!Ay Kenti yıkıldı!Feryat edin, ey Rabba kızları!Çul sarınıp yas tutun.Duvarların arasında oraya buraya koşuşun.Çünkü Molek kâhinleri ve görevlileriyle birlikteSürgüne gönderilecek.
3အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
4Verimli vadilerinle ne kadar övünüyorsun,Ey dönek kız!Servetine güvenerek,‹Bana kim saldırabilir?› diyorsun.
4ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။
5Bütün çevrendenDehşet saçacağım üzerine››Diyor Her Şeye Egemen Egemen RAB.‹‹Her biriniz apar topar sürülecek,Kaçkınları toplayan olmayacak.
5ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။
6Ama sonra AmmonlularıEski gönencine kavuşturacağım›› diyor RAB.
6သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
7Her Şeye Egemen RAB Edoma ilişkin şöyle diyor: ‹‹Teman Kentinde bilgelik kalmadı mı artık?Akıllı kişilerde öğüt tükendi mi?Bilgelikleri yozlaştı mı?
7ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည် ဆုံးသလော။
8Kaçın, geri dönün, derinliklere sığının,Ey Dedanda yaşayanlar!Çünkü Esavı cezalandırdığımdaBaşına felaket getireceğim.
8အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။
9Üzüm toplayanlar bağına girseydi,Birkaç salkım bırakmazlar mıydı?Gece hırsızlar gelselerdi,Yalnızca gereksindiklerini çalmazlar mıydı?
9စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
10Oysa ben Esavı çırılçıplak soyacak,Gizli yerlerini açığa çıkaracağım,Gizlenemeyecek.Çocukları, akrabaları, komşularıYıkıma uğrayacak.Kendisi de yok olacak!
10ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။
11Öksüz çocuklarını bırak,Ben yaşatırım onları.Dul kadınların da bana güvensinler.››
11သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။
12RAB diyor ki,‹‹Hak etmeyenler bile kâseyi içmek zorundayken,Sen mi cezasız kalacaksın?Hayır, cezasız kalmayacaksın,Kesinlikle içeceksin kâseyi.
12ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည် မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက် ရမည်။
13Adım üzerine ant içerim ki›› diyor RAB,‹‹Bosra dehşet konusu olacak, yerilecek,Viraneye dönecek, aşağılanacak.Bütün kentleri sonsuza dek yıkık kalacak.››
13ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ် ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
14RABden bir haber aldım:Uluslara gönderdiği haberci,‹‹Edoma saldırmak için toplanın,Savaşa hazırlanın!›› diyor.
14ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။
15‹‹Bak, seni uluslar arasında küçük düşüreceğim,İnsanlar seni hor görecek.
15တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
16Saçtığın dehşet ve yüreğindeki gururSeni aldattı.Sen ki, kaya kovuklarında yaşıyor,Tepenin doruğunu elinde tutuyorsun.Yuvanı kartal gibi yükseklerde kursan da,Oradan indireceğim seni›› diyor RAB. Edomun başkentinin adıydı.
16ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။
17‹‹Edom dehşet konusu olacak,Oradan geçen herkes şaşkın şaşkın bakıpBaşına gelen belalardan ötürüOnunla alay edecek.
17ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
18Sodomla Gomorayı ve çevredeki köyleriNasıl yerle bir ettimse›› diyor RAB,‹‹Orada da kimse oturmayacak,İnsan oraya yerleşmeyecek.
18သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
19‹‹Şeria çalılıklarındanSulak otlağa çıkan aslan gibiEdomu bir anda yurdundan kovacağım.Seçeceğim kişiyi ona yönetici atayacağım.Var mı benim gibisi?Var mı bana dava açacak biri,Bana karşı duracak çoban?››
19ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
20Bu yüzden RABbin Edoma karşı ne tasarladığını,Temanda yaşayanlara karşı ne amaçladığını işitin:‹‹Sürünün küçükleri bile sürülecek,Halkı yüzünden Edom otlakları çöle dönüştürülecek.
20သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
21Yıkılışlarının gürültüsünden yeryüzü titreyecek,Çığlıkları Kızıldenize dek duyulacak.
21သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။
22Düşman kartal gibi üzerlerine çullanacak,Kanatlarını Bosraya karşı açacak.O gün Edomlu askerlerin yüreği,Doğum sancısı çeken kadının yüreği gibi olacak.››
22ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
23Şama ilişkin: ‹‹Hama ve Arpat utanacak,Çünkü kötü haber işittiler.Korkudan eridiler,Sessiz duramayan deniz gibiKaygıyla sarsıldılar.
23ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။
24‹‹Şam güçsüz düştü,Kaçmak için döndü;Telaşa kapıldı,Doğuran kadın gibiSancı ve acılar sardı onu.
24ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
25Nasıl oldu da sevinç bulduğum ünlü kentTerk edilmedi?
25အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
26Bu yüzden gençleri meydanlarda düşecek,Bütün savaşçıları susturulacak o gün››Diyor Her Şeye Egemen RAB.
26သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်။
27‹‹Şam surlarını ateşe vereceğim,Yakıp yok edecek Ben-Hadatın saraylarını.››
27ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
28Babil Kralı Nebukadnessarın bozguna uğrattığı Kedar ve Hasor krallıklarına ilişkin RAB şöyle diyor: ‹‹Kalkın, Kedara saldırın,Doğu halkını yok edin.
28ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
29Çadırlarıyla sürüleri alınacak,Çadır perdeleri,Eşyalarıyla develeri alınıp götürülecek.İnsanlar, ‹Her yer dehşet içinde!› diye bağıracaklar onlara.
29သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
30Kaçın, uzaklaşın!Derinliklere sığının,Ey Hasorda oturanlar!›› diyor RAB.‹‹Çünkü Babil Kralı NebukadnessarSize düzen kurdu;Sizin için bir tasarısı var.
30ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော် ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။
31Kalkın, tasasız ve güvenlik içindeYaşayan ulusa saldırın›› diyor RAB.‹‹Onun kent kapıları, sürgüleri yok,Halkı tek başına yaşıyor.
31ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။
32Develeri yağma edilecek,Sayısız sürüleri çapul malı olacak.Zülüflerini kesenleriDört yana dağıtacağım,Her yandan felaket getireceğim başlarına›› diyor RAB.
32သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
33‹‹Çakalların uğrağı Hasor,Sonsuza dek viran kalacak,Orada kimse oturmayacak,İnsan oraya yerleşmeyecek.››
33ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။
34Yahuda Kralı Sidkiyanın krallığının başlangıcında RABbin Peygamber Yeremyaya bildirdiği Elama ilişkin söz şudur:
34ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊
35Her Şeye Egemen RAB diyor ki,‹‹Bakın, Elamın yayını,Asıl gücünü kıracağım.
35ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။
36Üzerine göğün dört ucundanDört rüzgarı gönderecek,Halkını bu rüzgarlara dağıtacağım.Elam sürgünlerinin gitmediğiBir ulus kalmayacak.
36အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။
37Düşmanlarının önünde,Can düşmanlarının önündeElamı darmadağın edeceğim.Başlarına felaket gönderecek,Şiddetli öfkemi yağdıracağım›› diyor RAB,‹‹Onları büsbütün yok edene dekPeşlerine kılıcı salacağım.
37ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
38Elamda tahtımı kuracak,Elam Kralıyla önderleriniYok edeceğim›› diyor RAB.
38ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
39‹‹Ama son günlerdeElam'ı eski gönencine kavuşturacağım›› diyor RAB.
39သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။