Turkish

Myanmar

Job

16

1Eyüp şöyle yanıtladı:
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2‹‹Buna benzer çok şey duydum,Oysa siz avutmuyor, sıkıntı veriyorsunuz.
2ထိုသို့သောစကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူဖြစ်ကြပါသည်တကား။
3Boş sözleriniz hiç sona ermeyecek mi?Nedir derdiniz, boyuna karşılık veriyorsunuz?
3အချည်းနှီးသော စကားမကုန်နိုင်သလော။ သင်သည်စကားတုံ့ပြန်ပြောခြင်းငှါ အဘယ်ကြောင့် ရဲရင့်သနည်း။
4Yerimde siz olsaydınız,Ben de sizin gibi konuşabilirdim;Size karşı güzel sözler dizer,Başımı sallayabilirdim.
4သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
5Ağzımdan çıkan sözlerle yüreklendirir,Dudaklarımdan dökülen avutucu sözlerle yatıştırırdım sizi.
5ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။
6‹‹Konuşsam bile acım dinmez,Sussam ne değişir?
6ယခုမှာငါသည် ပြောသော်လည်းမသက်သာ၊ မပြောဘဲနေလျှင်လည်း ခြားနားခြင်းမရှိ။
7Ey Tanrı, beni tükettin,Bütün ev halkımı dağıttın.
7ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေတော်မူပြီ။ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။
8Beni sıkıp buruşturdun, bana karşı tanık oldu bu;Zayıflığım kalkmış tanıklık ediyor bana karşı.
8ငါ့ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
9Tanrı öfkeyle saldırıp parçalıyor beni,Dişlerini gıcırdatıyor bana,Düşmanım gözlerini üzerime dikiyor.
9အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။
10İnsanlar bana dudak büküyor,Aşağılayarak tokat atıyor,Birleşiyorlar bana karşı.
10သူတပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကိုပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေးကြ၏။
11Tanrı haksızlara teslim ediyor beni,Kötülerin kucağına atıyor.
11ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။
12Ben rahat yaşıyordum, ama Tanrı paraladı beni,Boynumdan tutup yere çaldı.Beni hedef yaptı kendine.
12ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။
13Okçuları beni kuşatıyor,Acımadan böbreklerimi deşiyor,Ödümü yerlere döküyor.
13မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။
14Bedenimde gedik üstüne gedik açıyor,Dev gibi üzerime saldırıyor.
14ငါ့ကိုအထပ်ထပ်ဆွဲဖြတ်၍၊ သူရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်လာတော်မူ၏။
15‹‹Giymek için çul diktim,Gururumu ayak altına aldım.
15ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေအဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွှံ့နှင့်လူးပြီ။
16Ağlamaktan yüzüm kızardı,Gözlerimin altı morardı.
16ငိုခြင်းအားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။
17Yine de ellerim şiddetten uzak,Duam içtendir.
17သို့သော်လည်းငါ့လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သန့်ရှင်း၏။
18‹‹Ey toprak, kanımı örtme,Feryadım asla dinmesin.
18အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါနှင့်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။
19Daha şimdiden tanığım göklerde,Beni savunan yücelerdedir.
19ဤအမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ် မှာ ရှိ၏။
20Dostlarım benimle eğleniyor,Gözlerim Tanrıya yaş döküyor;
20ငါ့သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။ ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရားသခင့်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။
21Tanrı kendisiyle insan arasındaİnsanoğluyla komşusu arasında hak arasın diye.
21လူသည် မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့် ဆွေးနွေးရသောအခွင့်ရှိပါစေသော။
22‹‹Çünkü birkaç yıl sonra,Dönüşü olmayan yolculuğa çıkacağım.
22နှစ်ပေါင်းမကြာမမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရတော့မည်။