Turkish

Myanmar

Job

21

1Eyüp şöyle yanıtladı:
1ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2‹‹Sözümü dikkatle dinleyin,Bana verdiğiniz avuntu bu olsun.
2ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
3Bırakın ben de konuşayım,Ben konuştuktan sonra alay edin.
3ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
4‹‹Yakınmam insana mı karşı?Niçin sabırsızlanmayayım?
4ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
5Bana bakın da şaşın,Elinizi ağzınıza koyun.
5ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
6Bunu düşündükçe içimi korku sarıyor,Bedenimi titreme alıyor.
6ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7Kötüler niçin yaşıyor,Yaşlandıkça güçleri artıyor?
7လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
8Çocukları sapasağlam çevrelerinde,Soyları gözlerinin önünde.
8သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
9Evleri güvenlik içinde, korkudan uzak,Tanrının sopası onlara dokunmuyor.
9သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
10Boğalarının çiftleşmesi hiç boşa çıkmaz,İnekleri hep doğurur, hiç düşük yapmaz.
10သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
11Çocuklarını sürü gibi salıverirler,Yavruları oynaşır.
11သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
12Tef ve lir eşliğinde şarkı söyler,Ney sesiyle eğlenirler.
12သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
13Ömürlerini bolluk içinde geçirir,Esenlik içinde ölüler diyarına inerler.
13ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
14Tanrıya, ‹Bizden uzak dur!› derler,‹Yolunu öğrenmek istemiyoruz.
14ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
15Her Şeye Gücü Yeten kim ki, Ona kulluk edelim?Ne kazancımız olur Ona dua etsek?›
15အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
16Ama zenginlikleri kendi ellerinde değil.Kötülerin öğüdü benden uzak olsun.
16သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
17‹‹Kaç kez kötülerin kandili söndü,Başlarına felaket geldi,Tanrı öfkelendiğinde paylarına düşen kederi verdi?
17မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
18Kaç kez rüzgarın sürüklediği saman gibi,Kasırganın uçurduğu saman çöpü gibi oldular?
18သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
19‹Tanrı babaların cezasını çocuklarına çektirir› diyorsunuz,Kendilerine çektirsin de bilsinler nasıl olduğunu.
19ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
20Yıkımlarını kendi gözleriyle görsünler,Her Şeye Gücü Yetenin gazabını içsinler.
20ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
21Çünkü sayılı ayları sona erinceGeride bıraktıkları aileleri için niye kaygı çeksinler?
21သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
22‹‹En yüksektekileri bile yargılayan TanrıyaKim akıl öğretebilir?
22မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
23Biri gücünün doruğunda ölür,Büsbütün rahat ve kaygısız.
23တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
24Bedeni iyi beslenmiş,İlikleri dolu.
24သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
25Ötekiyse acı içinde ölür,İyilik nedir hiç tatmamıştır.
25တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
26Toprakta birlikte yatarlar,Üzerlerini kurt kaplar.
26နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
27‹‹Bakın, düşüncelerinizi,Bana zarar vermek için kurduğunuz düzenleri biliyorum.
27သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
28‹Büyük adamın evi nerede?› diyorsunuz,‹Kötülerin çadırları nerede?›
28အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
29Yolculara hiç sormadınız mı?Anlattıklarına kulak asmadınız mı?
29ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
30Felaket günü kötü insan esirgenir,Gazap günü ona kurtuluş yolu gösterilir.
30ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
31Kim davranışını onun yüzüne vurur?Kim yaptığının karşılığını ona ödetir?
31သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
32Mezarlığa taşınır,Kabri başında nöbet tutulur.
32သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
33Vadi toprağı tatlı gelir ona,Herkes ardından gider,Önüsıra gidenlerse sayısızdır.
33သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
34‹‹Boş laflarla beni nasıl avutursunuz?Yanıtlarınızdan çıkan tek sonuç yalandır.››
34သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။