1‹‹Ama şimdi, yaşı benden küçük olanlarBenimle alay etmekte,Oysa babalarını sürümün köpeklerininYanına koymaya tenezzül etmezdim.
1ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည် ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ့ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
2Çünkü güçleri tükenmişti,Bileklerinin gücü ne işime yarardı?
2သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
3Yoksulluktan, açlıktan bitkindiler,Akşam çölde, ıssız çorak yerlerde kök kemiriyorlardı.
3ဆင်းရဲငတ်မွတ်သောကြောင့်၊ သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်နှင့် လူဆိတ်ညံရာ အရပ်သို့ ပြေးကြ၏။
4Çalılıklarda karapazı topluyor,Retem kökü yiyorlardı.
4စားစရာဘို့ ချုံဖုတ်နားမှာ မလွှမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း တူးကြ၏။
5Toplumdan kovuluyorlardı,İnsanlar hırsızmışlar gibi onlara bağırıyordu.
5လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုးကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်ကြ၏။
6Korkunç vadilerde, yerdeki deliklerde,Kaya kovuklarında yaşıyorlardı.
6ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေတွင်း၊ ကျောက်ခေါင်း၌ နေကြ၏။
7Çalıların arasında anırır,Çalı altında birbirine sokulurlardı.
7ချုံဖုတ်အောက်မှာ မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေကြ၏။
8Aptalların, adı sanı belirsiz insanların çocuklarıydılar,Ülkeden kovulmuşlardı.
8လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။
9‹‹Şimdiyse destan oldum dillerine,Ağızlarına doladılar beni.
9ယခုမူကား၊ ငါသည်သူတို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
10Benden tiksiniyor, uzak duruyorlar,Yüzüme tükürmekten çekinmiyorlar.
10ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာကို တံတွေးနှင့် မထွေးဘဲ မနေကြ။
11Tanrı ipimi çözüp beni alçalttığı içinDizginsiz davranmaya başladılar bana.
11ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
12Sağımdaki ayak takımı üzerime yürüyor,Ayaklarımı kaydırıyor,Bana karşı rampalar kuruyorlar.
12သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်းကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။
13Yolumu kesiyor,Kimseden yardım görmedenBeni yok etmeye çalışıyorlar.
13ငါ့လမ်းကို ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင် သတိပေးသောသူမရှိ။
14Koca bir gedikten girer gibi ilerliyor,Yıkıntılar arasından üzerime yuvarlanıyorlar.
14ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ငါ့ထံသို့ တဟုန်တည်း ပြေးလာကြ၏။
15Dehşet çöktü üzerime,Onurum rüzgara kapılmış gibi uçtu,Mutluluğum bulut gibi geçip gitti.
15ကြောက်မက်ဘွယ်သော အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဃ်းတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
16‹‹Şimdi tükeniyorum,Acı günler beni ele geçirdi.
16ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။
17Geceleri kemiklerim sızlıyor,Beni kemiren acılar hiç durmuyor.
17ညဉ့်အခါ ငါ့အရိုးတို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာခြင်းမရှိရကြ။
18Tanrının şiddetiÜzerimdeki giysiye dönüştü,Gömleğimin yakası gibi beni sıkıyor.
18ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့ ငါ့ကိုစည်းလျက်နေ၏။
19Beni çamura fırlattı,Toza, küle döndüm.
19ငါ့ကိုရွှံ့ထဲသို့ တွန်းချတော်မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
20‹‹Sana yakarıyorum, ama yanıt vermiyorsun,Ayağa kalktığımda gözünü bana dikiyorsun.
20ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြားတော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်တော်မမူ။
21Bana acımasız davranıyor,Bileğinin gücüyle beni eziyorsun.
21အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍၊ အားကြီးသော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။
22Beni kaldırıp rüzgara bindiriyorsun,Fırtınanın içinde darma duman ediyorsun.
22အကျွန်ုပ်ကို ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာကို ဖြုတ်လွှင့်တော်မူ၏။
23Biliyorum, beni ölüme,Bütün canlıların toplanacağı yere götüreceksin.
23သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
24‹‹Kuşkusuz düşenin dostu olmaz,Felakete uğrayıp yardım istediğinde.
24ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော် မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
25Sıkıntıya düşenler için ağlamaz mıydım?Yoksullar için üzülmez miydim?
25အမှုရောက်သော သူအတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။ ဆင်းရဲသောသူအတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်လော။
26Ama ben iyilik beklerken kötülük geldi,Işık umarken karanlık geldi.
26သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
27İçim kaynıyor, rahatım yok,Önümde acı günler var.
27ငါ့အသည်းသည် ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ့ကိုတွေ့မိပြီ။
28Yaslı yaslı dolaşıyorum, güneş yok,Topluluk içinde kalkıp feryat ediyorum.
28နေရောင်ကွယ်၍ မှောင်မိုက်၌ လှည့်လည်ရ၏။ပရိသတ်အလယ်၌ မတ်တတ်နေ၍ ကြွေးကြော်ရ၏။
29Çakallarla kardeş,Baykuşlarla arkadaş oldum.
29မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော်ရ၏။
30Derim karardı, soyuluyor,Kemiklerim ateşten yanıyor.
30အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။ ငါ့စောင်းသည် ညည်းတွားသောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေးတတ်၏။
31Lirimin sesi yas feryadına,Neyimin sesi ağlayanların sesine döndü.