Turkish

Myanmar

Joshua

22

1Bundan sonra Yeşu, Ruben ve Gad oymaklarıyla Manaşşe oymağının yarısını topladı.
1တဖန် ယောရှုသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ကို ခေါ်၍၊
2Onlara, ‹‹RABbin kulu Musanın size buyurduğu her şeyi yaptınız›› dedi, ‹‹Benim bütün buyruklarımı da yerine getirdiniz.
2ထာဝရဘုရား၏ကျွန် မောရှေမှာထားသမျှ အတိုင်း၊ သင်တို့သည် ပြု၍၊ ငါမှာထားသမျှသော စကား ကိုလည်း နားထောင်ကြပြီ။
3Bugüne dek, bunca zaman kardeşlerinizi yalnız bırakmadınız; Tanrınız RABbin sizi yükümlü saydığı buyruğu yerine getirdiniz.
3ယနေ့တိုင်အောင် ကြာမြင့်စွာသောကာလပတ် လုံး သင်တို့သည် ညီအစ်ကိုများကို မစွန့်ဘဲနေ၍၊ သင်တို့ ဘုရားသခင် ထာဝရဘုရား စီရင်မှာထားတော်မူသမျှကို စောင့်ရှောက်ကြပြီ။
4Görüyorsunuz, Tanrınız RAB, kardeşlerinize söylediği gibi, onları rahata kavuşturdu. Şimdi kalkın, RABbin kulu Musanın, Şeria Irmağının ötesinde size mülk olarak verdiği topraklardaki evlerinize dönün.
4ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက် ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့၎င်း၊ ယော်ဒန်မြစ်တဘက်၌ ထာဝရ ဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သော မြေသို့၎င်း သွားကြလော့။
5RABbin kulu Musanın size verdiği buyrukları ve Kutsal Yasayı yerine getirmeye çok dikkat edin. Tanrınız RABbi sevin, tümüyle gösterdiği yolda yürüyün, buyruklarını yerine getirin, Ona bağlı kalın, Ona candan ve yürekten hizmet edin.››
5သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာ ထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ် ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ် တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ် ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ ကြိုးစား၍ သတိပြု ကြလော့ဟု မှာထားလျက်၊
6Sonra onları kutsayıp yolcu etti. Onlar da evlerine döndüler.
6ကောင်းကြီးပေး၍ လွှတ်လိုက်လေ၏။ သူတို့ သည် ကိုယ်နေရာအိမ်သို့ သွားကြ၏။
7Musa Manaşşe oymağının yarısına Başanda toprak vermişti. Yeşu da oymağın öbür yarısına Şeria Irmağının batısında, öbür kardeşleri arasında toprak vermişti. Bu oymakları kutsayıp evlerine gönderirken,
7မနာရှေအမျိုးတဝက်အား မောရှေသည် ဗာရှန် ပြည်၌ မြေကိုပေးနှင့်ပြီ။ အမျိုးတဝက်အား ယောရှုသည် ယော်ဒန်မြစ်အနောက်ဘက်၌ သူတို့ညီအစ်ကိုများနှင့် အတူ မြေကို ပေး၏။
8‹‹Evlerinize büyük servetle, çok sayıda hayvanla, altın, gümüş, tunç, demir ve çok miktarda giysiyle dönün›› dedi, ‹‹Düşmanlarınızdan elde ettiğiniz ganimeti kardeşlerinizle paylaşın.››
8ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရ တတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကို ယူဆောင်လျက် သင်တို့နေရာ အိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသော ဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟု မှာ ထားလျက်၊ ကောင်းကြီးပေး၍ သူတို့နေရာအိမ်သို့ လွှတ် လိုက်လေ၏။
9Böylece Rubenlilerle Gadlılar ve Manaşşe oymağının yarısı, Kenan topraklarındaki Şilodan, İsraillilerin yanından ayrıldılar; RABbin buyruğu uyarınca, Musa aracılığıyla yurt edindikleri Gilat topraklarına -kendi mülkleri olan topraklara- dönmek üzere yola çıktılar.
9ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူ သည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ပိုင်ထိုက်သောမြေ၊ ဂိလဒ်ပြည်သို့ သွား ခြင်းငှါ၊ ဣသရေလအမျိုးသားရှိရာ ခါနာန်ပြည်၊ ရှိလော မြို့မှ ထွက်သွားကြ၏။
10Rubenlilerle Gadlılar ve Manaşşe oymağının yarısı, Şeria Irmağının Kenan topraklarında kalan kesimine varınca, ırmak kıyısında büyük ve gösterişli bir sunak yaptılar.
10ခါနာန်ပြည်၊ ယော်ဒန်မြစ်နားသို့ ရောက်သော အခါ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်နားမှာ ထင်ရှားစွာသော ယဇ်ပလ္လင် ကြီးကို တည်ကြ၏။
11Rubenlilerle Gadlılar ve Manaşşe oymağının yarısının Kenan sınırında, Şeria Irmağı kıyısında, İsraillilere ait topraklarda bir sunak yaptıklarını
11ထိုသို့ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ခါနာန်ပြည်တဘက်၊ ယော်ဒန်မြစ်နား၊ ဣသရေလအမျိုးသားကူးရာအရပ်၌ ယဇ်ပလ္လင်ကို တည် ကြပြီဟု ဣသရေလအမျိုးသားတို့သည် သိတင်းကြားကြ ၏။
12duyan İsrail topluluğu, onlara karşı savaşmak üzere Şiloda toplandı.
12ထိုသိတင်းကို ကြားသောအခါ၊ ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့သည် စစ်ချီခြင်းငှါ၊ ရှိလောမြို့၌ စည်းဝေးကြ၏။
13Ardından İsrailliler Kâhin Elazarın oğlu Pinehası Gilat bölgesine, Rubenlilerle Gadlılara ve Manaşşe oymağının yarısına gönderdiler.
13ဣသရေလအမျိုးသားတို့သည်၊
14İsrailin her oymağından birer temsilci olmak üzere on oymak önderini de onunla birlikte gönderdiler. Bunların her biri bir İsrail boyunun başıydı.
14ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်နှင့် တကွ၊ ဣသရေလအမျိုး အသီးအသီးတို့အထဲက ရွေး ကောက်၍၊ လူတထောင်ကို အုပ်သော အဆွေအမျိုး သူကြီးဆယ်ပါးတို့ကို ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်ရှိရာ ဂိလဒ်ပြည်သို့ စေလွှတ်ကြ၏။
15Gilat topraklarına, Rubenlilerle Gadlılara ve Manaşşe oymağının yarısına gelen temsilciler şunları bildirdiler:
15ထိုမင်းတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ရှိရာ ဂိလဒ်ပြည်သို့ရောက်၍၊
16‹‹RABbin topluluğu, ‹Bugün kendinize bir sunak yaparak RABbe başkaldırdınız, Onu izlemekten vazgeçtiniz› diyor, ‹İsrailin Tanrısına karşı bu hainliği nasıl yaparsınız?
16ထာဝရဘုရား၏ ပရိသတ်အပေါင်းတို့ မှာလိုက် သည်ကား၊ သင်တို့သည် ထာဝရဘုရားကို ယနေ့ပုန်ကန် ၍ ယဇ်ပလ္လင်ကို တည်သဖြင့်၊ ထာဝရဘုရားနောက်တော် သို့ မလိုက်၊ ယနေ့ လွှဲသွားခြင်းငှါ ဣသရေလအမျိုး၏ ဘုရားသခင်ကို ပြစ်မှားသောအပြစ်ကား အဘယ်သို့နည်း။
17Peorun günahı bize yetmedi mi? RABbin topluluğu onun yüzünden felakete uğradı. Bugüne dek kendimizi bu günahtan temizleyebilmiş değiliz.
17သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရအပြစ်သည် ငါတို့အဘို့ မလောက်သလော။ ထာဝရဘုရား၏ ပရိသတ် တော်၌ ဘေးကြီးရောက်သော်လည်း၊ ယနေ့တိုင်အောင် ထိုအပြစ် မရှင်းလင်းသေး။
18Bugün RABbi izlemekten vaz mı geçiyorsunuz? Eğer bugün RABbe isyan ederseniz, O da yarın bütün İsrail topluluğuna öfkelenir.
18သင်တို့သည် ထာဝရဘုရားကို ယနေ့ ပုန်ကန်၍ နက်ဖြန်နေ့ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်။
19Eğer size ait olan topraklar murdarsa, RABbin Tapınağının bulunduğu RABbe ait topraklara gelip aramızda mülk edinin. Kendinize, Tanrımız RABbin sunağından başka bir sunak yaparak RABbe ve bize karşı isyan etmeyin.
19သို့သော်လည်း သင်တို့အပိုင်ရသောမြေသည် မစင်ကြယ်လျှင်၊ ထာဝရဘုရားအပိုင်ယူတော်မူ၍၊ တဲ တော်ရှိရာမြေသို့ ကူးသဖြင့် ငါတို့နှင့်အတူ အပိုင်ယူကြ လော့။ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင် တော်မှတပါး၊ အခြားသော ယဇ်ပလ္လင်ကို ကိုယ်အဘို့ တည်၍ ထာဝရဘုရားကို မပုန်ကန်ကြနှင့်။ ငါတို့ကို လည်း မပုန်ကန်ကြနှင့်။
20Zerah oğlu Akan RABbe adanan ganimete ihanet ettiğinde, bütün İsrail topluluğu RABbin öfkesine uğramadı mı? Akanın günahı yalnız kendisini ölüme götürmekle kalmadı!› ››
20ဇေရသား အာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ် အပေါင်းတို့အပေါ်မှာ ရောက်သည် မဟုတ်လော။ ထိုသူ သည် ပြစ်မှားသောအပြစ်ကြောင့် တယောက်တည်းသာ သေရသည် မဟုတ်ဟု ဆိုကြ၏။
21Rubenlilerle Gadlılar ve Manaşşe oymağının yarısı, İsrail boy başlarına şöyle karşılık verdiler:
21ထိုအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တို့သည် ဣသရေလအမျိုးတွင် လူတထောင်စီအုပ် သော အကဲအမှူးတို့အား ပြန်ပြောလေသည်မှာ၊
22‹‹Tanrıların Tanrısı RAB, tanrıların Tanrısı RAB her şeyi biliyor; İsrail de bilecek. Eğer yaptığımızı, RABbe isyan etmek ya da Ona ihanet etmek için yaptıysak, ya RAB, bugün bizi esirgeme!
22မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
23Eğer sunağı, RABbi izlemekten vazgeçip yakmalık sunular ve tahıl ya da esenlik sunuları sunmak için yaptıysak, RAB bizden hesap sorsun.
23ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော် သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာကို ပူဇော်မည်အကြံ ရှိလျှင်လည်း ထာဝရဘုရားသည် ကိုယ်တော်တိုင် စစ် ကြောတော်မူပါစေ။
24Bunu yaparken kaygımız şuydu: Oğullarınız ilerde bizim oğullarımıza, ‹İsrailin Tanrısı RAB ile ne ilginiz var?
24နောင်ကာလ၌ သင်တို့သားမြေးတို့က၊ အိုရုဗင် အမျိုးသား၊ ဂဒ်အမျိုးသားတို့၊ သင်တို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သို့ ဆိုင် ကြသနည်း။
25Ey Rubenliler ve Gadlılar, RAB Şeria Irmağını sizinle bizim aramızda sınır yaptı. Sizin RABde hiçbir payınız yoktur› diyebilir, oğullarımızı RABbe tapmaktan alıkoyabilirler.
25ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့ သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သား မြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲ နေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟု စိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။
26Bu nedenle, kendimize bir sunak yapalım dedik. Yakmalık sunu ya da kurban sunmak için değil,
26သို့ဖြစ်၍ ငါတို့သည် ယဇ်ပလ္လင်ကို တည်ခြင်းငှါ ပြင်ကြကုန်အံ့ဟု ဆိုကြသောအခါ၊ မီးရှို့ရာယဇ်အစရှိ သော ယဇ်မျိုးကို ပူဇော်မည်အကြံရှိသည်မဟုတ်။
27yalnız sizinle bizim aramızda ve bizden sonra gelecek kuşaklar arasında bir tanık olması için yaptık. Böylece RABbin Tapınağında yakmalık sunularla, kurbanlarla ve esenlik sunularıyla RABbe tapınacağız. Oğullarınız da ilerde bizim oğullarımıza, ‹RABde hiçbir payınız yok› diyemeyecekler.
27ငါတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုး၊ မိဿဟာယ ပူဇော်သက္ကာအမျိုးမျိုးကို ပြုသဖြင့်၊ ထာဝရ ဘုရားအမှုကို ရှေ့တော်၌ ဆောင်ရွက်ခြင်းငှါ၎င်း၊ နောင် ကာလ၌ သင်တို့သားမြေးတို့က၊ သင်တို့သည် ထာဝရ ဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား မပြောစေခြင်းငှါ၎င်း၊ ဤယဇ်ပလ္လင်သည် ငါတို့နှင့် သင်တို့စပ်ကြား၊ ငါတို့သားမြေးနှင့် သင်တို့သားမြေးစပ် ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်ကြပါပြီ။
28Şöyle düşündük: İlerde bize ya da gelecek kuşaklarımıza böyle bir şey diyecek olurlarsa, biz de, ‹Atalarımızın RAB için yaptığı sunağın örneğine bakın› deriz. ‹Yakmalık sunu ya da kurban sunmak için değildir bu. Sizinle bizim aramızdaki birliğin tanığıdır.›
28နောင်ကာလ၌ သူတို့သည် ငါတို့နှင့် ငါတို့သား မြေးတို့အား ထိုသို့ပြောဆိုလျှင်၊ ငါတို့က ငါတို့အဘတို့သည် မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးကို ပူဇော်ခြင်းငှါမဟုတ်၊ ငါတို့နှင့်သင်တို့စပ်ကြားမှာ သက်သေဖြစ်စေခြင်းငှါ တည်သော ထာဝရဘုရား၏ ယဇ်ပလ္လင်ပုံကို ကြည့်ကြ လော့ဟု ပြန်ပြောစရာအကြောင်း ရှိစေခြင်းငှါ ငါတို့သည် တိုင်ပင်ကြပြီ။
29RABbe isyan etmek, bugün RABbi izlemekten vazgeçmek, yakmalık sunu, tahıl sunusu ya da kurban sunmak için Tanrımız RABbin sunağından, tapınağının önündeki sunaktan başka bir sunak yapmak bizden uzak olsun.››
29တဲတော်ရှေ့၌ရှိသော ငါတို့ဘုရားသခင် ထာဝရ ဘုရား၏ ယဇ်ပုလ္လင်တော်မှတပါး အခြားသောယဇ်ပုလ္လင် ကို တည်၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုး၊ ဘောဇဉ် ပူဇော်သက္ကာမျိုးကို ပြုသဖြင့်၊ ထာဝရဘုရားကို ပုန်ကန်၍ နောက်တော်သို့မလိုက် လွှဲသွားခြင်းအမှုသည် ငါတို့နှင့် ဝေးပါစေသောဟု ပြန်ပြောကြ၏။
30Kâhin Pinehas ve onunla birlikte olan topluluk önderleri, yani İsrailin boy başları, Rubenlilerle Gadlıların ve Manaşşelilerin söylediklerini duyunca hoşnut kaldılar.
30ယဇ်ပုရောဟိတ်ဖိနဟတ်နှင့် ပရိသတ်မင်းများ၊ ဣသရေလအမျိုး၌ လူတထောင်စီအုပ်သော အကဲအမှူး များတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့ ပြောသောစကားကို ကြားရသောအခါ အားရကြ၏။
31Bunun üzerine Kâhin Elazarın oğlu Pinehas, Rubenlilerle Gadlılara ve Manaşşelilere, ‹‹Şimdi RABbin aramızda olduğunu biliyoruz›› dedi, ‹‹Çünkü Ona ihanet etmediniz. Böylece İsraillileri Onun elinden kurtardınız.››
31ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်က လည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသော ကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်း ကို ယနေ့ ငါတို့ သိမြင်ကြ၏။ သင်တို့သည် ဣသရေလ အမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ် လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသား တို့အား ပြောဆိုကြ၏။
32Kâhin Elazarın oğlu Pinehas ve önderler, Rubenlilerle Gadlıların bulunduğu Gilat topraklarından Kenan topraklarına, İsraillilerin yanına dönüp olan biteni anlattılar.
32ထိုအခါ ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ် နှင့် မင်းများတို့သည် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေရာ ဂိလဒ်ပြည်မှ ဣသရေလအမျိုးသားနေရာ ခါနာန်ပြည်သို့ ပြန်လာ၍ သိတင်းကြားပြောသဖြင့်၊
33Anlatılanlardan hoşnut kalan İsrailliler Tanrıya övgüler sundular. Rubenlilerle Gadlıların yaşadıkları toprakların üzerine yürüyüp savaşmaktan ve orayı yakıp yıkmaktan bir daha söz etmediler.
33ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်း ရှိ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည် ကို လုပ်ကြံအံ့သောငှါ စစ်ချီမည်ဟု အကြံမရှိကြ။
34Rubenliler'le Gadlılar, ‹‹Bu sunak RAB'bin Tanrı olduğuna sizinle bizim aramızda tanıktır›› diyerek sunağa ‹‹Tanık›› adını verdiler.
34ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရ ဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ် ပုလ္လင်သည် ငါတို့စပ်ကြားမှာ သက်သေခံပါစေသောဟု ဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။