1Sabah erkenden kalkan Yeşu, bütün İsrail halkıyla birlikte Şittimden yola çıkıp Şeria Irmağına kadar geldi. Irmağı geçmeden orada konakladılar.
1ယောရှုသည် နံနက်စောစောထ၍ ဣသရေလ အမျိုးသားအပေါင်းတို့နှင့်တကွ ရှိတ္တိမ်မြို့မှပြောင်း၍ ယော်ဒန်မြစ်ကို မကူးမှီ မြစ်နားတွင် စားခန်းချကြ၏။
2Üçüncü günün sonunda ordugahı baştan başa geçen görevliler
2သုံးရက်စေ့သောအခါ၊ တပ်မှူးတို့သည် တပ်တ ရှောက်လုံးသို့သွား၍၊
3halka, ‹‹Levili kâhinlerin Tanrınız RABbin Antlaşma Sandığını yüklendiklerini gördüğünüzde siz de yerinizden kalkıp sandığı izleyin›› diye buyurdular,
3သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို၎င်း၊ သေတ္တာထမ်းသော ယဇ်ပုရောဟိတ် လေဝိသားတို့ကို၎င်း မြင်လျှင်၊ သင်တို့သည် နေရာ ပြောင်း၍ လိုက်ရကြမည်။
4‹‹Böylece hangi yöne gideceğinizi bileceksiniz. Çünkü daha önce bu yoldan hiç geçmediniz. Ama Antlaşma Sandığına yaklaşmayın; sandıkla aranızda iki bin arşın kadar bir aralık kalsın.››
4သေတ္တာတော်နှင့် သင်တို့စပ်ကြားကို အတောင် နှစ်ထောင်ခြား၍ ခရီးကွာစေရမည်။ လိုက်ရသောလမ်း ကို သိမည်အကြောင်း၊ သေတ္တာတော်အနီးသို့ မချဉ်းဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမလိုက်ကြ သေးဟု လူအပေါင်းတို့အား မှာထားကြ၏။
5Yeşu halka, ‹‹Kendinizi kutsayın›› dedi, ‹‹Çünkü RAB yarın aranızda mucizeler yaratacak.››
5ယောရှုကလည်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သန့်ရှင်းစေကြလော့။ အကြောင်းမူကား၊ နက်ဖြန်နေ့၌ ထားဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့တွင် ပြုတော်မူမည်ဟု လူများတို့အား မှာထားလေ၏။
6Yeşu kâhinlere, ‹‹Antlaşma Sandığını yüklenip halkın önüne geçin›› dedi. Böylece kâhinler sandığı yüklenip halkın önünde yürümeye başladılar.
6တဖန် ယဇ်ပုရောဟိတ်တို့ကို ခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်၊ လူများရှေ့ သို့ကူးသွားကြလော့ဟု ယောရှုဆိုသည့်အတိုင်း သူတို့သည် ပဋိညာဉ်သေတ္တာတော် ကိုထမ်း၍လူများရှေ့သို့ သွားကြ၏။
7Bu arada RAB Yeşuya şöyle dedi: ‹‹Musayla birlikte olduğum gibi, seninle de birlikte olduğumu anlamaları için bugün seni bütün İsrail halkının gözünde yüceltmeye başlayacağım.
7ထာဝရဘုရားကလည်း၊ ယောရှုကိုခေါ်၍ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည် ကို ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြမည် အကြောင်း၊ သူတို့မျက်မှောက်၌ သင့်ကို ယနေ့ ငါချီးမြှင့် စပြုမည်။
8Antlaşma Sandığını taşıyan kâhinlere, ‹Şeria Irmağının kıyısına varınca suda biraz ilerleyip durun› diye buyruk ver.››
8ပဋိညာဉ်သေတ္တာကို ထမ်းသော ယဇ်ပုရော ဟိတ်တို့သည်၊ ယော်ဒန်မြစ်ရေနားသို့ ရောက်သောအခါ၊ ယော်ဒန်မြစ်၌ ရပ်နေရမည်အကြောင်းကို ဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
9Yeşu İsrail halkına, ‹‹Yaklaşın, Tanrınız RABbin söylediklerini dinleyin›› dedikten sonra ekledi:
9ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်ကြ လော့ဟု ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
10‹‹Yaşayan Tanrının aranızda olduğunu, Kenan, Hitit, Hiv, Periz, Girgaş, Amor ve Yevus halklarını kesinlikle önünüzden süreceğini şundan anlayacaksınız:
10အသက်ရှင်တော်မူသော ဘုရားသခင်သည် သင်တို့တွင်ရှိ၍၊ သင်တို့ရှေ့မှ ခါနနိလူ၊ ဟိတ္တိလူ၊ ဟိဝိလူ၊ ဖေရဇိလူ၊ ဂိရဂါရှိလူ၊ အာမောရိလူ၊ ယေဗုသိလူတို့ကို စင်စစ်နှင်ထုတ်တော်မူမည် အကြောင်းကို အဘယ်သို့ သိရမည်နည်းဟူမူကား၊
11Bütün yeryüzünün Egemenine ait olan Antlaşma Sandığı, sizden önce Şeria Irmağını geçecek.
11မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့မှာ၊ ယော်ဒန် မြစ်ထဲသို့ကူးသွားလိမ့်မည်။
12Şimdi her oymaktan birer kişi olmak üzere İsrail oymaklarından kendinize on iki adam seçin.
12သို့ဖြစ်၍ ဣသရေလအမျိုးများထဲက တမျိုးတ ယောက်စီ၊ လူတဆယ်နှစ်ယောက်တို့ကို ရွေးကောက်ကြ လော့။
13Bütün yeryüzünün Egemeni RABbin Antlaşma Sandığını taşıyan kâhinlerin ayakları Şeria Irmağının sularına değer değmez, yukarıdan aşağıya akan sular kesilip bir yığın halinde birikecek.››
13မြေကြီးတပြင်လုံးကို အစိုးရတော်မူသော အရှင် ထာဝရဘုရား၏ သေတ္တာတော်ကိုထမ်းသော ယဇ်ပုရော ဟိတ်ခြေဘဝါးတို့သည်၊ ယော်ဒန်မြစ်ရေကို နင်းသော ခဏခြင်းတွင်၊ မြစ်ညာရေသည် ပြတ်၍ ပုံ့ပုံ့ကြွလျက် နေလိမ့်မည်ဟု ဆိုလေ၏။
14Halk Şeria Irmağını geçmek üzere konakladığı yerden yola çıktı. Antlaşma Sandığını taşıyan kâhinler önden gidiyorlardı.
14လူများတို့သည် ယော်ဒန်မြစ်ကို ကူးအံ့သောငှါ၊ တဲတို့မှပြောင်း၍ ပဋိညာဉ်သေတ္တာကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် လူများရှေ့မှာသွားလျက်၊
15Sandığı taşıyan kâhinler ırmağın kıyısına varıp suya ayak bastıklarında -Şeria Irmağı, ekin biçme zamanında kabarır, kıyılarını basar-
15ယော်ဒန်မြစ်နားသို့ရောက်၍ ခြေဘဝါးတို့သည် လျှံသောရေကို နင်းသောအခါ၊ စပါးရိတ်ရာကာလ၌ ထိုမြစ်ရေသည် ကမ်းတရှောက်လုံးကို လျှံလေ့ရှိသော် လည်း၊
16ta yukarıdan gelen sular durdu, çok uzaklarda, Saretan yakınında bulunan Adam Kentinde bir yığın halinde yükselmeye başladı. Öyle ki, Arava -Lut- Gölüne akan sular tümüyle kesildi. Halk Erihanın karşısından ırmağı geçti.
16မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင် အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင် ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။
17RAB'bin Antlaşma Sandığı'nı taşıyan kâhinler, halkın tamamı ırmağı geçinceye dek kurumuş ırmak yatağının ortasında kıpırdamadan durdular. Böylece bütün İsrail halkı kurumuş ırmak yatağından geçti.
17လူများအပေါင်းတို့သည် ယော်ဒန်မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပုရောဟိတ်တို့သည်၊ မြစ် အလယ်တွင် မြေပေါ်၌ မြဲမြံစွာနင်း၍၊ ဣသရေလအမျိုး သားအပေါင်းတို့သည် မြေပေါ်၌ ရှောက်သွားရကြ၏။