Turkish

Myanmar

Judges

1

1İsrailliler, Yeşunun ölümünden sonra RABbe, ‹‹Bizim için Kenanlılarla savaşmaya ilk kim gidecek?›› diye sordular.
1ယောရှု အနိစ္စရောက်သောနောက်၊ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင်၊
2RAB, ‹‹Yahuda oymağı gidecek›› dedi, ‹‹Kenan ülkesini onun eline teslim ediyorum.››
2ထာဝရဘုရားက၊ ယုဒသည် ချီသွားရမည်။ ထိုပြည်ကို သူ၏လက်၌ ငါအပ်မည်ဟု မိန့်တော်မူ၏။
3Yahudaoğulları, kardeşleri Şimonoğullarına, ‹‹Kenanlılarla savaşmak için payımıza düşen bölgeye bizimle birlikte gelin›› dediler, ‹‹Sonra biz de payınıza düşen bölgeye sizinle geliriz.›› Böylece Şimonoğulları Yahudaoğullarıyla birlikte gitti.
3ယုဒသည် မိမိအစ်ကိုရှိမောင်အား၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ၏။
4Yahudaoğulları saldırıya geçti. RAB Kenanlılarla Perizlileri ellerine teslim etti. Bezekte onlardan on bin kişiyi öldürdüler.
4ယုဒ ချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတထောင်ကို သတ်လေ၏။
5Adoni-Bezekle orada karşılaşıp savaşa tutuştular, Kenanlılarla Perizlileri yenilgiye uğrattılar.
5အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့၌ တွေ့၍၊ ခါနနိလူ၊ ဖေရဇိလူတို့ကို သတ်သောအခါ၊
6Adoni-Bezek kaçtı, ama peşine düşüp onu yakaladılar; elleriyle ayaklarının başparmaklarını kestiler.
6အဒေါနိဗေဇက်သည် ပြေးလေ၏။ ယုဒလူတို့သည် လိုက်၍ ဘမ်းမိပြီးလျှင် လက်မ၊ ခြေမတို့ကို ဖြတ်ကြ၏။
7O zaman Adoni-Bezek şöyle dedi: ‹‹Elleriyle ayaklarının başparmakları kesilmiş yetmiş kral, soframdan düşen kırıntıları toplayıp yerdi. Tanrı bana onlara yaptıklarımın karşılığını veriyor.›› Adoni-Bezeki Yeruşalime götürdüler; orada öldü.
7အဒေါနိဗေဇက်ကလည်း၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည်၊ အထက်က ငါ့စားပွဲအောက်၌ စားနုပ်စားပေါက်ကို ကောက်၍ စားရကြ၏။ ငါ ပြုဘူးသည်အတိုင်း၊ ဘုရားသခင် သည် ငါ၌ အပြစ်ပေးတော်မူပြီဟု ဆို၏။ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့၍ သူသည် ထိုမြို့မှာ သေလေ၏။
8Yahudaoğulları Yeruşalime saldırıp kenti aldılar; halkı kılıçtan geçirerek kenti ateşe verdiler.
8ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ၏။
9Sonra dağlık bölgede, Negevde ve Şefelada yaşayan Kenanlılarla savaşmak üzere güneye yöneldiler.
9ထိုနောက် တောင်ပေါ်၌၎င်း၊ တောင်မျက်နှာ၌၎င်း၊ ချိုင့်ထဲ၌၎င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ၏။
10Eski adı Kiryat-Arba olan Hevronda yaşayan Kenanlıların üzerine yürüyerek Şeşay, Ahiman ve Talmayı yenilgiye uğrattılar.
10တဖန် ယုဒအမျိုးသည်၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့၌နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား၍၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို လုပ်ကြံကြ၏။
11Oradan eski adı Kiryat-Sefer olan Devir Kenti halkının üzerine yürüdüler.
11တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန်၍၊
12Kalev, ‹‹Kiryat-Sefer halkını yenip orayı ele geçirene kızım Aksayı eş olarak vereceğim›› dedi.
12ကာလက်က၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင်၊
13Kenti Kalevin küçük kardeşi Kenazın oğlu Otniel ele geçirdi. Bunun üzerine Kalev kızı Aksayı ona eş olarak verdi.
13ကာလက်ညီကေနတ်၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ၍၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
14Kız Otnielin yanına varınca, onu babasından bir tarla istemeye zorladı. Kalev, eşeğinden inen kızına, ‹‹Bir isteğin mi var?›› diye sordu.
14ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက်ကို အဘ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ၏။ အဘကာလက်က၊ အဘယ်အလိုရှိသနည်းဟုမေးလျှင်၊
15Kız, ‹‹Bana bir armağan ver›› dedi, ‹‹Madem Negevdeki toprakları bana verdin, su kaynaklarını da ver.›› Böylece Kalev yukarı ve aşağı su kaynaklarını ona verdi.
15သမီးက၊ ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ၏။
16Musanın kayınbabasının torunları olan Kenliler, Yahudaoğullarıyla birlikte Hurma Kentinden ayrılıp Aratın güneyindeki Yahuda Çölünde yaşamaya gittiler.
16မောရှေယောက္ခမ၏သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည်၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက်၊ ယုဒတောသို့ လိုက်သွား၍ နေရာကျကြ၏။
17Bundan sonra Yahudaoğulları, kardeşleri Şimonoğullarıyla birlikte gidip Sefat Kentinde oturan Kenanlıları yenilgiye uğrattılar. Kenti tümüyle yıktılar ve oraya Horma adını verdiler.
17တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား၍ ဇေဖတ်မြို့၌နေသော ခါနနိလူတို့ကို လုပ်ကြံ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင်၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ၏။
18Yahudaoğulları Gazzeyi, Aşkelonu, Ekronu ve bunlara bağlı toprakları da ele geçirdiler.
18ယုဒသည် ဂါဇမြို့နှင့် မြို့နယ်၊ အာရှကေလုန်မြို့နှင့် မြို့နယ်၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ၏။
19RAB Yahudaoğullarıyla birlikteydi. Yahudaoğulları dağlık bölgeyi ele geçirdilerse de ovada yaşayan halkı kovamadılar. Çünkü bunların demirden savaş arabaları vardı.
19ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ၍၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား၊ သူတို့သည် သံရထား ရှိကြ၏။
20Musanın sözü uyarınca Hevronu Kaleve verdiler. Kalev de Anakın üç torununu oradan sürdü.
20မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ၍၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ၏။
21Bununla birlikte Benyaminoğulları Yeruşalimde yaşayan Yevusluları kovmadılar. Yevuslular bugün de Yeruşalimde Benyaminoğullarıyla birlikte yaşıyorlar.
21ဗင်္ယာမိန်အမျိုးသားတို့သည်၊ ယေရုရှလင်မြို့၌နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့၌ နေကြသတည်း။
22Yusufun soyundan gelenler Beytelin üzerine yürüdüler. RAB onlarla birlikteydi.
22ယောသပ်အမျိုးသားတို့သည်လည်း၊ ဗေသလမြို့သို့ ချီသွား၍၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။
23Eski adı Luz olan Beytel Kenti hakkında bilgi toplamak için gönderdikleri casuslar kentten çıkan bir adam gördüler. Ona, ‹‹Kentin girişini bize gösterirsen, sana iyi davranırız›› dediler.
23လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည်၊
25Kentin girişini gösteren adamla ailesini serbest bıraktılar, kent halkını ise kılıçtan geçirdiler.
24မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင်၍၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော်၊
26Adam Hitit topraklarına göç ederek Luz adında bir kent kurdu; kent bugün de bu adla anılıyor.
25ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့်၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ၍၊ ထိုလူနှင့် သူ၏အိမ်သားအပေါင်းတို့ကို လွှတ်ကြ၏။
27Manaşşeoğulları Beytşean, Taanak, Dor, Yivleam, Megiddo ve bunların çevre köylerindeki halkı kovmadı. Çünkü Kenanlılar bu topraklarda kalmakta kararlıydı.
26ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင်၊ မြို့ကို တည်ထောင်၍ လုဇအမည်ဖြင့် သမုတ်လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
28İsrailliler Kenan halkını tümüyle kovmadılar; ama zamanla güçlenince onları angaryasına çalıştırdılar.
27မနာရှေအမျိုးသည်၊ ဗက်ရှန်မြို့ရွာများ၊ တာနက်မြို့ရွာများ၊ ဒေါရမြို့ရွာများ၊ ဣဗလံမြို့ရွာများ၊ မေဂိဒ္ဒေါမြို့ရွာများ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် အနိုင်နေကြ၏။
29Efrayimoğulları Gezerde yaşayan Kenanlıları buradan sürmediler. Kenanlılar Gezerde İsraillilerin arasında yaşadılar.
28တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ၏။
30Zevulun da Kitron ve Nahalol halklarını kovmadı. İsrailliler arasında yaşayan bu Kenanlılar angarya işler yaptılar.
29ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့၌ ရောနှောလျက် နေကြ၏။
31Aşeroğullarına gelince, onlar da Akko, Sayda, Ahlav, Akziv, Helba, Afek ve Rehov halklarını kovmadılar.
30ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
32Bu topraklardaki Kenanlıları kovmayıp onlarla birlikte yaşadılar.
31ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
33Naftali Beytşemeş ve Beytanat halkını kovmadı. Buraların halkı olan Kenanlılarla birlikte yaşayıp onları angaryasına çalıştırdı.
32အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။
34Amorlular Danoğullarını ovaya inmekten alıkoyarak dağlık bölgelerde tuttular.
33ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။ သို့ရာတွင် ဗက်ရှေမက်မြို့သား၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ၏။
35Amorlular Heres Dağında, Ayalonda ve Şaalvimde kalmakta kararlıydılar. Yusufun torunları güçlenince onları angaryasına çalıştırmaya başladılar.
34အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့်၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ။
36Amorlular'ın sınırı Akrep Geçidi'nden Sela'ya ve ötesine uzanıyordu.
35အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့၊ အာဇလုန်မြို့၊ ရှာလဗိမ်မြို့၌ အနိုင်နေကြ၏။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ၏။
36အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား၊ သေလမြို့မှစ၍ အထက်အရပ်ပေတည်း။