Turkish

Myanmar

Judges

15

1Bir süre sonra, buğday biçimi sırasında Şimşon bir oğlak alıp karısını ziyarete gitti. ‹‹Karımın odasına girmek istiyorum›› dedi. Ama kızın babası Şimşonun girmesine izin vermedi.
1နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက်၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား၍၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား၍၊
2‹‹Ondan gerçekten nefret ettiğini sanıyordum›› dedi, ‹‹Bu nedenle onu senin sağdıcına verdim. Küçük kızkardeşi ondan daha güzel değil mi? Ablasının yerine onu al.››
2သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍ လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို၏။
3Şimşon, ‹‹Bu kez Filistlilere kötülük etsem de buna hakkım var›› dedi.
3ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊
4Kıra çıkıp üç yüz çakal yakaladı. Sonra çakalları çifter çifter kuyruk kuyruğa bağladı. Kuyruklarının arasına da birer çıra sıkıştırdı.
4သွား၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက်၊ အမြီးနှစ်ခုကြား၌ မီးရှူးကို စည်း၍၊
5Çıraları tutuşturup çakalları Filistlilerin ekinlerinin arasına salıverdi. Böylece demetleri, ekinleri, bağları, zeytinlikleri yaktı.
5မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက်၍ စပါးပင်ကို၎င်း၊ ကောက်လှိုင်းကို ၎င်း၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်တို့ကို၎င်း မီးလောင်လေ၏။
6Filistliler, ‹‹Bunu kim yaptı?›› dediler, ‹‹Yapsa yapsa, Timnalının damadı Şimşon yapmıştır. Çünkü Timnalı karısını elinden alıp sağdıcına verdi.›› Sonra gidip kadınla babasını yaktılar.
6ဖိလိတ္တိလူတို့ကလည်း၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော်၊ တိမနတ်မြို့သား၏ သားမက် ရှံဆုန်ပြုပြီ။ သူ၏မယားကို သူ၏အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင်၊ ဖိလိတ္တိလူတို့သည် လာ၍ ထိုမိန်းမနှင့် သူ၏အဘကို မီးရှို့ကြ၏။
7Şimşon onlara, ‹‹Madem böyle yaptınız, sizden öcümü almadan duramam›› dedi.
7ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက်၊
8Onlara acımasızca saldırarak çoğunu öldürdü, sonra Etam Kayalığına çekilip bir mağaraya sığındı.
8သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။
9Filistliler de gidip Yahudada ordugah kurdular, Lehi yöresine yayıldılar.
9တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။
10Yahudalılar, ‹‹Neden bizimle savaşmaya geldiniz?›› diye sorunca, Filistliler, ‹‹Şimşonu yakalamaya geldik, bize yaptığının aynısını ona yapmak için buradayız›› diye karşılık verdiler.
10ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။
11Yahudalılardan üç bin kişi, Etam Kayalığındaki mağaraya giderek Şimşona, ‹‹Filistlilerin bize egemen olduklarını bilmiyor musun? Nedir bu bize yaptığın?›› dediler. Şimşon, ‹‹Onlar bana ne yaptılarsa ben de onlara öyle yaptım›› diye karşılık verdi.
11ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။
12‹‹Seni yakalayıp Filistlilere teslim etmek için geldik›› dediler. Şimşon, ‹‹Beni öldürmeyeceğinize ant için›› dedi.
12သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊
13Onlar da, ‹‹Olur, ama seni sıkıca bağlayıp onlara teslim edeceğiz›› dediler, ‹‹Söz veriyoruz, seni öldürmeyeceğiz.›› Sonra onu iki yeni urganla bağlayıp mağaradan çıkardılar.
13သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။
14Şimşon Lehiye yaklaşınca, Filistliler bağırarak ona yöneldiler. RABbin Ruhu büyük bir güçle Şimşonun üzerine indi. Şimşonun kollarını saran urganlar yanan keten gibi dağıldı, elindeki bağlar çözüldü.
14လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။
15Şimşon yeni ölmüş bir eşeğin çene kemiğini eline alıp bununla bin kişiyi öldürdü.
15သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ၏။
16Sonra şöyle dedi: ‹‹Bir eşeğin çene kemiğiyle,İki eşek yığını yaptım,Eşeğin çene kemiğiyle bin kişiyi öldürdüm.››
16သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက်၊
17Bunları söyledikten sonra çene kemiğini elinden attı. Oraya Ramat-Lehi adı verildi.
17မြည်းမေးရိုးကို ပစ်လိုက်၍၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ၏။
18Şimşon ölesiye susamıştı. RABbe şöyle yakardı: ‹‹Kulunun eliyle büyük bir kurtuluş sağladın. Ama şimdi susuzluktan ölüp sünnetsizlerin eline mi düşeceğim?››
18အလွန်ရေငတ်၍ ထာဝရဘုရားကို ဆုတောင်းလျက်၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော်၏ကျွန်လက်၌ ပေးတော်မူပြီးမှ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော်၊
19Bunun üzerine Tanrı Lehideki çukuru yardı. Çukurdan su fışkırdı. Şimşon suyu içince canlanıp güçlendi. Suyun çıktığı yere Eyn-Hakkore adını verdi. Pınar bugün de Lehide duruyor.
19လေဟိအရပ်၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။ သို့ဖြစ်၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင်၍ ယနေ့တိုင်အောင် လေဟိအရပ်၌ ရှိသတည်း။
20Şimşon Filistliler'in egemenliği sırasında İsrailliler'e yirmi yıl önderlik yaptı.
20ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ၏။