Turkish

Myanmar

Judges

21

1İsrailliler Mispada, ‹‹Bizden hiç kimse Benyaminoğullarına kız vermeyecek›› diye ant içmişlerdi.
1ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား၌ မပေးစားရမည် အကြောင်း၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
2Halk Beytele geldi. Akşama dek orada, Tanrının önünde oturup hıçkıra hıçkıra ağladılar.
2လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ၍ ဘုရားသခင့် ရှေ့တော်၌ ညဦးတိုင်အောင် နေလျက်၊ အသံကို လွှင့်၍ ငိုကြွေးလျက်၊-
3‹‹Ey İsrailin Tanrısı RAB!›› dediler, ‹‹Bugün İsrailden bir oymağın eksilmesine yol açan böyle bir şey neden oldu?››
3အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ၏။
4Ertesi gün erkenden kalkıp bir sunak yaptılar, orada yakmalık sunular ve esenlik sunuları sundular.
4နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင်၊ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ၏။
5İsrailliler, ‹‹RABbin önüne çıkmak üzere toplandığımızda İsrail oymaklarından bize kimler katılmadı?›› diye sordular. Çünkü Mispada, RABbin önünde toplandıklarında kendilerine katılmayanların kesinlikle öldürüleceğine dair ant içmişlerdi.
5ဣသရေလအမျိုးသားတို့ကလည်း၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်း မူကား၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။
6İsrailliler Benyaminli kardeşleri için çok üzülüyorlardı. ‹‹İsrail bugün bir oymağını yitirdi›› dediler,
6ဣသရေလအမျိုးသားတို့သည်လည်း၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက်၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ။
7‹‹Sağ kalanlara eş olacak kızları bulmak için ne yapsak? Çünkü kızlarımızdan hiçbirini onlara eş olarak vermeyeceğimize RABbin adına ant içtik.››
7ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း၊ ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုသောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊
8Sonra, ‹‹Mispaya, RABbin önüne İsrail oymaklarından kim çıkmadı?›› diye sordular. Böylece Yaveş-Gilattan toplantıya, ordugaha kimsenin gelmediği ortaya çıktı.
8ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ၍၎င်း မေးမြန်းလျှင်၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ၏။
9Çünkü gelenler sayıldığında Yaveş-Gilattan kimsenin olmadığı anlaşılmıştı.
9လူများတို့ကို ရေတွက်သောအခါ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ။
10Bunun üzerine topluluk Yaveş-Gilat halkının üzerine on iki bin yiğit savaşçı gönderdi. ‹‹Gidin, Yaveş-Gilat halkını, kadın, çoluk çocuk demeden kılıçtan geçirin›› dediler,
10ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက်၊ သင်တို့သည် သွား၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့။
11‹‹Yapacağınız şu: Her erkeği ve erkek eli değmiş her kadını öldüreceksiniz.››
11သို့ဆိုသော်၊ ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို၎င်း၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း၊-
12Yaveş-Gilat halkı arasında erkek eli değmemiş dört yüz kız bulup Kenan topraklarında bulunan Şilodaki ordugaha getirdiler.
12စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင်၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့၍ ခါနာန်ပြည်၌ တပ်ချရာ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ၏။
13Ardından bütün topluluk Rimmon Kayalığındaki Benyaminoğullarına aracılar göndererek barış yapmayı önerdi.
13တဖန်စုဝေးသော သူအပေါင်းတို့သည်၊ ရိမ္မုန်ကျောက်၌နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက်၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ၏။
14Bunun üzerine Benyaminoğulları döndü. Topluluk Yaveş-Gilat halkından sağ bırakılan kızları onlara eş olarak verdi. Ama kızların sayısı Benyaminoğulları için yine de yeterli değildi.
14ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန်၍၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ၏။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ။
15İsrail halkı Benyaminoğullarının durumuna çok üzülüyordu. Çünkü RAB İsrail oymakları arasında birliği bozmuştu.
15ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့်၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ၏။
16Topluluğun ileri gelenleri, ‹‹Benyaminoğullarının kadınları öldürüldüğüne göre, kalan erkeklere eş bulmak için ne yapsak?›› diyorlardı,
16စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့်၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ၍၎င်း၊-
17‹‹İsrailden bir oymağın yok olup gitmemesi için sağ kalan Benyaminoğullarının mirasçıları olmalı.
17ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည်။
18Biz onlara kızlarımızdan eş veremeyiz. Çünkü Benyaminoğullarına kız veren her İsrailli lanetlenecek diye ant içtik.››
18သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ၌ သမီးကို ပေးစား၏။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ၍၎င်း၊
19Sonra, ‹‹Bakın, Şiloda her yıl RAB adına bir şölen düzenleniyor›› diye eklediler. Şilo Beytelin kuzeyinde, Beytelden Şekeme giden yolun doğusunda, Levonanın güneyindedir.
19ဗေသလမြို့ မြောက်ဘက်၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက်၊ လေဗောနမြို့တောင် ဘက်၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့် အညီ၊-
20Böylece Benyaminoğullarına, ‹‹Gidip bağlarda gizlenin›› diye öğüt verdiler,
20ဗင်္ယာမိန်လူတို့ကို ခေါ်၍ သင်တို့သည် သွားကြလော့။ စပျစ်ဥယျာဉ်တို့၌ ချောင်းမြောင်းလျက်နေ ကြလော့။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ၊-
21‹‹Gözünüzü açık tutun. Şilolu kızlar dans etmeye kalkınca bağlardan fırlayıp onlardan kendinize birer eş kapın ve Benyamin topraklarına götürün.
21စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင်၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့။
22Kızların babaları ya da erkek kardeşleri bize yakınmaya gelirse, ‹Benyaminoğullarını hatırımız için bağışlayın› diyeceğiz, ‹Savaşarak aldığımız kızlar hepsine yetmedi. Siz de kendi kızlarınızı isteyerek vermediğinize göre suçlu sayılmazsınız.› ››
22သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ၍ အမှုလုပ်သောအခါ၊ ငါတို့က ငါတို့မျက်နှာကို ထောက်၍ သူတို့ကို သနားကြပါ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ။ သင်တို့၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း၊-
23Benyaminoğulları da böyle yaptılar. Kızlar dans ederken her erkek bir kız kapıp götürdü. Kendi topraklarına gittiler, kentlerini onarıp yerleştiler.
23ဗင်္ယာမိန်လူတို့သည်ပြု၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး၍ ယူသွားကြ၏။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင်၊ မြို့တို့ကို အသစ်ပြင်ဆင်၍ နေကြ၏။
24Ardından İsrailliler de oradan ayrılıp kendi topraklarına, oymaklarına, ailelerine döndüler.
24ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ၏။
25O dönemde İsrail'de kral yoktu. Herkes dilediğini yapıyordu.
25ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။