1Kenandaki savaşların hiçbirine katılmamış olan İsraillileri sınamak ve hiç savaş deneyimi olmayan yeni kuşaklara savaş eğitimi vermek için RABbin dokunmadığı uluslar şunlardır:
1ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ၎င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင်၍ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား၊
3Beş Filist Beyliği, bütün Kenanlılar, Saydalılar, Baal-Hermon Dağından Levo-Hamata kadar uzanan Lübnan dağlarında yaşayan Hivliler.
3ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး၊ ဇိဒုန်လူ၊ ဗာလဟေရမုန်တောင်မှစ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။
4RAB İsraillileri sınamak, Musa aracılığıyla atalarına verdiği buyrukları yerine getirip getirmeyeceklerini görmek için bu ulusları ülkelerinde bıraktı.
4ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း။
5Böylece İsrailliler Kenan, Hitit, Amor, Periz, Hiv ve Yevus halkları arasında yaşadılar.
5ဣသရေလအမျိုးသားတို့သည် ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့တွင် နေ၍၊
6Onlardan kız aldılar, kızlarını onların oğullarına verdiler ve onların ilahlarına taptılar.
6သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက်၊ မိမိတို့သမီးကို ပေးစားလျက်၊ သူတို့ဘုရားများကို ဝတ်ပြုကြ၏။
7RABbin gözünde kötü olanı yapan İsrailliler Tanrıları RABbi unutup Baallara ve Aşera putlarına taptılar.
7ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့်၊ ဗာလဘုရားများ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့်၊
8Bunun üzerine RAB İsraile öfkelendi ve onları Aram- Naharayim Kralı Kuşan-Rişatayimin eline teslim etti. İsrailliler sekiz yıl Kuşan-Rişatayimin boyunduruğunda kaldılar.
8ထာဝရဘုရားသည် ဣသရေလအမျိုး၌ ပြင်းစွာ အမျက်တော်ထွက်၍၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ်၌ ရောင်းတော်မူသဖြင့်၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ၌ ကျွန်ခံရကြ၏။
9Ama RABbe yakarmaları üzerine RAB onlara Otniel adında bir kurtarıcı çıkardı. Kalevin küçük kardeşi Kenazın oğlu Otniel onları kurtardı.
9နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ၊ ကယ်တင်သောသခင်၊ ကာလက်ညီ၊ ကေနတ်၏သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ၏။
10RABbin Ruhu Otnielin üzerine indi. Otniel İsraillileri yönetti, onlar için savaştı. RAB Aram-Naharayim Kralı Kuşan-Rişatayimi onun eline teslim etti. Artık Otniel ondan daha güçlüydü.
10ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့်၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး၍ စစ်ချီလေ၏။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက်၌ ထာဝရဘုရား အပ်တော်မူသဖြင့်၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ၏။
11Ülke Kenaz oğlu Otnielin ölümüne dek kırk yıl barış içinde yaşadı.
11အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ၊ ကေနတ်၏သား ဩသံယေလသည် သေလေ၏။
12Sonra İsrailliler yine RABbin gözünde kötü olanı yaptılar. RAB gözünde kötü olanı yaptıkları için Moav Kralı Eglonu onlara karşı güçlendirdi.
12တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသောကြောင့်၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက်၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ၏။
13Kral Eglon Ammonlularla Amaleklileri kendi tarafına çekerek İsraile saldırdı. Onları bozguna uğratarak Hurma Kentini ele geçirdi.
13ထိုမင်းသည် အမ္မုန်အမျိုးသား၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား၍၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့်၊
14İsrailliler on sekiz yıl Moav Kralı Eglonun boyunduruğu altında kaldılar.
14ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ၌ ကျွန်ခံရကြ၏။
15Ama RABbe yakarmaları üzerine RAB onlar için Ehut adında bir kurtarıcı çıkardı. Benyaminli Geranın oğlu Ehut solaktı. İsrailliler Ehutun eliyle Moav Kralı Eglona haraç gönderdiler.
15နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
16Ehut kendine bir arşın uzunluğunda iki ağızlı bir kama yaptı ve bunu sağ kalçası üzerine, giysisinin altına sakladı.
16ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
17Varıp haracı Moav Kralı Eglona sundu. Eglon çok şişman bir adamdı.
17မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ၏။ ဧဂလုန်သည် အလွန်ဝသော သူဖြစ်၏။
18Ehut haracı sunduktan sonra, haracı taşımış olan adamlarını salıverdi.
18ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင်၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက်၍၊
19Ama kendisi Gilgal yakınındaki taş putlardan geri döndü. ‹‹Ey kral, sana gizli bir haberim var›› dedi. Kral ona, ‹‹Sus›› diyerek yanındaki adamların hepsini dışarı çıkardı.
19ဂိလဂါလမြို့နား၌ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ၍၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင်၊ ရှင်ဘုရင်က၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း၊ အထံတော်၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ၏။
20Ehut, üst kattaki serin odasında yalnız kalan krala yaklaşarak, ‹‹Tanrıdan sana bir haber getirdim›› deyince kral tahtından kalktı.
20ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
21Ehut sol eliyle sağ kalçası üzerindeki kamayı çekti ve kralın karnına sapladı.
21ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊
22Kamanın ucu kralın sırtından çıktı. Bıçağın ardından kabza da ete saplanmıştı. Ehut kamayı çekmeyince kama kralın yağlı karnına gömüldü.
22လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင်၍၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက်၊ ချေးနုလည်း ထွက်လျက်ရှိလေ၏။
23Ehut sofaya çıktı, üst kattaki odanın kapısını ardından çekip kilitledi.
23ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
24O çıktıktan sonra, geri gelen kralın hizmetkârları üst kattaki odanın kapılarını kilitli buldular. Birbirlerine, ‹‹Su döküyor olmalı›› dediler.
24ထွက်သွားသောနောက်၊ ကျွန်တော်မျိုးအချို့တို့သည် လာ၍ နန်းတော်တံခါး၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင်၊ စင်စစ် နွေနန်းဆောင်၌ စက်တော်ခေါ်သည်ဟုဆိုလျက်၊
25Uzun süre bekledilerse de kral odanın kapılarını açmadı. Bunun üzerine bir anahtar bulup kapıyı açtılar. Efendilerinin ölüsü yerde yatıyordu.
25ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့်၊ သူတို့သည် သော့ကိုယူ၍ ဖွင့်ကြည့်သောအခါ၊ မြေပေါ်မှာ လဲ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ၏။
26Onlar beklerken Ehut kaçmış, taş putları geçerek Seiraya yönelmişti.
26ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
27Oraya varınca Efrayimin dağlık bölgesine çıkıp boru çaldı. İsrailliler onunla birlikte dağlardan indiler. Ehut önden gidiyordu.
27ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ်၍၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ၏။
28Onlara, ‹‹Beni izleyin›› dedi, ‹‹RAB düşmanlarınızı, Moavlıları elinize teslim etti.›› Ehutu izleyen İsrailliler, Moava giden Şeria geçitlerini tuttular, kimseyi geçirmediler.
28သူကလည်း ငါ့နောက်သို့ လိုက်ကြလော့။ ထာဝရဘုရားသည် သင်တို့၏ရန်သူမောဘလူတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း၊ သူ့နောက်မှာ ဆင်း၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့်၊ လူတစုံတယောက်ကိုမျှ မကူးစေရ။
29Moavın güçlü yiğitlerinden on bin kadarını vurup öldürdüler; hiç kurtulan olmadı.
29ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ၊ လူတသောင်းကို သတ်၍၊
30Moav o gün İsraillilerin boyunduruğuna girdi. Ülke seksen yıl barış içinde yaşadı.
30မောဘအမျိုးသည် ဣသရေလအမျိုးလက်၌ ရှုံးသဖြင့်၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
31Ehut'tan sonra Anat oğlu Şamgar başa geçti. Şamgar Filistliler'den altı yüz kişiyi üvendireyle öldürerek İsrailliler'i kurtardı.
31ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း၍၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့်၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ၏။