Turkish

Myanmar

Judges

8

1Efrayimoğulları Gidyona, ‹‹Midyanlılarla savaşmaya gittiğinde bizi çağırmadın; bize neden böyle davrandın?›› diyerek onu sert bir dille eleştirdiler.
1ဧဖရိမ်လူတို့က၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ၊ ငါတို့ကို မခေါ်ဘဲ ငါတို့၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ၏။
2Gidyon, ‹‹Sizin yaptığınızın yanında benim yaptığım ne ki?›› diye karşılık verdi, ‹‹Efrayimin bağbozumundan artakalan üzümler, Aviezerin bütün bağbozumu ürününden daha iyi değil mi?
2ဂိဒေါင်ကလည်း၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ၍ ကောင်းသည်မဟုတ်လော။
3Tanrı Midyan önderlerini, Orevi ve Zeevi elinize teslim etti. Sizin yaptıklarınıza kıyasla ben ne yapabildim ki?›› Gidyonun bu sözleri onların öfkesini yatıştırdı.
3ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်၌ အပ်တော်မူပြီ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ၏။
4Gidyon bitkin olmalarına karşın Midyanlıları kovalamayı sürdüren üç yüz adamıyla Şeria Irmağına ulaşıp karşıya geçti.
4ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ၊ သူ၌ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး၍ လိုက်ကြ၏။
5Sukkota vardıklarında kent halkına, ‹‹Lütfen ardımdaki adamlara ekmek verin, bitkin haldeler›› dedi, ‹‹Ben Midyan kralları Zevah ve Salmunnayı kovalıyorum.››
5သုကုတ်မြို့သားတို့အားလည်း၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့။ သူတို့သည် ပင်ပန်းကြပြီ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ၏ဟု တောင်းသော် လည်း၊
6Sukkot önderleri, ‹‹Zevah ile Salmunnayı tutsak aldın mı ki, orduna ekmek verelim?›› dediler.
6သုကုတ်မင်းတို့က၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ ရှိသလောဟု ပြန်ပြောကြ၏။
7Gidyon, ‹‹Öyle olsun!›› diye karşılık verdi, ‹‹RAB Zevah ile Salmunnayı elime teslim edince, bedenlerinizi çöl dikenleriyle, çalılarla yaracağım.››
7ဂိဒေါင်ကလည်း၊ သို့ဖြစ်၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက်၌ အပ်တော်မူသော အခါ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင်၊
8Gidyon oradan Penuele gitti ve oranın halkından da aynı şeyi istedi. Penuel halkı da Sukkot halkının verdiği yanıtın aynısını verdi.
8ထိုအရပ်က ပေနွေလမြို့သို့ သွား၍၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ၏။
9Gidyon onlara, ‹‹Esenlik içinde döndüğüm zaman bu kuleyi yıkacağım›› dedi.
9ဂိဒေါင်ကလည်း၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို၏။
10Zevah ile Salmunna doğulu halkların ordularından artakalan yaklaşık on beş bin kişilik bir orduyla birlikte Karkordaydılar. Eli kılıç tutan yüz yirmi bin savaşçı ölmüştü.
10ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့်၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက်၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့၌ ရှိကြ၏။
11Gidyon Novah ve Yogbohanın doğusundan, göçebelerin yolundan geçerek düşman ordugahına saldırdı. Adamlar hazırlıksız yakalandılar.
11ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌ နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊
12Zevah ile Salmunna kaçtıysa da Gidyon peşlerine düştü. Bu iki Midyan kralını, Zevah ile Salmunnayı yakalayıp bütün ordularını bozguna uğrattı.
12မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ၊ ဂိဒေါင်သည် လိုက်၍ တပ်ကို ဖျက်လေ၏။
13Yoaş oğlu Gidyon Heres Geçidi yoluyla savaştan döndü.
13ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ၍၊
14Yolda Sukkottan genç bir adamı yakalayıp sorguya çekti. Adam Sukkot önderleriyle ileri gelenlerinin adlarını, toplam yetmiş yedi kişinin adını yazıp Gidyona verdi.
14သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ၍ မေးစစ်လျှင်၊ ထိုသူသည် သုကုတ်မြို့အရာရှိ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့၏ အမည်အသီးအသီးတို့ကို ပြောလေ၏။
15Gidyon Sukkota gidip halka şöyle dedi: ‹‹ ‹Zevah ile Salmunnayı tutsak aldın mı ki bitkin adamlarına ekmek verelim› diyerek beni aşağıladınız. İşte Zevah ile Salmunna!››
15ဂိဒေါင်သည်လည်း၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ၍၊ သင်တို့က၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက်၌ရှိသလောဟု ငါ့ကို ကဲ့ရဲ့၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက်၊
16Sonra kentin ileri gelenlerini topladı; Sukkot halkını çöl dikenleriyle, çalılarla döverek cezalandırdı.
16ထိုမြို့၌ အသက်ကြီးသူတို့ကို ခေါ်၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ၏။
17Ardından Penuel Kulesini yıkıp kent halkını kılıçtan geçirdi.
17ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားတို့ကို ကွပ်မျက်လေ၏။
18Sonra Zevah ile Salmunnaya, ‹‹Tavorda öldürdükleriniz nasıl adamlardı?›› diye sordu. ‹‹Tıpkı senin gibiydiler, hepsi kral oğullarına benziyordu›› yanıtını verdiler.
18ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊
19Gidyon, ‹‹Onlar kardeşlerimdi, öz annemin oğullarıydı›› dedi, ‹‹Yaşayan RABbin adıyla ant içerim ki, onları sağ bıraksaydınız sizi öldürmezdim.››
19ဂိဒေါင်က၊ ထိုသူတို့သည် ငါ့အမိ၏သား၊ ငါ့ညီဖြစ်ပါသည်တကား၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင်၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု၊
20Sonra büyük oğlu Yetere, ‹‹Haydi, öldür onları›› dedi. Ne var ki, henüz genç olan Yeter korktu, kılıcını çekmedi.
20မိမိသားဦးယေသာအား၊ ဤသူတို့ကို ထ၍ သတ်လော့ဟုဆိုသော်လည်း၊ သားသည် အသက်အရွယ် ငယ်သောကြောင့်၊ ထားကို မဆွဲမထုတ်ဘဲ နေ၏။
21Bunun üzerine Zevah ile Salmunna Gidyona, ‹‹Sen öldür bizi›› dediler, ‹‹Erkeğin işini ancak erkek yapar.›› Böylece Gidyon varıp Zevah ile Salmunnayı öldürdü. Develerinin boyunlarındaki hilal biçimi süsleri de aldı.
21ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း၊ ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင်၊ ဂိဒေါင်သည် ထ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့်၊ သူတို့ ကုလားအုပ်၏ လည်ပင်း၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ၏။
22İsrailliler Gidyona, ‹‹Sen, oğlun ve torunun bize önderlik edin›› dediler. ‹‹Çünkü bizi Midyanlıların elinden sen kurtardın.››
22ထိုအခါ ဣသရေလလူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့်၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု၊ ဂိဒေါင်အား လျှောက်ဆို ကြသော်၊
23Ama Gidyon, ‹‹Ben size önderlik etmem, oğlum da etmez›› diye karşılık verdi, ‹‹Size RAB önderlik edecek.››
23ဂိဒေါင်က၊ ငါသည် သင်တို့ကို မအုပ်စိုးရ။ ငါ့သားလည်း မအုပ်စိုးရ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ၏ဟူ၍၎င်း၊
24Sonra, ‹‹Yalnız sizden bir dileğim var›› diye sözünü sürdürdü, ‹‹Ele geçirdiğiniz ganimetin içindeki küpeleri bana verin.›› -İsmaililer altın küpeler takarlardı.-
24သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း၊ ငါတောင်းချင် သည်ဟူ၍၎င်း ဆိုလေ၏။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ်၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း။
25İsrailliler, ‹‹Seve seve veririz›› diyerek yere bir üstlük serdiler. Herkes ele geçirdiği küpeleri üstlüğün üzerine attı.
25သူတို့ကလည်း၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း၍၊ လူအပေါင်းတို့သည် မိမိတို့ လုယူ၍ ရသော နားတောင်းများကို ချထားကြ၏။
26Hilaller, kolyeler, Midyan krallarının giydiği mor giysiler ve develerin boyunlarından alınan zincirler dışında, Gidyonun aldığı altın küpelerin ağırlığı bin yedi yüz şekelfı tuttu.
26ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား၊ အခွက်တဆယ်ခုနစ်ပိဿာရှိ၏။ ထိုမှတပါး၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ၊ လည်ဆွဲ၊ နီမောင်းသောအဝတ်၊ ကုလားအုပ် လည်ကြိုးများကို ရသေး၏။
27Gidyon bu altından bir efod yaparak onu kendi kenti olan Ofraya yerleştirdi. Bütün İsrailliler bu put yüzünden RABbe vefasızlık ettiler. Böylece efod Gidyon ile ailesi için bir tuzak oldu.
27ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ်၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့်၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ၏။ ထိုအမှုသည် ဂိဒေါင်နှင့် သူ၏အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း။
28İsraillilere yenilen Midyanlılar bir daha toparlanamadılar. Ülke Gidyon zamanında kırk yıl barış içinde yaşadı.
28ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး၍၊ နောက်တဖန် အစိုးမရဘဲ နေကြ၏။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ၏။
29Yoaş oğlu Yerubbaal dönüp kendi evinde yaşamını sürdürdü.
29ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား၍ နေသတည်း။
30Çok sayıda kadınla evlendi ve yetmiş oğlu oldu.
30ဂိဒေါင်သည် မယားများ၍၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ၏။
31Ayrıca Şekemde bir cariyesi vardı. Bundan da bir oğlu oldu, adını Avimelek koydu.
31ရှေခင်မြို့၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင်၍၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ၏။
32Yoaş oğlu Gidyon iyice yaşlanıp öldü. Aviezerlilere ait Ofra Kentinde, babası Yoaşın mezarına gömüldü.
32ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက်၍၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ၊ အဘယောရှသင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။
33Gidyon ölünce İsrailliler yine RABbe vefasızlık ettiler. Baallara taptılar. Baal-Beriti ilah edinerek
33ဂိဒေါင်သေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန်၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့်၊ ဗာလဗေရိတ်ကို ဘုရားအရာ၌ ချီးမြှောက်ကြ၏။
34kendilerini çevrelerindeki düşmanlarının elinden kurtaran Tanrıları RABbi unuttular.
34ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ၊
35İsrail'e büyük iyilikler yapan Yerubbaal'ın -Gidyon'un- ev halkına vefasızlık ettiler.
35ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး၌ ပြုသမျှသော ကျေးဇူးနှင့်အညီ၊ သူ၏အမျိုး၌ ကျေးဇူးတို့ကို ပြန်၍ မပြုဘဲ နေကြ၏။