Turkish

Myanmar

Lamentations

2

1Rab öfkelenince Siyon kızını nasıl bulutla kapladı!İsrailin görkemini gökten yere fırlattı,Öfkelendiği gün ayağının taburesini anımsamadı.
1ထာဝရဘုရားသည် ဇိအုန်သတို့သမီးကို အမျက် တော် မိုဃ်းတိမ်ဖြင့် ဖုံးလွှမ်းတော်မူပြီ။ ဣသရေလအမျိုး ၏ ဂုဏ်အသရေကို ကောင်းကင်မှမြေကြီးတိုင်အောင် ချတော်မူပြီ။ အမျက်တော်ထွက်ချိန်၌ ခြေတော်တင် ရာခုံကို မအောက်မေ့ဘဲနေတော်မူပါပြီတကား။
2Yakup soyunun yaşadığı her yeri acımadan yuttu,Yahuda kızının surlu kentlerini gazabıyla yıktı,Yerle bir etti onları,Krallığını ve önderlerini alçalttı.
2ထာဝရဘုရားသည် သနားခြင်းမရှိဘဲ၊ ယာကုပ် အမျိုး၏နေရာ အရပ်ရှိသမျှတို့ကို မျိုတော်မူပြီ။ အမျက် တော်ထွက်သဖြင့် ယုဒသတို့သမီး၏ရဲတိုက်တို့ကို မြေတိုင် အောင်ဖြိုဖျက်၍၊ နိုင်ငံတော်နှင့်မင်းသားတို့ကို ရှုတ်ချ တော်မူပြီ။
3Kızgın öfkesiyle İsrailin gücünü kökünden kesti,Düşmanın önünde sağ elini onların üstünden çekti,Çevresini yiyip bitiren alevli ateş gibi Yakup soyunu yaktı.
3ပြင်းစွာ အမျက်တော်ထွက်၍၊ ဣသရေလ၏ ဦးချို ရှိသမျှတို့ကို ဖြတ်တော်မူပြီ။ ရန်သူရှေ့မှာ လက်ရုံး တော်ကို ရုပ်သိမ်းတော်မူပြီ။ အရပ်ရပ်လောင်သော မီးတောက်ကဲ့သို့ ယာကုပ်အမျိုးကို လောင်စေတော်မူပြီ။
4Düşman gibi yayını gerdi,Hasım gibi sağ elini kaldırdı,Göz zevkini okşayan herkesi öldürdü,Gazabını Siyon kızının çadırı üstüne ateş gibi döktü.
4ရန်သူကဲ့သို့ လေးကိုတင်လျက်၊ ရန်ဘက်ပြုသော သူကဲ့သို့ လက်ျာလက်ကို ချီကြွလျက်၊ တင့်တယ်ခြင်း အသရေရှိသော သူအပေါင်းတို့ကို သတ်တော်မူပြီ။ ဇိအုန် သတို့သမီး၏နေရာ တဲပေါ်မှာမီးကဲ့သို့သော အမျက် တော်ကို သွန်းလောင်းတော်မူ၏။
5Rab adeta bir düşman olup İsraili yuttu,Bütün saraylarını yutup surlu kentlerini yıktı,Yahuda kızının feryadını, figanını arşa çıkardı.
5ထာဝရဘုရားသည် ရန်ဘက်ပြု၍၊ ဣသရေလအမျိုးကို၎င်း၊ ဘုံဗိမာန်အပေါင်းတို့ကို၎င်း မျိုတော်မူပြီ။ ရဲတိုက်တို့ကို ဖြိုဖျက်တော်မူပြီ။ ယုဒ သတို့သမီး ငိုကြွေးမြည်တမ်းသောအကြောင်းတို့ကို များပြားစေတော်မူပြီ။
6Bahçe çardağını söker gibi kendi çardağını söküp attı,Buluşma yerini yok etti,RAB Siyonda bayram ve Şabat günlerini unutturdu,Şiddetli öfkesi yüzünden kralı da kâhini de reddetti.
6ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော် မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရ ဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။
7Rab sunağını attı,Tapınağını terk etti;Siyon saraylarını çeviren surları düşman eline bıraktı.Bayram gününde olduğu gibi,Düşman RABbin Tapınağında sevinç çığlıkları attı.
7ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
8RAB Siyon kızının surlarını yıkmaya karar verdi,İpi gerdi ve yıkmaktan el çekmedi,İç ve dış surlara yas tutturdu,İkisinin de gücü tükendi.
8ထာဝရဘုရားသည် ဇိအုန်သတို့သမီး၏မြို့ရိုးကို ဖြိုဖျက်မည်ဟု အကြံတော်ရှိသည်အတိုင်း၊ ကြိုးကိုတန်း၍ အစဉ်မပြတ် ဖြိုဖျက်တော်မူသဖြင့်၊ အတွင်းမြို့ရိုးနှင့် ပြင်မြို့ရိုးတို့သည် အတူညည်းတွား၍ ငိုကြွေးမြည်တမ်းရ မည် အကြောင်းပြုတော်မူပြီ။
9Siyonun kapıları yere battı,RAB kapı sürgülerini kırıp yok etti,Kralıyla önderleri başka ulusların arasında kaldı,Kutsal Yasa uygulanmaz oldu,Peygamberlerine RABden görüm gelmiyor artık.
9မြို့တံခါးရွက်တို့သည် မြေ၌မြှုပ်လျက်ရှိကြ၏။ ကန့်လန့်ကျင်တို့ကို ချိုးဖဲ့တော်မူပြီ။ ရှင်ဘုရင်နှင့် မင်းသားတို့သည် သာသနာပလူတို့တွင် နေရကြ၏။ တရားတော်မရှိ။ ပရောဖက်တို့သည် ထာဝရဘုရား၏ ဗျာဒိတ်တော်ကို မခံမရကြ။
10Siyon kızının ileri gelenleri suskun, yere oturmuş,Başlarına toprak saçıp çul kuşanmışlar,Yeruşalimin erden kızları yere eğmiş başlarını.
10ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။
11Gözlerim tükenmekte ağlamaktan,İçim kanıyor;Halkımın yıkımındanYüreğim sızlıyor,Çünkü kent meydanlarında çocuklarla bebekler bayılmakta.
11ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊ ငါသည် မျက်ရည်ကျ၍မျက်စိပျက်လေပြီ။ ဝမ်း၌ဆူလှိုက် ခြင်းရှိ၍ အသည်းလည်းမြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့်နို့စို့ကလေးတို့သည် မြို့လမ်း၌အား ပျက်လျက်နေကြ၏။
12Kent meydanlarında yaralılar gibi bayılıpCan çekişirken annelerinin bağrında,‹‹Ekmekle şarap nerede?›› diye soruyorlar annelerine.
12သူတို့ကလည်း၊ ဆန်စပါးနှင့်စပျစ်ရည်သည် အဘယ်မှာရှိသနည်းဟု၊ ရန်သူညှဉ်းဆဲသော သူကဲ့သို့ မြို့လမ်း၌အားပျက်လျက်၊ အမိရင်ခွင်၌ မိမိအသက်ကို သွန်းလျက်၊ အဓိက မေးတတ်ကြသည်တကား။
13Senin için ne diyeyim?Ey Yeruşalim kızı, seni neye benzeteyim?Ey Siyonun erden kızı, sana neyi örnek göstereyim deSeni avutayım?Sendeki gedik deniz kadar büyük,Kim sana şifa verebilir?
13အိုယေရုရှလင်သတို့သမီး၊ သင်၏အမှု၌ အဘယ်သက်သေကို ငါပြရမည်နည်း။ အိုဇိအုန်သတို့ သမီးကညာ၊ သင့်ကိုနှစ်သိမ့်စေခြင်းငှါ၊ သင်နှင့်အဘယ် သူကို ငါခိုင်းနှိုင်းရမည်နည်း။ သင်၏ပြိုပျက်ရာသည် သမုဒ္ဒရာကဲ့သို့ ကျယ်သောကြောင့် အဘယ်သူ ပြုပြင်နိုင် သနည်း။
14Peygamberlerin senin için boş ve anlamsız görümler gördüler.Suçunu ortaya çıkarsalardı, eski gönencine kavuşabilirdin;Oysa seni ayartacak boş görümler gördüler.
14သင်၏ပရောဖက်တို့သည် အချည်းနှီးသော အရာ၊ မိုက်သောအရာတို့ကို သင်အဘို့မြင်ကြပြီ။ သိမ်းသွားချုပ်ထားသော အမှုကိုပြေစေခြင်းငှါ၊ သင်၏ အပြစ်ကိုမဘော်မပြဘဲ မှားသောရူပါရုံ၊ လမ်းလွဲစရာ အရာကို သင့်အဘို့မြင်ကြပြီ။
15Yoldan geçen herkes el çırparak seninle alay ediyor,Yeruşalim kızına baş sallayıp ıslık çalarak,‹‹Bütün dünyanın sevinci, güzellik simgesi dedikleri kent bu mu?›› diyorlar.
15လမ်း၌ ရှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွဋ်၊ မြေ တပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကားဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညှိတ်လျက် မေးတတ်ကြ၏။
16Düşmanlarının hepsi seninle alay etti,Islık çalıp diş gıcırdatarak,‹‹Onu yuttuk›› diyorlar,‹‹İşte beklediğimiz gün, sonunda gördük onu.››
16သင်၏ရန်သူအပေါင်းတို့သည် သင့်တဘက်၌ နှုတ်ကို ဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မြော်လင့်ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။
17RAB düşündüğünü yaptı,Geçmişte söylediği sözü yerine getirdi,Yıktı, acımadı,Düşmanı senin haline sevindirdi,Hasımlarını güçlü kıldı. boynuzunu yükseltti››.
17ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကား တော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲဖြိုဖျက်တော် မူပြီ။ ရန်သူသည် သင်၏အပေါ် မှာဝမ်းမြောက်ရသော အခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
18Halk Rabbe yürekten feryat ediyor.Ey Siyon kızının surları,Gece gündüz gözyaşın sel gibi aksın!Dinlenme, gözüne uyku girmesin!
18သူတို့သည်စိတ်နှလုံးထဲက ထာဝရဘုရားကို အော်ဟစ်ကြ၏။ အိုဇိအုန်သတို့သမီး၏မြို့ရိုး၊ သင်၏ မျက်ရည်သည် မြစ်ရေစီးသကဲ့သို့ နေ့ညဉ့်မပြတ်စီးစေ လော့။ ကိုယ်ကိုမငြိမ်းစေနှင့်။ သင်၏မျက်ဆန်ကိုလည်း မငြိမ်းစေနှင့်။
19Kalk, gece her nöbet başında haykır,Rabbin huzurunda yüreğini su gibi dök!Her sokak başında açlıktan bayılan çocuklarının başı için Ona ellerini aç.
19ညဦးယံအချိန်၌ ထ၍အော်ဟစ်လော့။ ထာဝရ ဘုရား၏မျက်နှာတော်ရှေ့မှာ သင်၏နှလုံးကို ရေကဲ့သို့ သွန်းလောင်းလော့။ ငတ်မွတ်၍ ခပ်သိမ်းသော လမ်းဝမှာ အားပျက်လျက်နေသော သင်၏သူငယ်တို့ကို အသက် ချမ်းသာစေခြင်းငှါ၊ အထံတော်သို့ သင်၏လက်ကို ချီဆန့်လော့။
20‹‹Bak, ya RAB, gör! Kime böyle yaptın?Kadınlar çocuklarını, sevgili yavrularını mı yesin?Kâhinle peygamber Rabbin Tapınağında mı öldürülsün?
20အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
21Gençler, yaşlılar sokaklarda, yerlerde yatıyor,Kılıçtan geçirildi erden kızlarımla gençlerim,Öfkelendiğin gün öldürdün onları, acımadan boğazladın.
21လူအကြီးအငယ်တို့သည် လမ်း၌မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏လူပျိုနှင့်အပျိုတို့သည် ထားဖြင့်သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော် ထွက်သောနေ့၌၊ သူတို့ကို မသနားဘဲကွပ်မျက်တော်မူပြီ။
22Bir bayram günü davet eder gibiBeni dehşete düşürenleri davet ettin her yandan.RAB'bin öfkelendiği gün kaçıp kurtulan,Sağ kalan olmadı.Sevgiyle büyüttüğüm çocuklarımıDüşmanım yok etti.››
22ပွဲသဘင်နေ့၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဘွယ်သော အရာတို့ကို ခေါ်ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက်တော် ထွက် သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ်ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ ရန်သူသည် ဖျက်ဆီးပါပြီ။