1RAB Musayla Haruna şöyle dedi:
1တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကို ခေါ်တော်မူ၍၊-
2‹‹İsrail halkına deyin ki, ‹Karada yaşayan hayvanlardan şunların etini yiyebilirsiniz:
2သင်တို့သည် ဣသရေလ အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မြေကြီးပေါ်မှာရှိသော သားတကာ တို့တွင်၊ -
3Çatal ve yarık tırnaklı, geviş getiren hayvanların tümü.
3ခွါကွဲပြား၍ စားမြုံ့ပြန်သော သားများကို သင်တို့သည် စားရသော အခွင့်ရှိ၏။
4Ancak geviş getiren ve çatal tırnaklı olan hayvanlardan etini yememeniz gerekenler şunlardır: Deve geviş getirir, ama çatal tırnaklı değildir. Sizin için kirli sayılır.
4သို့သော်လည်း၊ စားမြုံ့ပြန်သောသား၊ ခွါကွဲပြားသော သားတို့တွင် မစားရသော သားဟူမူကား၊ ကုလားအုပ်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
5Kaya tavşanı geviş getirir, ama çatal tırnaklı değildir. Sizin için kirli sayılır.
5ရှာဖန်သည် စားမြုံ့ပြန်သော်လည်း၊ ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
6Tavşan geviş getirir, ama çatal tırnaklı değildir. Sizin için kirli sayılır.
6အာရနဘက်သည် စားမြုံ့ပြန်သော်လည်း ခွါမကွဲပြားသောကြောင့် သင်တို့၌ မစင်ကြယ်။
7Domuz çatal ve yarık tırnaklıdır, ama geviş getirmez. Sizin için kirli sayılır.
7ဝက်သည် ခွါကွဲပြားသော်လည်း၊ စားမြုံ့မပြန်သောကြောင့် သင်တို့၌ မစင်ကြယ်။
8Bu hayvanların etini yemeyecek, leşine dokunmayacaksınız, sizin için kirlidir.
8ထိုသို့သော တိရစ္ဆာန်အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ။ မစင်ကြယ်ဟု သင်တို့ မှတ်ရကြမည်။
9‹‹ ‹Suda yaşayan hayvanlardan şunların etini yiyebilirsiniz: Denizde, akarsularda yaşayan pullu ve yüzgeçli canlıların etini yiyebilirsiniz.
9ပင်လယ်ရေ၊ မြစ်ရေ အစရှိသော ရေ၌နေသော တိရစ္ဆာန်တကာတို့တွင်၊ အယပ်နှင့် အကြေးရှိ သော တိရစ္ဆာန်ကိုသာ စားရမည်။
10Denizdeki ve akarsulardaki bütün pulsuz ve yüzgeçsiz canlılar -suda toplu halde yaşayanlar ve ötekiler- sizin için iğrenç sayılır.
10အယပ်နှင့် အကြေးမရှိ၊ ပင်လယ်ရေ၊ မြစ်ရေအစရှိသော ရေ၌ လှုပ်ရှားလျက် အသက်ရှင်လျက် နေသော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
11Bunlar sizin için iğrenç sayılacak. Etlerini yemeyecek, leşlerinden tiksineceksiniz.
11အယပ်အကြေးနှင့် မပြည့်စုံသော ရေတိရစ္ဆာန်အသားကို သင်တို့သည် မစားရ။
12Suda yaşayan bütün pulsuz ve yüzgeçsiz canlılar sizin için iğrenç sayılacak.
12သူတို့ အသေကောင်ကိုလည်း ရွံ့ရှာရကြမည်။
13‹‹ ‹Tiksindirici kuşların etini yemeyecek, şunları iğrenç sayacaksınız: Kartal, kuzu kartalı, kara akbaba,
13သင်တို့သည် ရွံ့ရှာဘွယ်မှတ်၍ မစားရသော ငှက်မျိုးဟူမူကား၊ ရွှေလင်းတ၊ ပင်လယ်လင်းတ၊ လင်းယုန်၊-
14çaylak, doğan türleri,
14ဒါဟ၊ စွန်မျိုး၊
15bütün karga türleri,
15ကျီးမျိုးရှိသမျှ
16baykuş, puhu, martı, atmaca türleri,
16ကုလားအုပ်ငှက်၊ ငှက်ဆိုး၊ ဥဗျိုင်း၊
17kukumav, karabatak, büyük baykuş,
17သိမ်းမျိုး၊ ဇီးကွက်၊
18peçeli baykuş, ishakkuşu, akbaba,
18ကြိုးကြာ၊ ဣဗိတ်၊ ငှက်
19leylek, balıkçıl türleri, ibibik, yarasa.
19ကျား၊ ဝံပို၊ ဝံလို၊-တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊-
20‹‹ ‹Dört ayaklı ve kanatlı böceklerin hepsi sizin için iğrençtir.
20အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်သော တိရစ္ဆာန်မျိုးရှိသမျှတို့သည် သင်တို့၌ ရွံရှာ ဘွယ်ဖြစ်ရကြမည်။
21Ama dört ayaklı ve kanatlı olup ayaklarını sıçramak için kullanan bazılarının etini yiyebilirsiniz.
21သို့ရာတွင် အတောင်ရှိလျက် ခြေလေးချောင်းနှင့် တွားတတ်၍၊ မြေပေါ်မှာ ခုန်စရာဘို့ အခြားခြေ ထက်ရှည်သော ခြေထောက်ရှိသော တိရစ္ဆာန်တို့တွင်၊-
22Şunları yiyeceksiniz: Bütün çekirge türleri, küçük çekirge, cırcırböceği, ağustosböceği.
22အာရာဘကျိုင်းမျိုး၊ သလောင်ကျိုင်းမျိုး၊ ခရဂလကျိုင်းမျိုး၊ ခါဂပ်ကျိုင်းမျိုးကို စားရမည်။
23Öbür dört ayaklı, kanatlı böceklerin hepsi sizin için iğrenç sayılır.
23အတောင်ရှိ၍ ခြေလေးချောင်းနှင့် တွားတတ်သော အခြားတိရစ္ဆာန်တို့သည် သင်တို့၌ ရွံရှာဘွယ် ဖြစ်ရကြမည်။
24‹‹ ‹Sizi kirletecek şeyler şunlardır: Aşağıdaki hayvanların leşine dokunan akşama kadar kirli sayılacaktır.
24ထိုတိရစ္ဆာန်အားဖြင့် သင်တို့ စင်ကြယ်ခြင်း ပျက်တတ်၏။ သူတို့အသေကောင်ကို ထိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
25Kim aşağıdaki hayvanların leşini taşırsa giysilerini yıkayacak ve akşama kadar kirli sayılacaktır.
25ထိုအသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
26Çatal tırnaklı ama tırnağı yarık olmayan ve geviş getirmeyen her hayvan sizin için kirlidir. Bunlara dokunan da kirlenmiş sayılır.
26ခွါမကွဲပြားသော တိရစ္ဆာန်၊ စားမြုံ့မပြန်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်။ သူတို့ အသေကောင်ကို ထိသမျှသော သူတို့သည် မစင်ကြယ်ကြ။
27Dört ayaklı hayvanlardan pençelerini yere basarak yürüyenler sizin için kirlidir. Bunların leşine dokunanlar akşama kadar kirli sayılacaktır.
27ခွါမရှိသောသားအမျိုးမျိုးတို့သည် သင်တို့၌ မစင်ကြယ်ကြ။ သူတို့အသေကောင်ကို ထိသော သူသည် ညဦးတိုင်အောင် မစင်ကြယ်။
28Bunların leşini taşıyanlar giysilerini yıkayacak ve akşama kadar kirli sayılacaktır. Çünkü bu hayvanlar sizin için kirlidir.
28သူတို့ အသေကောင်ကို ဆောင်သွားသောသူသည် မိမိအဝတ်ကို လျော်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။
29‹‹ ‹Küçük kara hayvanları içinde sizin için kirli sayılanlar şunlardır: Gelincik, fare, bütün kertenkele türleri -geko, varan, duvar kertenkelesi, düz keler- bukalemun.
29မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တို့တွင် ပွေး၊ ကြွက်၊ အိမ်မျှောင်မျိုး၊-
31Sizin için kirli sayılan küçük kara hayvanları bunlardır. Bunların leşine dokunan akşama kadar kirli sayılacaktır.
30တောက်တဲ့၊ မြွေပါ၊ သင်းချော၊ ပုတတ်၊ ပုတ်သင်တို့သည် သင်တို့၌ မစင်ကြယ်ကြ။
32Bunlardan birinin leşi neyin üzerine düşerse onu da kirletir. İster tahta kap, ister giysi, ister deri, ister çul olsun suya konmalıdır. Akşama kadar kirli sayılacak ve akşam temizlenmiş olacaktır.
31သူတို့အသေကောင်ကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
33Bunlardan biri toprak kabın içine düşerse, kabın içindekiler kirli sayılacaktır. Toprak kap kırılmalıdır.
32ထိုအသေကောင်သည် သစ်ခွက်၊ အဝတ်၊ အရေ၊ အမွှေး၊ အိတ်အစရှိသော အသုံးအဆောင် တစုံ တခုပေါ်သို့ကျလျှင် ထိုအသုံးအဆောင် မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်း မစင်ကြယ်။ ထိုနောက် စင်ကြယ်လိမ့်မည်။
34Toprak kaptaki sulu yiyecek ve her içecek kirli sayılacaktır.
33မြေခွက်တစုံတခုပေါ်သို့ အသေကောင်ကျလျှင် ထိုမြေခွက် မစင်ကြယ်သောကြောင့် ခွဲရမည်။
35Bunlardan birinin leşi neyin üzerine düşerse onu da kirletir. Üzerine düştüğü ister fırın olsun, ister ocak, parçalanmalıdır. Çünkü onlar kirlidir ve sizin için kirli sayılacaktır.
34ထိုမြေခွက်ရေသည်၊ စားစရာ အမဲသားပေါ်သို့ ကျလျှင်၊ အမဲသားမစင်ကြယ်။ ထိုမြေခွက်၌ သောက်စရာရေလည်း မစင်ကြယ်။
36Ancak kaynak ya da su sarnıcı temiz sayılacaktır; ama bunların leşine dokunan kirli sayılacaktır.
35အကြင်အရာအပေါ်၌ ထိုအသေကောင်ကျ၏။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ခုံလောက်ဖြစ်စေ၊ မစင် ကြယ်ရာသို့ ရောက်၍ သင်တို့၌ မစင်ကြယ်သောကြောင့် ဖြိုဖျက်ရမည်။
37Eğer bu hayvanlardan birinin leşi ekin tohumunun üzerine düşerse, o tohum temiz sayılacaktır.
36သို့ရာတွင် ရေစုဝေးရာ စမ်းရေတွင်း၊ တူးသော ရေတွင်းသည် မစင်ကြယ်ရာသို့ မရောက်။ အသေ ကောင်ကို ထိမိသော အရာသာ မစင်ကြယ်ရာသို့ရောက်၏။
38Ama suya konmuş tohumun içine düşerse, tohum sizin için kirlidir.
37ကြဲစရာ မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် မစင်ကြယ်ရာသို့မရောက်။
39‹‹ ‹Eti yenen hayvanlardan biri ölürse, leşine dokunan akşama kadar kirli sayılacaktır.
38ရေ၌စိမ်ထားပြီးသော မျိုးစေ့အပေါ်၌ ထိုအသေကောင်ကျလျှင်၊ မျိုးစေ့သည် သင်တို့၌ မစင်ကြယ်။
40Hayvanın leşinden yiyen giysilerini yıkayacak ve akşama kadar kirli sayılacaktır. Leşi taşıyan da giysilerini yıkayacak ve akşama kadar kirli sayılacaktır.
39သင်တို့စားအပ်သော တိရစ္ဆာန်သေလျှင်၊ အသေကောင်ကို ထိမိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။
41‹‹ ‹Bütün küçük kara hayvanları iğrençtir. Yenmeyecektir.
40ထိုအသေကောင်ကို စားသောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။ ထိုအသေကောင်ကို ဆောင်သွားသောသူသည်လည် မိမိအဝတ်ကို လျှော်ရမည်။ ညဦးတိုင်အောင် မစင်ကြယ်။
42İster karnı üzerinde sürünen, ister dört ayaklı ya da çok ayaklı canlılar olsun, bunların hiçbirini yemeyeceksiniz. Çünkü bunlar iğrençtir.
41မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် ရွံရှာဘွယ်ဖြစ်၍ သင်တို့မစားရ။
43Bunların hiçbiriyle kendinizi kirletmeyin, iğrenç duruma sokmayın, kirli duruma düşmeyin.
42ခြေမရှိ၊ ဝမ်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းဖြင့် သွားသည်ဖြစ်စေ၊ ခြေလေးချောင်းမက များသော ခြေဖြင့်သွားသည်ဖြစ်စေ၊ မြေပေါ်တွားတတ်သော တိရစ္ဆာန် တစုံတခုကိုမျှ မစားရ။ ရွံရှာဘွယ် ဖြစ်၏။
44Tanrınız RAB benim. Kendinizi kutsayın ve kutsal olun. Çünkü ben kutsalım. Küçük kara hayvanlarının hiçbiriyle kendinizi kirletmeyin.
43တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့် သင်တို့သည် ကိုယ်ကို ရွံ့ရှာဘွယ် မဖြစ်စေရ။ ထိုသို့ အားဖြင့် ကိုယ်ညစ်ညူးအောင် ကိုယ်၌မစင်ကြယ်သည်ကို မပြုရ။
45Tanrınız olmak için sizi Mısırdan çıkaran RAB benim. Kutsal olun, çünkü ben kutsalım.
44ငါသည် သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည်လည်း ကိုယ့်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်းရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံ တခုအားဖြင့်မျှ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။
46‹‹ ‹Kirli olanı temizden, eti yeneni eti yenmeyenden ayırt edebilmeniz için hayvanlar, kuşlar, suda toplu halde yaşayan bütün canlılar ve küçük kara hayvanlarıyla ilgili yasa budur.› ››
45ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော ထာဝရဘုရား ဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊
46သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။
47ဤရွေ့ကားစင်ကြယ်၊ မစင်ကြယ်၊ စားအပ်၊ မစားအပ်သော တိရစ္ဆာန်တို့ကို ပိုင်းခြားစေခြင်းငှါ၊ သား၊ ငှက်၊ ရေ၌သွား၍ အသက်ရှင်သော တိရစ္ဆာန်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်ရှိသမျှ နှင့် ဆိုင်သောတရားဟု မိန့်တော်မူ၏။