Turkish

Myanmar

Leviticus

15

1RAB Musayla Haruna şöyle dedi:
1တဖန် မောရှေနှင့် အာရုန်အား ထာဝရဘုရားက၊-
2‹‹İsrail halkına deyin ki, ‹Adamın erkeklik organında akıntı varsa, akıntı kirlidir.
2သင်တို့သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ရိနာစွဲသော ယောက်ျားသည် မစင်ကြယ်။
3Akıntı ister devam etsin, ister kesilsin adamı kirletir. Akıntının neden olduğu kirlilikler şunlardır:
3အစဉ်ယိုသည်ဖြစ်စေ၊ တခါတလေ ရပ်သည်ဖြစ်စေ၊ ထိုသူသည် မစင်ကြယ်။
4Üzerinde yattığı her yatak ve oturduğu her şey kirli sayılacaktır.
4အိပ်သမျှထိုင်သမျှသော အိပ်ရာထိုင်ရာတို့သည်လည်း မစင်ကြယ်။
5Kim yatağına dokunursa, giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
5သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာ ထိုင်သောသူ၊
6Adamın üzerine oturduğu bir eşyaya oturan da giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
6သူ၏ ကိုယ်ကို ထိသောသူ၊
7Kim akıntısı olan adamın bedenine dokunursa giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
7သူ၏ တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေးချိုးရမည်။
8Eğer akıntısı olan adam temiz bir adama tükürürse, o kişi giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
8ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
9Akıntısı olan adamın bindiği her eyer kirli sayılacaktır.
9ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10Adamın üzerine oturduğu ya da yattığı herhangi bir eşyaya dokunan, akşama kadar kirli sayılacaktır. Bu eşyaları taşıyan herkes giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
10သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11Akıntısı olan adam ellerini yıkamadan kime dokunursa o kişi giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
11ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
12Akıntısı olan adamın dokunduğu toprak kap parçalanacak, tahta kap ise suyla çalkalanacaktır.
12ရိနာစွဲသောသူ ထိသော မြေတန်ဆာကို ခွဲရမည်။ သစ်သား တန်ဆာကို ရေနှင့်ဆေးရမည်။
13‹‹ ‹Eğer adamın akıntısı kesilirse, paklanmak için yedi gün bekleyecek. Sonra giysilerini yıkayacak, akarsuda yıkanacak ve temiz sayılacak.
13ရိနာစွဲသောသူသည် အနာပျောက်သောအခါ၊ ပျောက်သောနေ့ကစ၍၊ ခုနစ်ရက်လွန်မှ မိမိအဝတ်ကို လျှော်၍၊ စီးသောရေနှင့် ကိုယ်ကိုချိုးသဖြင့် စင်ကြယ်ရ၏။
14Sekizinci gün iki kumru ya da iki güvercin alıp RABbin huzuruna, Buluşma Çadırının giriş bölümüne gelecek ve bunları kâhine verecek.
14အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့တော်၌ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အား ပေးရမည်။
15Kâhin birini günah sunusu, ötekini yakmalık sunu olarak sunacak. Böylece akıntısı olan adamı RABbin huzurunda arıtacak.
15ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ရိနာစွဲသော သူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။
16‹‹ ‹Eğer bir adamdan meni akarsa, bedeninin tümünü yıkayacak ve akşama kadar kirli sayılacaktır.
16ယောက်ျားသည် သုတ်ရည်ထွက်လျှင် တကိုယ်လုံး ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
17Üzerine meni bulaşan her giysi ya da deri eşya yıkanacak, akşama kadar kirli sayılacaktır.
17သုတ်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကို ရေနှင့်လျှော်ရမည်။
18Bir adam kadınla cinsel ilişkide bulunurken menisi akarsa, ikisi de yıkanacak ve akşama kadar kirli sayılacaklardır.
18ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံး ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
19‹‹ ‹Âdet gördüğü için kan kaybeden kadın yedi gün kirli sayılacak. Ona dokunan da akşama kadar kirli sayılacak.
19မိန်းမသည် ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကို ထိသောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
20Âdet gördüğü günlerde kadının üzerinde yattığı ya da oturduğu her şey kirli sayılacaktır.
20ဥတုမစင်ကြယ်လျက် အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။
21Kim kadının yatağına dokunursa, giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
21သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကို ထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။
22Kim kadının üzerine oturduğu herhangi bir şeye dokunursa, o da giysilerini yıkayacak, yıkanacak, akşama kadar kirli sayılacaktır.
22ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
23Kadının yatağındaki ya da oturduğu şeyin üzerindeki herhangi bir eşyaya dokunan herkes akşama kadar kirli sayılacaktır.
23သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
24Âdet gören kadının kirliliği onunla yatan adama da bulaşır. Adam yedi gün kirli kalır ve yattığı her yatak kirli sayılır.
24ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှ လည်း မစင်ကြယ်ဖြစ်၏။
25‹‹ ‹Eğer bir kadının âdet günleri dışında uzun süreli bir kanaması varsa, ya da kanaması âdet günlerinden sonra da devam ediyorsa, kanaması olduğu sürece âdet günlerinde olduğu gibi kirli sayılır.
25ဥတုမစင်ကြယ်ရာ ကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။
26Kanaması olduğu sürece, âdet günlerinde olduğu gibi, yattığı her yatak ve üzerine oturduğu her şey kirli sayılacaktır.
26အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့၎င်း၊ ထိုင်ရာသည် ၎င်း မစင်ကြယ်ဖြစ်၏။
27Kim bunlara dokunursa kirli sayılacak. Giysilerini yıkayacak, yıkanacak, akşama kadar kirli kalacaktır.
27ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
28‹‹ ‹Ama kanama durursa, kadın yedi gün bekleyecek, sonra temiz sayılacaktır.
28ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။
29Sekizinci gün iki kumru ya da iki güvercin alıp Buluşma Çadırının giriş bölümüne getirecek ve bunları kâhine verecek.
29အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
30Kâhin birini günah sunusu, ötekini yakmalık sunu olarak sunacak. Böylece kadını kanamasından doğan kirlilikten RABbin huzurunda arıtacak.
30ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ဥတုမစင် ကြယ်သော မိန်းမအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။
31‹‹ ‹İsrail halkını kirliliğinden arındıracaksın. Öyle ki, aralarında bulunan konutumu kirletip kirlilik içinde ölmesinler.› ››
31ထိုသို့ ဣသရေလအမျိုးသားတို့သည် မိမိတို့တွင်ရှိသော ငါ့တဲတော်ကို ညစ်ညူးစေ၍၊ မိမိတို့ မစင် ကြယ်ရာ၌ မသေစေခြင်းငှါ၊ သူတို့ကို မစင်ကြယ်ခြင်းနှင့် ကင်းစင်စေရမည်။
32Akıntısı olan, boşalarak kirlenen adam, âdet gören kadın, akıntısı olan erkek ya da kadın ve kirli sayılan kadınla yatan erkekle ilgili yasa budur.
32ဤရွေ့ကား၊ ရိနာစွဲသောသူ၊
33သုတ်ရည်ထွက်၍ ညစ်ညူးသောသူ၊- ဥတုရောက်သော မိန်းမ၊ သံဝါသပြုသော ယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့် သံဝါသပြုသောယောက်ျား စောင့်ရသောတရား ဖြစ်သတည်းဟု မိန့်တော် မူ၏။