Turkish

Myanmar

Leviticus

3

1‹‹ ‹Eğer biri esenlik kurbanı olarak sığır sunmak istiyorsa, RABbe erkek ya da dişi, kusursuz bir hayvan sunmalı.
1နွားကို မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို ၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။
2Elini sununun başına koyup onu Buluşma Çadırının giriş bölümünde kesmeli. Harun soyundan gelen kâhinler kanı sunağın her yanına dökecekler.
2ပူဇော်သော နွား၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
3Kişi esenlik sunusunun bazı parçalarını RAB için yakılan sunu olarak sunmalı. Sununun bağırsak ve işkembe yağlarını,
3အအူကို ဖုံးသောဆီဥ၊ -
4böbreklerini, böbrek üstü yağlarını, karaciğerden böbreklere uzanan perdeyi ayıracak.
4အအူနှင့် ဆိုင်သမျှသော ဆီဥ၊ ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ် ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊
5Harunun oğulları sunakta yanan odunların üzerinde duran yakmalık sununun üzerinde bunları yakacak. Yakılan sunu, RABbi hoşnut eden kokudur.
5အာရုန်၏ သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာ တင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
6‹‹ ‹Eğer kişi esenlik kurbanı olarak RABbe davar sunmak istiyorsa, erkek ya da dişi, sunusu kusursuz olmalı.
6ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီး အမတကောင် ကောင်ကို ဆက်ရမည်။
7Eğer kuzu sunmak istiyorsa, RABbin önünde sunmalı.
7သိုးသငယ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ပြီးမှ၊
8Elini sununun başına koyup onu Buluşma Çadırının önünde kesmeli. Harunun oğulları kanı sunağın her yanına dökecekler.
8ပူဇော်သော သိုး၏ ခေါင်းပေါ်မှာ မိမိလက်ကို တင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည် ဖြန်းရမည်။
9Kişi esenlik kurbanının bazı parçalarını RAB için yakılan sunu olarak sunmalı. Yağını almalı, kuyruk sokumunun dibinden bütün kuyruk yağını kesmeli, bağırsak ve işkembe yağlarını,
9အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကို ဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသော အဆီဥ၊ -
10böbreklerini, böbrek üstü yağlarını, karaciğerden böbreklere uzanan perdeyi ayırmalı.
10ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိဿဟာယ ယဇ်ကောင်ထဲက ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
11Kâhin bunları sunağın üzerinde yakacak. RAB için yakılan yiyecek sunusudur bu.
11ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။
12‹‹ ‹Eğer sunusu keçi ise, onu RABbin önünde sunmalı.
12ဆိတ်ကို ပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊-
13Elini sununun başına koyup onu Buluşma Çadırının önünde kesmeli. Harunun oğulları kanı sunağın her yanına dökecekler.
13ဆိတ်ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏ သားတို့သည် အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
14RAB için yakılan sunu olarak sunudan şunları ayırıp sunmalı: Bağırsak ve işkembe yağlarını, böbrekleri, böbrek üstü yağlarını, karaciğerden böbreklere uzanan perdeyi.
14အအူကို ဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊-
16Kâhin bütün bunları sunağın üzerinde yakacak. Yakılan yiyecek sunusudur bu. Kokusu RABbi hoşnut eder. Yağın tümü RABbe aittir.
15ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ် ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ် ၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သက္ကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့် ပြုသော ပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊-
17Hayvan yağı ve kan yemeyeceksiniz. Yaşadığınız her yerde kuşaklar boyunca bu kural hep geçerli olacak.› ››
16ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မွှေးကြိုင်ရာဘို့ မီးဖြင့် ပြုသော ပူဇော်သက္ကာ အစာအဟာရ ဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။
17သင်တို့အမျိုး အစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကို မစားရဟု ထာဝရ ပညတ်တော် ဖြစ်သည်ဟု မိန့်တော်မူ၏။