Turkish

Myanmar

Leviticus

5

1‹‹ ‹Lanetleneceğini bile bile gördüğüne ya da bildiğine tanıklık etmeyen kişi günah işlemiş olur ve suçunun cezasını çekecektir.
1တစုံတယောက်သောသူသည် အမှုကို မြင်သည်ဖြစ်စေ၊ သိသည်ဖြစ်စေ၊ ကျိန်ဆိုစေသော စကားကို ကြား၍၊ သက်သေဖြစ်လျက်နှင့် ပြန်မပြောဘဲနေသဖြင့် ပြစ်မှား၍၊ မိမိ ဒုစရိုက် အပြစ်ကို ခံရသော်၎င်း၊
2‹‹ ‹Biri bilmeden kirli sayılan herhangi bir şeye, yabanıl, evcil ya da küçük bir hayvan leşine dokunursa, kirlenmiş olur ve suçlu sayılır.
2တစုံတယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏ အသေကောင် အစရှိသော မစင်ကြယ်သော အရာတစုံတခုကို အမှတ်တမဲ့ ထိမိသဖြင့်၊ မစင်ကြယ် ရာသို့ ရောက်၍ အပြစ်ရှိသော်၎င်း၊
3‹‹ ‹Biri bilmeden kirli sayılan bir insana ya da insandan kaynaklanan kendisini kirletecek herhangi bir şeye dokunursa, ne yaptığını anladığı an suçlu sayılacaktır.
3လူ၌ ကပ်သော မစင်ကြယ်သော အရာတစုံတခုကိုလည်း၊ မသိဘဲ ထိမိ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
4‹‹ ‹Biri hangi konuda olursa olsun, kötülük ya da iyilik yapmak için, düşünmeden ve ne yaptığını bilmeden ant içerse, bunu anladığı an suçlu sayılacaktır.
4တစုံတယောက်သော သူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ်တစုံတခု ရောက်သော်၎င်း၊
5‹‹ ‹Kişi bu suçlardan birini işlediği zaman, günahını itiraf etmeli.
5ထိုသို့သောအပြစ် တစုံတခု ရောက်လျှင်၊ ထိုအပြစ်ကို ဘော်ပြ တောင်းပန်းရမည်။
6Günahının bedeli olarak RABbe bir suç sunusu getirmeli. Bu sunu küçükbaş hayvanlardan olmalı. Dişi bir kuzu ya da keçi olabilir. Kâhin kişinin günahını bağışlatacaktır.
6ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာ ယဇ်ဖြစ်စေခြင်းငှါ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသော ဒုစရိုက်ဖြေရာယဇ်ကို ထာဝရဘုရား အထံတော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူ၏ အပြစ်အတွက် အပြစ်ဖြေခြင်းကို ပြုရမည်။
7‹‹ ‹Eğer kuzu alacak gücü yoksa, suçuna karşılık biri günah sunusu, öbürü yakmalık sunu olmak üzere RABbe iki kumru ya da iki güvercin sunmalı.
7သိုးသငယ်ကို မတတ်နိုင်လျှင်၊ ပြစ်မှားမိသော အပြစ်အတွက် အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ မီးရှို့ရာယဇ်ဘို့ တကောင်၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို ထာဝရဘုရား အထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
8Bunları kâhine getirmeli. Kâhin önce günah sunusunu sunacak. Kuşun boynunu kırmalı, ama başını koparmamalı.
8ယဇ်ပုရောဟိတ် ရှေ့သို့ ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် အပြစ်ဖြေရာ ယဇ်ကောင်ကို အရင်ပူဇော်လျက်၊ ခေါင်းကိုလိမ်၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမခွဲရ။
9Sununun kanından birazını sunağın yan yüzüne serpmeli. Artakalan kan sunağın dibine akıtılmalı. Bu günah sunusudur.
9ထိုအပြစ်ဖြေရာ ယဇ်ကောင်အသွေးကို ယဇ်ပလ္လင်နံရံ၌ဖြန်း၍၊ ကြွင်းသော အသွေးကို ယဇ်ပလ္လင် ခြေရင်းနားမှာ ညှစ်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။-
10Kâhin bundan sonra ikinci kuşu yakmalık sunu olarak kurallara göre sunacak. Kâhin kişinin günahını bağışlatacak ve kişi bağışlanacak.
10ဒုတိယ ငှက်ကောင်ကို၊ ပညတ်တရားအတိုင်း မီးရှို့ရာ ယဇ်ပူဇော်ရ မည်။ ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏ အပြစ်လွတ်လိမ့်မည်။
11‹‹ ‹Eğer iki kumru ya da iki güvercin alacak gücü yoksa, günahına karşılık günah sunusu olarak onda bir efafç ince un getirmeli. Üzerine zeytinyağı dökmemeli, günnük de koymamalı; çünkü bu günah sunusudur.
11ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို မတတ်နိုင်လျှင်၊ ပြစ်မှားသောသူသည် အပြစ်ဖြေရာယဇ် အရာ၌ မုန့်ညက်တဩမဲကို ဆောင်ခဲ့၍၊ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သော ကြောင့် ဆီကို မလောင်းရ။ လောဗန်ကို မတင်ရ။
12Onu kâhine vermeli. Kâhin anma payı olarak bir avuç dolusu alıp sunakta, RAB için yakılan sunuların üzerinde yakacak. Bu günah sunusudur.
12ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော်သက္ကာအတွက် အတာကိုယူ၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာနှင့် အတူ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သတည်း။
13Kâhin kişinin günahını bağışlatacak ve kişi bağışlanacak. Tahıl sunusunda olduğu gibi, artakalan un kâhinin olacaktır.› ››
13ထိုသို့ ယဇ်ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှားမိသော အပြစ် တစုံတခုအတွက် အဖြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏ အပြစ်လွှတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ် ပူဇော်သက္ကာကဲ့သို့၊ ယဇ်ပုရော ဟိတ်အဘို့ ဖြစ်သည်ဟု မောရှေအား မိန့်တော်မူ၏
14RAB Musaya şöyle dedi:
14တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
15‹‹Eğer biri RABbe adanmış nesnelere el uzatır, bilmeden günah işlerse, suç sunusu olarak RABbe küçükbaş hayvanlardan kusursuz bir koç getirmeli. Değeri gümüş şekelle, kutsal yerin şekeliyle ölçülmeli.
15တစုံတယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသော အပြစ်မပါသော သိုးထီးကို ၎င်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
16Adanmış nesneler konusunda işlediği günahın karşılığını ödemeli ve beşte birini üzerine ekleyip kâhine vermeli. Kâhin suç sunusu olan koçla kişinin günahını bağışlatacak ve kişi bağışlanacak.
16ထိုသို့ ဘုရားနှင့်ဆိုင်သော အရာ၌ ပြစ်မှားမိရာကို ပြုပြင်ပြီးလျှင်၊ ငါးစုတစုကိုလည်း ထပ်၍ ယဇ်ပုရောဟိတ်အား ပေးရမည်။ ယဇ်ပုရောဟိတ်သည်လည်း၊ ဒုစရိုက်ဖြေရာယဇ်ဖြစ်သော သိုးအား ဖြင့်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။
17‹‹Eğer biri günah işler, RABbin buyruklarından birinde yasak olanı yaparsa, bilmeden yapsa bile, suç işlemiş olur; suçunun cezasını çekecektir.
17တစုံတယောက်သောသူသည်၊ ထာဝရဘုရား ပညတ်တော်မူသော အမှုတစုံတခုကို ပြု၍ ပြစ်မှား မိလျှင်၊ ကိုယ်ပြစ်မှားမှန်းကို မသိသော်လည်း၊ အပြစ်ရောက်၍၊ ထိုအပြစ်ကိုခံရမည်။ -
18Kâhine suç sunusu olarak küçükbaş hayvanlardan belli değeri olan kusursuz bir koç getirmeli. Kâhin kişinin bilmeden işlediği günahı bağışlatacak ve kişi bağışlanacak.
18ဒုစရိုက်ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ အပြစ်မပါသော သိုးထီးကို ဆောင်ခဲ့ရမည်။ တရားကိုမသိ ပြစ်မှားမိသော်လည်း၊ ကိုယ်ပြစ်မှားမှန်းကို မသိသောသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကို ပြုလျှင်၊ ထိုသူ၏ အပြစ်လွတ်လိမ့်မည်။
19Bu suç sunusudur. Kişi gerçekten RAB'be karşı suç işlemiştir.››
19ဒုစရိုက်ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ် ထိုသူသည် ထာဝရဘုရားကို ပြစ်မှားရာ ရောက်သတည်းဟု မိန့်တော်မူ၏။