Turkish

Myanmar

Nehemiah

10

1Antlaşmayı mühürleyenler şunlardı:
1တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
2Kâhinler: Seraya, Azarya, Yeremya,
2စရာယ၊ အာဇရိ၊ ယေရမိ၊
3Paşhur, Amarya, Malkiya,
3ပါရှုရ၊ အာမရိ၊ မာလခိယ၊
4Hattuş, Şevanya, Malluk,
4ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
5Harim, Meremot, Ovadya,
5ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
6Daniel, Ginneton, Baruk,
6ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
7Meşullam, Aviya, Miyamin,
7မေရှုလံ၊ အဘိယ၊ မိယာမိန်၊
8Maazya, Bilgay, Şemaya.
8မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊
9Levililer: Azanya oğlu Yeşu, Henadat oğullarından Binnuy, Kadmiel;
9လေဝိသားအာဇနိသား ယောရှုတပါး၊ ဟေနဒဒ် သား ဗိနွိတပါး၊ ကပ်မျေလတပါး၊
10arkadaşları Şevanya, Hodiya, Kelita, Pelaya, Hanan,
10သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာ ယ၊ ဟာနန်၊
11Mika, Rehov, Haşavya,
11မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊-
12Zakkur, Şerevya, Şevanya,
12ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
13Hodiya, Bani, Beninu.
13ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊-
14Halk önderleri: Paroş, Pahat-Moav, Elam, Zattu, Bani,
14လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊
15Bunni, Azgat, Bevay,
15ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
16Adoniya, Bigvay, Adin,
16အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
17Ater, Hizkiya, Azzur,
17အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊
18Hodiya, Haşum, Besay,
18ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊
19Harif, Anatot, Nevay,
19ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
20Magpiaş, Meşullam, Hezir,
20မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
21Meşezavel, Sadok, Yaddua,
21မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
22Pelatya, Hanan, Anaya,
22ပေလတိ၊ ဟာနန်၊ အနာယ၊
23Hoşea, Hananya, Haşşuv,
23ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊
24Halloheş, Pilha, Şovek,
24ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
25Rehum, Haşavna, Maaseya,
25ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
26Ahiya, Hanan, Anan,
26အဟိယ၊ ဟာနန်၊ အာနန်၊-
27Malluk, Harim, Baana.
27မလ္လုတ်၊ ဟာရိမ်၊ ဗာနာတည်း။
28‹‹Halkın geri kalanı, kâhinler, Levililer, tapınak görevlileri ve kapı nöbetçileri, ezgiciler, Tanrının Yasası uğruna çevre halklardan ayrılmış olan herkes, karıları ve anlayıp kavrayacak yaştaki oğullarıyla, kızlarıyla birlikte
28ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန် အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
29soylu kardeşlerine katıldılar. Tanrının, kulu Musa aracılığıyla verdiği yasaya göre yaşamak, Egemenimiz RABbin bütün buyruklarına, ilkelerine, kurallarına uymak üzere ant içtiler, uymayacaklara lanet okudular.
29ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍၎င်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံး ဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍၎င်း၊
30‹‹Çevremizdeki halklara kız verip kız almayacağız.
30ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေး စား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်း မယူဘဲနေပါမည်ဟူ၍၎င်း၊
31‹‹Çevre halklardan Şabat Günü ya da kutsal bir gün eşya veya tahıl satmak isteyen olursa almayacağız. Yedi yılda bir toprağı sürmeyeceğiz ve bütün alacaklarımızı sileceğiz.
31ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာ ကိုရောင်းခြင်းငှါ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြား သော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ် ခြင်းအမှုကိုမပြု၊ ကြွေးကိုအနိုင်မတောင်းဘဲနေပါ မည်ဟူ၍၎င်း၊ ကျိန်ဆိုလျက် သစ္စာဂတိထားကြ၏။
32‹‹Tanrımızın Tapınağının giderlerini karşılamak üzere hepimiz sorumluluk alıyoruz. Her yıl şekelin üçte birini vereceğiz. Bu para adak ekmekleri, günlük tahıl sunusu ve yakmalık sunular, Şabat günleri, Yeni Aylar ve öbür bayramlarda sunulan kurbanlar, kutsal sunular, İsrailin günahlarını bağışlatacak sunular ve Tanrımızın Tapınağının öteki işleri için harcanacak.
32ထိုမှတပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှု တည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော် မုန့်၊
34‹‹Kâhinler, Levililer ve halk hep birlikte kura çektik. Aileler her yıl Kutsal Yasaya uygun olarak Tanrımız RABbin sunağında yakılmak üzere belirli zamanlarda odun getirecek.
33မြဲသောမီးရှို့ရာယဇ်၊ဓမ္မပွဲ၊ သန့်ရှင်းသောအသုံး အဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာ ယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအား လုံးစုံကို ဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ်လျှင် ငွေ တကျပ်သုံးစုတစုစီ ပေးရမည်အကြောင်း ကိုယ်အဘို့ စီရင်ထုံးဖွဲ့ကြ၏။
35‹‹Ayrıca her yıl toprağımızın ve meyve ağaçlarımızın ilk ürününü RABbin Tapınağına götüreceğiz.
34ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာထင်း ပူဇော်သက္ကာကို၊ တနှစ်တနှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ ဘုရားသခင်၏ အိမ်တော်သို့ဆောင်ခဲ့ရမည် အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသားပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။
36‹‹Yasaya uygun olarak, ilk doğan oğullarımızı, hayvanlarımızı, ilk doğan sığırlarımızı ve davarlarımızı Tanrımızın Tapınağına, tapınakta hizmet eden kâhinlere götüreceğiz.
35အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုး ကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း၊
37‹‹Hamurlu yiyeceklerimizin, kaldırdığımız ürünlerin, bütün ağaçlarımızın meyvelerinin, yeni şarabımızın, zeytinyağımızın ilkini Tanrımızın Tapınağının depolarına getirip kâhinlere vereceğiz. Toprağımızın ondalığını Levililere vereceğiz, çünkü çalıştığımız bütün kentlerde ondalıkları onlar topluyor.
36ပညတ္တိကျမ်းစာ၌ရေးထားသည်အတိုင်း၊ အဦး ဘွားသော သားယောက်ျားနှင့် အဦးဘွားသော သိုးနွား အစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ် ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည် အကြောင်း၊
38Levililer ondalıkları toplarken Harun soyundan bir kâhin yanlarında bulunacak. Levililer topladıkları ondalığın onda birini Tanrımızın Tapınağındaki depolara, hazine odalarına bırakacak.
37အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သက္ကာ၊ သစ်သီး အမျိုးမျိုး၊ စပျစ်ရည်၊ ဆီကိုယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော် အခန်းသို့၎င်း၊ လယ်လုပ်သော မြို့ရွာရှိသမျှ တို့၌ မြေအသီးအနှံဆယ်ဘို့တဘို့ကို လေဝိ သားတို့ထံသို့ ၎င်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
39İsrail halkıyla Levililer, buğdaydan, yeni şaraptan, zeytinyağından verilen armağanları, tapınak eşyalarının, kâhinlerin, tapınak kapı nöbetçilerinin ve ezgicilerin bulunduğu odalara koyacaklar. ‹‹Artık Tanrımız'ın Tapınağı'nı göz ardı etmeyeceğiz.››
38လေဝိသားတို့သည် ဆယ်ဘို့တဘို့ကို ခံယူသော အခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသား တို့သည်လည်း ဆယ်ဘို့တဘို့ထဲက ဆယ်ဘို့တဘို့ကို နှုတ် ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြ မည်။
39လေဝိသားအစရှိသော ဣသရေလအမျိုးသား တို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သက္ကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရော ဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။