1RAB Musaya şöyle dedi:
1တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
2‹‹Dövme gümüşten iki borazan yapacaksın; bunları topluluğu çağırmak ve halkın yola çıkması için kullanacaksın.
2သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
3İki borazan birden çalınınca, bütün topluluk senin yanında, Buluşma Çadırının girişi önünde toplanacak.
3တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
4Yalnız biri çalınırsa, önderler, İsrailin oymak başları senin yanında toplanacak.
4တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။
5Borazan kısa çalınınca, doğuda konaklayanlar yola çıkacak.
5နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။
6İkinci kez kısa çalınınca da güneyde konaklayanlar yola çıkacak. Borazanın kısa çalınması oymakların yola çıkması için bir işarettir.
6ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။
7Topluluğu toplamak için de borazan çaldırt, ama kısa olmasın.
7ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။
8‹‹Borazanları kâhin olan Harunoğulları çalacak. Borazan çalınması sizler ve gelecek kuşaklar için kalıcı bir kural olacak.
8အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
9Sizi sıkıştıran düşmana karşı ülkenizde savaşa çıktığınızda, borazan çalın. O zaman Tanrınız RAB sizi anımsayacak, sizi düşmanlarınızdan kurtaracak.
9သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။
10Sevinçli olduğunuz günler -kutladığınız bayramlar ve Yeni Ay Törenlerinde- yakmalık sunular ve esenlik kurbanları üzerine borazan çalacaksınız. Böylelikle Tanrınızın önünde anımsanmış olacaksınız. Ben Tanrınız RABbim.››
10သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
11İkinci yılın ikinci ayının yirminci günü bulut Levha Sandığının bulunduğu konutun üzerinden kalktı.
11ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊
12İsrailliler de Sina Çölünden göç etmeye başladılar. Bulut Paran Çölünde durdu.
12ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။
13Bu, RABbin Musa aracılığıyla verdiği buyruk uyarınca ilk göç edişleriydi.
13ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
14Önce Yahuda sancağı bölükleriyle yola çıktı. Yahuda bölüğüne Amminadav oğlu Nahşon komuta ediyordu.
14ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။
15İssakar oymağının bölüğüne Suar oğlu Netanel,
15ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
16Zevulun oymağının bölüğüne de Helon oğlu Eliav komuta ediyordu.
16ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
17Konut yere indirilince, onu taşıyan Gerşonoğullarıyla Merarioğulları yola koyuldular.
17တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
18Sonra Ruben sancağı bölükleriyle yola çıktı. Ruben bölüğüne Şedeur oğlu Elisur komuta ediyordu.
18ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
19Şimon oymağının bölüğüne Surişadday oğlu Şelumiel,
19ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
20Gad oymağının bölüğüne de Deuel oğlu Elyasaf komuta ediyordu.
20ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
21Kehatlılar kutsal eşyaları taşıyarak yola koyuldular. Bunlar varmadan konut kurulmuş olurdu.
21ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
22Efrayim sancağı bölükleriyle yola çıktı. Efrayim bölüğüne Ammihut oğlu Elişama komuta ediyordu.
22ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ၏။
23Manaşşe oymağının bölüğüne Pedahsur oğlu Gamliel,
23မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
24Benyamin oymağının bölüğüne de Gidoni oğlu Avidan komuta ediyordu.
24ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
25En sonunda Dan sancağı ordunun artçı kolu olan bölükleriyle yola çıktı. Dan bölüğüne Ammişadday oğlu Ahiezer komuta ediyordu.
25နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ၏။
26Aşer oymağının bölüğüne Okran oğlu Pagiel,
26အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ၏။
27Naftali oymağının bölüğüne de Enan oğlu Ahira komuta ediyordu.
27နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
28Yola koyulduklarında İsrailli bölüklerin yürüyüş düzeni böyleydi.
28ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
29Musa, kayınbabası Midyanlı Reuel oğlu Hovava, ‹‹RABbin, ‹Size vereceğim› dediği yere gidiyoruz›› dedi, ‹‹Bizimle gel, sana iyi davranırız. Çünkü RAB İsraile iyilik edeceğine söz verdi.››
29မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
30Hovav, ‹‹Gelmem›› diye yanıtladı, ‹‹Ülkeme, akrabalarımın yanına döneceğim.››
30ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို၏။
31Musa, ‹‹Lütfen bizi bırakma›› diye üsteledi, ‹‹Çünkü çölde konaklayacağımız yerleri sen biliyorsun. Sen bize göz olabilirsin.
31မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
32Bizimle gelirsen, RABbin yapacağı bütün iyilikleri seninle paylaşırız.››
32ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
33RABbin Dağından ayrılıp üç günlük yol aldılar. Konaklayacakları yeri bulmaları için RABbin Antlaşma Sandığı üç gün boyunca önleri sıra gitti.
33ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
34Konakladıkları yerden ayrıldıklarında da RABbin bulutu gündüzün onların üzerinde duruyordu.
34သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
35Sandık yola çıkınca Musa, ‹‹Ya RAB, kalk! Düşmanların dağılsın, Senden nefret edenler önünden kaçsın!›› diyordu.
35သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
36Sandık konaklayınca da, ‹‹Ya RAB, binlerce, on binlerce İsrailli'ye dön!›› diyordu.
36သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။