Turkish

Myanmar

Numbers

15

1RAB Musaya şöyle dedi:
1တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
2‹‹İsrail halkına de ki, ‹Yerleşmek için size vereceğim ülkeye girince,
2သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
3RABbi hoşnut eden bir koku yapmak için yakmalık sunu, özel adak kurbanı, gönülden verilen sunu ya da bayram sunusu gibi yakılan sunu olarak RABbe sığır ya da davar sunacaksınız.
3သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
4Sunu sunan kişi RABbe tahıl sunusu olarak dörtte bir hin zeytinyağıyla yoğrulmuş onda bir efafü ince un sunacak.
4ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
5Yakmalık sunu ya da kurban için, her kuzuya dökmelik sunu olarak dörtte bir hin şarap hazırla.
5ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
6‹‹ ‹Koç sunarken tahıl sunusu olarak üçte bir hin zeytinyağıyla yoğrulmuş onda iki efa ince un hazırla.
6သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
7Dökmelik sunu olarak da üçte bir hin şarap sun. Bunları RABbi hoşnut eden koku olarak sunacaksın.
7ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
8RABbe yakmalık sunu, özel adak kurbanı ya da esenlik sunusu olarak bir boğa sunduğunda,
8ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
9boğayla birlikte tahıl sunusu olarak yarım hin zeytinyağıyla yoğrulmuş onda üç efa ince un sun.
9မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
10Ayrıca dökmelik sunu olarak yarım hin şarap sun. Yakılan bu sunu RABbi hoşnut eden bir koku olacak.
10နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
11Sığır, koç, davar -kuzu ya da keçi- böyle hazırlanacak.
11နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
12Kaç hayvan sunacaksan her biri için aynı şeyleri yapacaksın.
12ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
13‹‹ ‹Her İsrail yerlisi RABbi hoşnut eden koku olarak yakılan bir sunu sunarken bunları aynen yapmalıdır.
13ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
14Kuşaklar boyunca aranızda yaşayan bir yabancı ya da yerli olmayan bir konuk, RABbi hoşnut eden koku olarak yakılan bir sunu sunarken, sizin uyguladığınız kuralları uygulamalıdır.
14သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
15Sizin ve aranızda yaşayan yabancılar için topluluk aynı kuralları uygulamalıdır. Kuşaklar boyunca kalıcı bir kural olacak bu. RABbin önünde siz nasılsanız, aranızda yaşayan yabancı da aynı olacak.
15ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
16Size de aranızda yaşayan yabancıya da aynı yasalar ve kurallar uygulanacak.› ››
16သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
17RAB Musaya şöyle dedi:
17တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
18‹‹İsrail halkına de ki, ‹Sizi götüreceğim ülkeye girip
18ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
19o ülkenin ekmeğinden yediğinizde, bir kısmını bana sunacaksınız.
19ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
20İlk tahılınızdan sunu olarak bir pide sunacaksınız; bunu harmanınızdan bir sunu olarak sunacaksınız.
20အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
21İlk tahılınızdan yapılmış bu sunuyu kuşaklar boyunca RABbe sunacaksınız.› ››
21သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
22‹‹ ‹Eğer bilmeden günah işlediyseniz, RABbin Musaya verdiği buyruklardan herhangi birini -RABbin buyruk verdiği günden başlayarak Musa aracılığıyla size ve gelecek kuşaklara buyurduğu herhangi bir şeyi- yerine getirmediyseniz
22ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
24ve bu günah bilmeden işlendiyse, bütün topluluk RABbi hoşnut eden koku sunmak için yakmalık sunu olarak istenilen tahıl ve dökmelik sunuyla birlikte bir boğa, günah sunusu olarak da bir teke sunacaktır.
23သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
25Kâhin bütün İsrail topluluğunun günahını bağışlatacak, halk bağışlanacak. Çünkü bilmeyerek günah işlediler. İşledikleri günah yüzünden RAB için yakılan sunu olarak sunularını ve günah sunularını sundular.
24ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
26Bütün İsrail topluluğu da aranızda yaşayan yabancılar da bağışlanacaktır. Çünkü halk bilmeyerek bu günahı işledi.
25ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
27‹‹ ‹Eğer biri bilmeden günah işlerse, günah sunusu olarak bir yaşında bir dişi keçi getirmeli.
26ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
28Kâhin RABbin önünde, bilmeden günah işleyen kişinin günahını bağışlatacak. Bağışlatma yapılınca kişi bağışlanacak.
27လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
29Bilmeden günah işleyen İsrail yerlisi için de aranızda yaşayan yabancı için de aynı yasayı uygulayacaksınız.
28ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
30‹‹ ‹Yerli ya da yabancı biri bilerek günah işlerse, RABbe saygısızlık etmiştir. Bu kişi halkının arasından atılmalı.
29ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
31RABbin sözünü küçümsemiş, buyruklarına karşı gelmiştir. Bu nedenle o kişi halkının arasından kesinlikle atılacak, suçunun cezasını çekecektir.› ››
30ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
32İsrailliler çöldeyken, Şabat Günü odun toplayan birini buldular.
31ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
33Odun toplarken adamı bulanlar onu Musayla Harunun ve bütün topluluğun önüne getirdiler.
32ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
34Adama ne yapılacağı belirlenmediğinden onu gözaltında tuttular.
33တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
35Derken RAB Musaya, ‹‹O adam öldürülmeli. Bütün topluluk ordugahın dışında onu taşa tutsun›› dedi.
34သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
36Böylece topluluk adamı ordugahın dışına çıkardı. RABbin Musaya buyurduğu gibi, onu taşlayarak öldürdüler.
35ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
37RAB Musaya şöyle dedi:
36ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
38‹‹İsrail halkına de ki, ‹Kuşaklar boyunca giysinizin dört yanına püskül dikeceksiniz. Her püskülün üzerine lacivert bir kordon koyacaksınız.
37တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
39Öyle ki, püskülleri gördükçe RABbin buyruklarını anımsayasınız. Böylelikle RABbin buyruklarına uyacak, yüreğinizin, gözünüzün istekleri ardınca gitmeyecek, hainlik etmeyeceksiniz.
38သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
40Ta ki, bütün buyruklarımı anımsayıp tutasınız ve Tanrınız için kutsal olasınız.
39ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
41Tanrınız olmak için sizi Mısır'dan çıkaran Tanrınız RAB benim. Tanrınız RAB benim.› ››
40ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
41ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။