Turkish

Myanmar

Numbers

19

1RAB Musayla Haruna şöyle dedi:
1တဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန် တို့ကို ခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားဟူမူကား၊
2‹‹RABbin buyurduğu yasanın kuralı şudur: İsraillilere size kusursuz, özürsüz, boyunduruk takmamış kızıl bir inek getirmelerini söyleyin.
2အပြစ်မပါ၊ တခါမျှ ထမ်းဘိုးမတင်၊ ကွက်ကျား ခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုး သားတို့သည် ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့။
3İnek Kâhin Elazara verilsin; ordugahın dışına çıkarılıp onun önünde kesilecek.
3ယဇ်ပုရောဟိတ်ဧလာဇာ၌ အပ်၍ တပ်ပြင်သို့ ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူ သတ်ရမည်။
4Kâhin Elazar parmağıyla kanından alıp yedi kez Buluşma Çadırının önüne doğru serpecek.
4ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကို လက် နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ် ကြိမ် ဖြန်းရမည်။
5Sonra Elazarın gözü önünde inek, derisi, eti, kanı ve gübresiyle birlikte yakılacak.
5ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏ အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြား သူသည် မီးရှို့ရမည်။
6Kâhin biraz sedir ağacı, mercanköşkotu ve kırmızı iplik alıp yanmakta olan ineğin üzerine atacak.
6ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသော အထည်ကို ယူ၍၊ နွားမ မီးလောင်ရာထဲသို့ ပစ်ချရမည်။
7Sonra giysilerini yıkayacak, yıkanacak. Ancak o zaman ordugaha girebilir. Ama akşama dek kirli sayılacaktır.
7ထိုနောက် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို လည်း ရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
8İneği yakan kişi de giysilerini yıkayacak, yıkanacak. O da akşama dek kirli sayılacak.
8မီးရှို့သော သူသည်လည်း၊ မိမိအဝတ်ကို လျှော် ၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင် ကြယ် ဖြစ်လိမ့်မည်။
9‹‹Temiz sayılan bir kişi ineğin külünü toplayıp ordugahın dışında temiz sayılan bir yere koyacak. İsrail topluluğu temizlenme suyu için bu külü saklayacak; bu, günahtan arınmak içindir.
9စင်ကြယ်သောသူ တစုံတယောက်သည် နွားမ၏ ပြာကို စုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သော အရပ်၌ ထားရမည်။ ဣသရေလအမျိုး ပရိသတ်အဘို့ စင်ကြယ် စေသော ရေဘော်ဘို့၊ ထိုပြာကို သိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။
10İneğin külünü toplayan adam giysilerini yıkayacak, akşama dek kirli sayılacak. Bu kural hem İsrailliler, hem de aralarında yaşayan yabancılar için kalıcı olacaktır.
10နွားမ၏ပြာကို စုသိမ်းသောသူသည်လည်း၊ မိမိ အဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ် ဖြစ်လိမ့် မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသော တပါးအမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသော ပညတ်ဖြစ်သတည်း။
11‹‹Herhangi bir insan ölüsüne dokunan kişi yedi gün kirli sayılacaktır.
11လူသေကောင်ကို ထိသောသူသည် ခုနစ်ရက် မစင်ကြယ်ဖြစ်လိမ့်မည်။
12Üçüncü ve yedinci gün temizlenme suyuyla kendini arındıracak, böylece paklanmış olacak. Üçüncü ve yedinci gün kendini arındırmazsa, paklanmış sayılmayacak.
12သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကို သန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့် မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေ လျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင် မစင် ကြယ်ရ။
13Herhangi bir insan ölüsüne dokunup da kendini arındırmayan kişi RABbin Konutunu kirletmiş olur. O kişi İsrailden atılmalı. Temizlenme suyu üzerine dökülmediği için kirli sayılır, kirliliği üzerinde kalır.
13လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
14‹‹Çadırda biri öldüğü zaman uygulanacak kural şudur: Çadıra giren ve çadırda bulunan herkes yedi gün kirli sayılacaktır.
14တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။
15Kapağı iple bağlanmamış, ağzı açık her kap kirli sayılacaktır.
15မဖုံးဘဲ ဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။
16‹‹Kırda kılıçla öldürülmüş ya da doğal ölümle ölmüş birine, insan kemiğine ya da mezara her dokunan yedi gün kirli sayılacaktır.
16သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေ အရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌ တွေ့၍ထိလျှင်၊ ခုနစ်ရက် ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
17‹‹Kirli sayılan kişi için bir kabın içine yakılan günah sunusunun külünden koyun, üstüne duru su dökeceksiniz.
17မစင်ကြယ်သောသူဘို့ အပြစ်ကင်းစေရာ မီးရှို့ သောနွားမ၏ပြာအချို့ကို ယူ၍၊ စီးသောရေနှင့်အတူ အိုး၌ထည့်ပြီးမှ၊
18Temiz sayılan bir adam mercanköşkotunu alıp suya batıracak. Sonra çadırın, bütün eşyaların ve orada bulunanların üzerine serpecek. Kemiğe, öldürülmüş ya da doğal ölümle ölmüş kişiye ya da mezara dokunanın üzerine de suyu serpecek.
18စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။
19Temiz sayılan adam, üçüncü ve yedinci gün kirli sayılanın üzerine suyu serpecek. Yedinci gün onu arındıracak. Arınan kişi giysilerini yıkayacak, yıkanacak ve akşam temiz sayılacak.
19စင်ကြယ်သောသူသည် မစင်ကြယ်သောသူကို သုံးရက်မြောက်သောနေ့၊ ခုနစ်ရက်မြောက်သောနေ့၌ ဖြန်းရ မည်။ ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကို သန့်ရှင်းစေ လျက်၊ မိမိအဝတ်ကို လျှော်၍ ရေချိုးလျှင်၊ ညဦးအချိန် တွင် စင်ကြယ်လိမ့်မည်။
20Ancak, kirli sayılan biri kendini arındırmazsa topluluğun arasından atılmalı. Çünkü RABbin Tapınağını kirletmiştir. Temizlenme suyu üzerine dökülmediği için kirli sayılır.
20မစင်ကြယ်သောသူသည် ကိုယ်ကို သန့်ရှင်း စေခြင်းငှါမပြုလျှင်၊ ထာဝရဘုရား၏ သန့်ရှင်းရာဌာန တော်ကို ညစ်ညူးစေသောကြောင့်၊ ပရိသတ်မှ ပယ်ရှင်း ခြင်းကို ခံရမည်။ စင်ကြယ်စေသော ရေဖြန်းခြင်းကို မခံသောကြောင့်၊ မစင်ကြယ်ဘဲနေ၏။
21Onlar için bu kural kalıcı olacaktır. Temizlenme suyunu serpen kişi de giysisini yıkamalı. Temizlenme suyuna dokunan kişi akşama dek kirli sayılacak.
21အစဉ်အမြဲစောင့်ရသော ပညတ်ဟူမူကား၊ စင်ကြယ်သော ရေကို ဖြန်းသောသူသည် မိမိအဝတ်ကို လျှော်ရမည်။ ထိုရေကို ထိသောသူလည်း၊ ညဦးတိုင် အောင် မစင်ကြယ်ဖြစ်လိမ့်မည်။
22Kirli sayılan birinin dokunduğu nesne kirli sayılır; o nesneye dokunan da akşama dek kirli sayılır.››
22မစင်ကြယ်သောသူ ထိသမျှသော အရာသည် လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိသောသူ လည်း ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။