1Çok sayıda hayvanı olan Rubenlilerle Gadlılar Yazer ve Gilat topraklarının hayvanlar için uygun bir yer olduğunu gördüler.
1ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
2Musayla Kâhin Elazara ve topluluğun önderlerine giderek, ‹‹RABbin yardımıyla İsrail halkının ele geçirdiği Atarot, Divon, Yazer, Nimra, Heşbon, Elale, Sevam, Nevo, Beon kentlerini içeren bölge hayvanlar için uygun bir yer›› dediler, ‹‹Kullarınızın da hayvanları var.
2မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
5Bizden hoşnut kaldıysanız, bu ülkeyi mülk olarak bize verin ki, Şeria Irmağının karşı yakasına geçmek zorunda kalmayalım.››
3အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
6Musa, ‹‹İsrailli kardeşleriniz savaşa giderken siz burada mı kalacaksınız?›› diye karşılık verdi,
4ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
7‹‹RABbin kendilerine vereceği ülkeye giden İsraillilerin neden cesaretini kırıyorsunuz?
5သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
8Ülkeyi araştırsınlar diye Kadeş-Barneadan gönderdiğim babalarınız da aynı şeyi yaptılar.
6မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
9Eşkol Vadisine kadar gidip ülkeyi gördükten sonra, RABbin kendilerine vereceği ülkeye gitmemeleri için İsraillilerin gözünü korkuttular.
7ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
10O gün RAB öfkelenerek şöyle ant içti:
8ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
11‹Madem bütün yürekleriyle ardımca yürümediler, Mısırdan çıkanlardan yirmi ve daha yukarı yaştakilerin hiçbiri İbrahime, İshaka, Yakupa ant içerek söz verdiğim ülkeyi görmeyecek.
9ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
12Kenaz soyundan Yefunne oğlu Kalevle Nun oğlu Yeşudan başkası orayı görmeyecek. Çünkü onlar bütün yürekleriyle ardımca yürüdüler.›
10ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
13İsraillilere öfkelenen RAB, gözünde kötülük yapan o kuşak büsbütün yok oluncaya dek kırk yıl onları çölde dolaştırdı.
13ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
14‹‹İşte, ey günahkârlar soyu, babalarınızın yerine siz geçtiniz ve RABbin İsraile daha çok öfkelenmesine neden oluyorsunuz.
14ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
15Eğer Onun ardınca yürümekten vazgeçerseniz, bütün bu halkı yine çölde bırakacak; siz de bu halkın yok olmasına neden olacaksınız.››
15သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
16Gadlılarla Rubenliler Musaya yaklaşıp, ‹‹Burada hayvanlarımız için ağıllar yapmamıza, çocuklarımız için yeniden kentler kurmamıza izin ver›› dediler,
16ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
17‹‹Kendimiz de hemen silahlanıp İsraillileri kendilerinin olacak ülkeye götürünceye dek onlara öncülük edeceğiz. Ülke halkı yüzünden çocuklarımız surlu kentlerde yaşayacak.
17သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
18Her İsrailli mülküne kavuşmadan evlerimize dönmeyeceğiz.
18ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။
19Şeria Irmağının karşı yakasında onlarla birlikte mülk almayacağız, çünkü bizim payımız Şeria Irmağının doğu yakasına düştü.››
19ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
20Musa şöyle yanıtladı: ‹‹Bu söylediklerinizi yapar, RABbin önünde savaşa gitmek üzere silahlanıp
20မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
21RAB düşmanlarını kovuncaya dek hepiniz Onun önünde Şeria Irmağının karşı yakasına silahlı olarak geçerseniz,
21ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
22ülke ele geçirildiğinde dönebilir, RABbe ve İsraile karşı yükümlülüğünüzden özgür olursunuz. RABbin önünde bu topraklar sizin olacaktır.
22သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
23‹‹Ama söylediklerinizi yapmazsanız, RABbe karşı günah işlemiş olursunuz; günahınızın cezasını çekeceğinizi bilmelisiniz.
23ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
24Çocuklarınız için yeniden kentler kurun, davarlarınız için ağıllar yapın. Yeter ki, verdiğiniz sözü yerine getirin.››
24သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
25Gadlılarla Rubenliler, ‹‹Efendimiz, bize buyurduğun gibi yapacağız›› diye yanıtladılar,
25ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
26‹‹Çoluk çocuğumuz, sığırlarımızla öbür hayvanlarımız burada, Gilat kentlerinde kalacak.
26ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
27Ama buyurduğun gibi, silahlanmış olan herkes RABbin önünde savaşmak üzere karşı yakaya geçecek.››
27ကိုယ်တော် ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
28Musa Gadlılarla Rubenliler hakkında Kâhin Elazara, Nun oğlu Yeşuya ve İsrail oymaklarının aile başlarına buyruk verdi.
28ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
29Şöyle dedi: ‹‹Gadlılarla Rubenlilerden silahlanmış olan herkes RABbin önünde sizinle birlikte Şeria Irmağının karşı yakasına geçerse, ülkeyi de ele geçirirseniz, Gilat bölgesini miras olarak onlara vereceksiniz.
29ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
30Ama silahlanmış olarak sizinle ırmağın karşı yakasına geçmezlerse, Kenan ülkesinde sizinle miras alacaklar.››
30သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
31Gadlılarla Rubenliler, ‹‹RABbin bize buyurduğunu yapacağız›› dediler,
31ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
32‹‹Silahlanmış olarak RABbin önünde Kenan ülkesine gideceğiz. Ama alacağımız mülk Şeria Irmağının doğu yakasında olacak.››
32ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
33Böylece Musa Gadlılarla Rubenlilere ve Yusuf oğlu Manaşşe oymağının yarısına Amorluların Kralı Sihonun ülkesiyle Başan Kralı Ogun ülkesini ve çevrelerindeki topraklarla kentleri verdi.
33ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
34Gadlılar surlu Divon, Atarot, Aroer, Atrot-Şofan, Yazer, Yogboha, Beytnimra ve Beytharan kentlerini yeniden kurdular, davarları için ağıllar yaptılar.
34ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
37Rubenliler Heşbon, Elale, Kiryatayim, Nevo, Baal-Meon -bu son iki ad değiştirildi- ve Sivma kentlerini yeniden kurdular. Kurdukları kentlere yeni adlar verdiler.
35အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
39Manaşşe oğlu Makirin soyundan gelenler gidip Gilatı ele geçirerek, orada yaşayan Amorluları kovdular.
36ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
40Böylece Musa Gilatı Manaşşe oğlu Makirin soyundan gelenlere verdi; onlar da oraya yerleştiler.
37ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
41Manaşşe soyundan Yair gidip Amorluların yerleşim birimlerini ele geçirdi ve bunlara Havvot-Yair adını verdi.
38နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
42Novah da Kenat'la çevresindeki köyleri ele geçirerek oraya kendi adını verdi. gelir.
39မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
40မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
41မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
42နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။