1RAB Musaya şöyle dedi:
1ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊
2‹‹Haruna de ki, yedi kandili kandilliğin önünü aydınlatacak biçimde yerleştirsin.››
2မီးခွက်များကို ထွန်းသောအခါ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊
3Harun söyleneni yaptı. RABbin Musaya buyurduğu gibi, kandilleri kandilliğin önüne yerleştirdi.
3မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။
4Kandillik, ayağından çiçek motiflerine dek dövme altından, RABbin Musaya gösterdiği örneğe göre yapıldı.
4မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။
5RAB Musaya şöyle dedi:
5ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
6‹‹Levilileri İsraillilerin arasından ayırıp dinsel açıdan arındır.
6လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
7Onları arındırmak için şöyle yapacaksın: Günahtan arındırma suyunu üzerlerine serp; bedenlerindeki bütün kılları tıraş etmelerini, giysilerini yıkamalarını sağla. Böylece arınmış olurlar.
7စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။
8Sonra bir boğa ile tahıl sunusu için zeytinyağıyla yoğrulmuş ince un alsınlar; günah sunusu için sen de başka bir boğa alacaksın.
8ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊
9Levilileri Buluşma Çadırının önüne getir, bütün İsrail topluluğunu da topla.
9လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊
10Levilileri RABbin huzuruna getireceksin, İsrailliler ellerini üzerlerine koyacaklar.
10လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊
11Harun, RABbin hizmetini yapabilmeleri için, İsraillilerin arasından adak olarak Levilileri RABbe adayacak.
11သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
12‹‹Levililer ellerini boğaların başına koyacaklar; günahlarını bağışlatmak için boğalardan birini günah sunusu, öbürünü yakmalık sunu olarak RABbe sunacaksın.
12လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။
13Levililer Harunla oğullarının önünde duracaklar. Onları adak olarak RABbe adayacaksın.
13လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
14Levilileri öbür İsraillilerin arasından bu şekilde ayıracaksın. Levililer benim olacak.
14ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
15‹‹Sen onları arındırıp adak olarak adadıktan sonra, Levililer Buluşma Çadırındaki hizmeti yerine getirmeye başlayacaklar.
15ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊
16Çünkü İsrailliler arasından Levililer tümüyle bana verilmiştir. İlk doğanların, İsrailli kadınların doğurdukları ilk erkek çocukların yerine onları kendime ayırdım.
16ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။
17İsrailliler arasında ilk doğan insan ya da hayvan benimdir. Mısırda ilk doğanları yok ettiğim gün, onları kendime ayırdım.
17အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။
18İsrailde ilk doğan erkek çocukların yerine Levilileri seçtim.
18တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။
19İsrailliler kutsal yere yaklaştıklarında belaya uğramamaları için, onların adına Buluşma Çadırındaki hizmeti yerine getirmek ve günahlarını bağışlatmak üzere, onların arasından Levilileri Harunla oğullarına armağan olarak verdim.››
19သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ၏သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု၊
20Musa, Harun ve bütün İsrail topluluğu Levililer için söyleneni yaptılar. İsrailliler RABbin Musaya Levililerle ilgili verdiği her buyruğu yerine getirdiler.
20လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင်၊
21Levililer kendilerini günahtan arındırıp giysilerini yıkadılar. Sonra Harun onları RABbin huzurunda adak olarak adadı; onları arındırmak için günahlarını bağışlattı.
21သူတို့သည် စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့ အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ၏။
22Bundan sonra Levililer Harunla oğullarının sorumluluğu altında Buluşma Çadırındaki hizmetlerini yapmaya geldiler. RABbin Levililere ilişkin Musaya verdiği buyrukları yerine getirdiler.
22ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ၏ သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
23RAB Musaya şöyle dedi:
23တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
24‹‹Levililerle ilgili kural şudur: Yirmi beş ve daha yukarı yaşta olanlar Buluşma Çadırında hizmet edecekler.
24လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည်။
25Ancak elli yaşına gelince yaptıkları hizmetten ayrılıp bir daha çadırda çalışmayacaklar.
25အသက်ငါးဆယ်လွန်မှ အမှုလွတ်၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။
26Buluşma Çadırı'nda görev yapan kardeşlerine yardımcı olacaklar, ama kendileri hizmet etmeyecekler. Levililer'in sorumluluklarını böyle düzenleyeceksin.››