Turkish

Myanmar

Proverbs

12

1Terbiye edilmeyi seven bilgiyi de sever,Azarlanmaktan nefret eden budaladır.
1နည်းဥပဒေကို ခံချင်သောသူသည် ပညာ အတတ်ကို နှစ်သက်၏။ ဆုံးမခြင်းကိုမုန်းသော သူမူကား၊ တိရစ္ဆာန်သဘောရှိ၏။
2İyi kişi RABbin lütfuna erer,Ama düzenbazı RAB mahkûm eder.
2သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။
3Kötülük kişiyi güvenliğe kavuşturmaz,Ama doğruların kökü kazılamaz.
3လူသည်ဒုစရိုက်အားဖြင့် မြဲမြံခြင်းသို့ မရောက် ရာ။ ဖြောင့်မတ်သောသူ၏အမြစ်မူကား မရွေ့ရာ။
4Erdemli kadın kocasının tacıdır,Edepsiz kadınsa kocasını yer bitirir.
4သီလရှိသော မိန်းမသည် မိမိလင်၌ ဦးရစ်သရဖူ ဖြစ်၏။ အရှက်ခွဲတတ်သော မိန်းမမူကား၊ လင်၏အရိုး တို့၌ ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏။
5Doğruların tasarıları adil,Kötülerin öğütleri aldatıcıdır.
5ဖြောင့်မတ်သော သူ၏အကြံသည် ဖြောင့်၏။ မတရားသော သူပေးသော အကြံမူကား မုသာဖြစ်၏။
6Kötülerin sözleri ölüm tuzağıdır,Doğruların konuşmasıysa onları kurtarır.
6မတရားသော သူ၏စကားသည် သူ့အသက်ကို သတ်ခြင်းငှါ စောင်းမြောင်းတတ်၏။ ဖြောင့်မတ်သော သူ၏နှုတ်မူကား၊ သူတပါးတို့ကို ကယ်နှုတ်တတ်၏။
7Kötüler yıkılıp yok olur,Doğru kişinin evi ayakta kalır.
7မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။
8Kişi sağduyusu oranında övülür,Çarpık düşünceliyse küçümsenir.
8လူသည်ဥာဏ်ပညာရှိသည်အတိုင်း ချီးမွမ်းခြင်း ကိုခံရ၏။ သဘောကောက်သော သူမူကား၊ မထီမဲ့မြင် ပြုခြင်းကို ခံရ၏။
9Köle sahibi olup aşağılananBüyüklük taslayıp ekmeğe muhtaç olandan yeğdir.
9စားစရာမရှိဘဲ ဝါကြွားသောသူထက်၊ အသရေ မရှိ၊ ကိုယ်အလုပ်ကိုလုပ်ရသော သူသည်သာ၍ ကောင်း၏။
10Doğru kişi hayvanıyla ilgilenir,Ama kötünün sevecenliği bile zalimcedir.
10ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက် ကို နှမြောတတ်၏။ မတရားသောသူမူကား၊ ကရုဏာ အရာ၌ပင် ကြမ်းကြုတ်တတ်၏။
11Toprağını işleyenin ekmeği bol olur,Hayal peşinde koşansa sağduyudan yoksundur.
11မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
12Kötü kişi kötülerin ganimetini ister,Ama doğru kişilerin kökü ürün verir.
12မတရားသောသူသည် လူဆိုးသုံးတတ်သော ကျော့ကွင်းကို အလိုရှိ၏။ ဖြောင့်မတ်သော သူ၏အမြစ် မူကား၊ အသီးကိုသီးတတ်၏။
13Kötü kişinin günahlı sözleri kendisi için tuzaktır,Ama doğru kişi sıkıntıyı atlatır.
13စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်း ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက် တတ်၏။
14İnsan ağzının ürünüyle iyiliğe doyar,Elinin emeğine göre de karşılığını alır.
14လူသည်မိမိနှုတ်ခမ်းအသီးကို ဝစွာစားရ၏။ မိမိလက်လုပ်ရာ အကျိုးအပြစ်ကိုလည်း ခံရ၏။
15Ahmağın yolu kendi gözünde doğrudur,Bilge kişiyse öğüde kulak verir.
15မိုက်သောသူသည် မိမိပြုသောအမှုကို မှန်သည် ဟု ထင်တတ်၏။ အကြံပေးသောစကားကို နားထောင် သော သူမူကားပညာရှိ၏။
16Ahmak sinirlendiğini hemen belli eder,Ama ihtiyatlı olan aşağılanmaya aldırmaz.
16မိုက်သောသူ၏ အမျက်ဒေါသသည် ချက်ခြင်း ထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား၊ ရှက်စရာ အမှုကို ဖုံးတတ်၏။
17Dürüst tanık doğruyu söyler,Yalancı tanıksa hile solur.
17မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။
18Düşünmeden söylenen sözler kılıç gibi keser,Bilgelerin diliyse şifa verir.
18သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
19Gerçek sözler sonsuza dek kalıcıdır,Oysa yalanın ömrü bir anlıktır.
19သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာ လျှာမူကား ခဏသာတည်၏။
20Kötülük tasarlayanın yüreği hileci,Barışı öğütleyenin yüreğiyse sevinçlidir.
20မကောင်းသောအကြံကို ကြံသောသူတို့၏ စိတ် ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်း ငှါ အကြံပေးသော သူတို့၌ကား၊ ဝမ်းမြောက်စရာ အကြောင်းရှိ၏။
21Doğru kişiye hiç zarar gelmez,Kötünün başıysa beladan kurtulmaz.
21တရားသောသူ၌ အမင်္ဂလာမရောက်ရာ။ မတရားသော သူမူကား၊ အမင်္ဂလာနှင့်ပြည်ဝရလိမ့်မည်။
22RAB yalancı dudaklardan iğrenir,Ama gerçeğe uyanlardan hoşnut kalır.
22မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဘွယ်ဖြစ်၏။ သစ္စာတရားကို စောင့် ရှောက်သောသူတို့မူကား၊ နှစ်သက်တော်မူဘွယ် ဖြစ်ကြ ၏။
23İhtiyatlı kişi bilgisini kendine saklar,Oysa akılsızın yüreği ahmaklığını ilan eder.
23ပညာသတိရှိသောသူသည် မိမိသိသောအရာ ကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား၊ မိမိစိတ် အလိုအလျောက်မိုက်သောသဘောကို ထင်ရှားပြတတ် ၏။
24Çalışkanların eli egemenlik sürer,Tembellikse köleliğe götürür.
24လုံ့လဝိရိယ ပြုသောသူသည် အစိုးရတတ်၏။ ပျင်းရိသောသူမူကား၊ အခွန်ပေးရ၏။
25Kaygılı yürek insanı çökertir,Ama güzel söz sevindirir.
25ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေ တတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ် ၏။
26Doğru kişi arkadaşına da yol gösterir,Kötünün tuttuğu yolsa kendini saptırır.
26ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။
27Tembel kişi işini bitirmez,Oysa çalışkan değerli bir servet kazanır.
27ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
28Doğru yol yaşam kaynağıdır,Bu yol ölümsüzlüğe götürür.
28ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်း ဖြစ်၏။