1Duamı işit, ya RAB,Yalvarışlarıma kulak ver!Sadakatinle, doğruluğunla yanıtla beni!
1အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။
2Kulunla yargıya girme,Çünkü hiçbir canlı senin karşında aklanmaz.
2ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။
3Düşman beni kovalıyor,Ezip yere seriyor.Çoktan ölmüş olanlar gibi,Beni karanlıklarda oturtuyor.
3ရန်သူသည်အကျွန်ုပ်၏ဝိညာဉ်ကို ညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ၏။
4Bu yüzden bunalıma düştüm,Yüreğim perişan.
4အကျွန်ုပ်သည်စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက် ရှိပါ၏။
5Geçmiş günleri anıyor,Bütün yaptıklarını derin derin düşünüyor,Ellerinin işine bakıp dalıyorum.
5ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့်ပြုပြင် သော အရာများကို၎င်း ဆင်ခြင်ပါ၏။
6Ellerimi sana açıyorum,Canım kurak toprak gibi sana susamış. |iSela
6ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏။
7Çabuk yanıtla beni, ya RAB,Tükeniyorum.Çevirme benden yüzünü,Yoksa ölüm çukuruna inen ölülere dönerim.
7အိုထာဝရဘုရား၊ အလျင်အမြန် နားထောင် တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲ တော်မူသဖြင့်၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
8Sabahları duyur bana sevgini,Çünkü sana güveniyorum;Bana gideceğim yolu bildir,Çünkü duam sanadır.
8ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။
9Düşmanlarımdan kurtar beni, ya RAB;Sana sığınıyorum.
9အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကိုခိုလှုံပါ၏။
10Bana istemini yapmayı öğret,Çünkü Tanrımsın benim.Senin iyi RuhunDüz yolda bana öncülük etsin!
10အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော။
11Ya RAB, adın uğruna yaşam ver bana,Doğruluğunla kurtar beni sıkıntıdan.
11အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ၊ အကျွန်ုပ်၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ။
12Sevginden ötürü,Öldür düşmanlarımı,Yok et bütün hasımlarımı,Çünkü senin kulunum ben.
12ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ ရန်သူတို့ကို ပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။