1Tanrı gerçekten İsraile,Yüreği temiz olanlara karşı iyidir.
1အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
2Ama benim ayaklarım neredeyse tökezlemiş,Adımlarım az kalsın kaymıştı.
2ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။
3Çünkü kötülerin gönencini gördükçe,Küstahları kıskanıyordum.
3အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
4Onlar acı nedir bilmezler,Bedenleri sağlıklı ve semizdirfç. semizdir›› ya da ‹‹Ölürken acı çekmezler, bedenleri semizdir››.
4ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
5Başkalarının derdini bilmez,Onlar gibi çile çekmezler.
5သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။
6Bu yüzden gurur onların gerdanlığı,Zorbalık onları örten bir giysi gibidir.
6ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
7Şişmanlıktan gözleri dışarı fırlar,İçleri kötülük kazanı gibi kaynar.
7ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
8İnsanlarla eğlenir, kötü niyetle konuşur,Tepeden bakar, baskıyla tehdit ederler.
8ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
9Göklere karşı ağızlarını açarlar,Boş sözleri yeryüzünü dolaşır.
9သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
10Bu yüzden halk onlardan yana döner,Sözlerini ağzı açık dinler.
10ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
11Derler ki, ‹‹Tanrı nasıl bilir?Bilgisi var mı Yüceler Yücesinin?››
11ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။
12İşte böyledir kötüler,Hep tasasız, sürekli varlıklarını artırırlar.
12ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။
13Anlaşılan boş yere yüreğimi temiz tutmuşum,Ellerimi yıkamışım suçsuzum diye.
13အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
14Gün boyu içim içimi yiyor,Her sabah azap çekiyorum.
14နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
15‹‹Ben de onlar gibi konuşayım›› deseydim,Senin çocuklarına ihanet etmiş olurdum.
15ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
16Bunu anlamak için düşündüğümde,Zor geldi bana,
16ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
17Tanrının Tapınağına girene dek;O zaman anladım sonlarının ne olacağını.
17နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
18Gerçekten onları kaygan yere koyuyor,Yıkıma sürüklüyorsun.
18အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
19Nasıl da bir anda yok oluyor,Siliniveriyorlar dehşet içinde!
19တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
20Uyanan birisi için rüya nasılsa,Sen de uyanınca, ya Rab,Hor göreceksin onların görüntüsünü.
20အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
21Kalbim kırıldığında,İçim acı dolduğunda,
21ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
22Akılsız ve bilgisizdim,Karşında bir hayvan gibi.
22မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
23Yine de sürekli seninleyim,Sağ elimden tutarsın beni.
23သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
24Öğütlerinle yol gösterir,Beni sonunda yüceliğe eriştirirsin.
24အကျွန်ုပ်ကို ဥာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
25Senden başka kimim var göklerde?İstemem senden başkasını yeryüzünde.
25ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
26Bedenim ve yüreğim tükenebilir,Ama Tanrı yüreğimde güç,Bana düşen paydır sonsuza dek.
26အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
27Kuşkusuz yok olacak senden uzak duranlar,Ortadan kaldıracaksın sana vefasızlık edenleri.
27အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ၏။
28Ama benim için en iyisi Tanrı'ya yakın olmaktır;Bütün işlerini duyurayım diyeSığınak yaptım Egemen RAB'bi kendime.
28အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။