1Kardeşler! İsraillilerin kurtulmasını yürekten özlüyor, bunun için Tanrıya yalvarıyorum.
1ညီအစ်ကိုတို့၊ ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။
2Onlara ilişkin tanıklık ederim ki, Tanrı için gayretlidirler; ama bu bilinçli bir gayret değildir.
2ထိုသူတို့သည် မှန်သောပညာမရှိသော်လည်း၊ ဘုရားသခင် ဘက်၌ စိတ်အားကြီးသည်ဟု သူတို့အဘို့ ငါသက်သေခံ၏။
3Tanrının öngördüğü doğruluğu anlamadıkları ve kendi doğruluklarını yerleştirmeye çalıştıkları için Tanrının öngördüğü doğruluğa boyun eğmediler.
3ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်း ငှါ ရှာကြံသောကြောင့်၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။
4Oysa her iman edenin aklanması için Mesih, Kutsal Yasanın sonudur.
4ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။
5Musa, Kutsal Yasaya dayanan doğrulukla ilgili şöyle yazıyor: ‹‹Yasanın gereklerini yapan, onlar sayesinde yaşayacaktır.››
5မောရှေကလည်း၊ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်ဟု ပညတ်၊ တရားနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားကို ရည်မှတ်၍ ရေးထားသတည်း။
6İmana dayanan doğruluk ise şöyle diyor: ‹‹Yüreğinde, ‹Göğe -yani Mesihi indirmeye- kim çıkacak?› ya da, ‹Dipsiz derinliklere -yani Mesihi ölüler arasından çıkarmaya- kim inecek?› deme.››
6ယုံကြည်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းတရားဆိုသည်ကား၊
8Ne deniyor? ‹‹Tanrı sözü sana yakındır, Ağzında ve yüreğindedir.››
7ကောင်းကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူဆင်းလိမ့်မည်နည်းဟု စိတ်ထဲမှာ မအောက်မေ့နှင့်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါကောင်းကင်သို့ အဘယ်သူ တက်လိမ့်မည်နည်း။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေခြင်းငှါ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်းဟု ဆိုလိုသတည်း။
9İsanın Rab olduğunu ağzınla açıkça söyler ve Tanrının Onu ölümden dirilttiğine yürekten iman edersen, kurtulacaksın.
8တဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့် နီး၏။ သင်၏ နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ ဟောသောယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။
10Çünkü insan yürekten iman ederek aklanır, imanını ağzıyla açıklayarak kurtulur.
9အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
11Kutsal Yazı, ‹‹Ona iman eden utandırılmayacak›› diyor.
10ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။
12Çünkü Yahudi Grek ayrımı yoktur, aynı Rab hepsinin Rabbidir. Kendisini çağıranların tümüne eliaçıktır.
11ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြု သော သူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
13‹‹Rabbi adıyla çağıran herkes kurtulacak.››
12ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍၊ ကိုယ်တော်ကိုပဌာနပြုသော သူအပေါင်းတို့၌ ကျေးဇူး ကြွယ်ဝတော်မူ၏။
14Ama iman etmedikleri kişiyi nasıl çağıracaklar? Duymadıkları kişiye nasıl iman edecekler? Tanrı sözünü yayan olmazsa, nasıl duyacaklar?
13အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
15Sözü yaymaya gönderilmezlerse, sözü nasıl yayacaklar? Yazılmış olduğu gibi: ‹‹İyi haber müjdeleyenlerin ayakları ne güzeldir!››
14သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။
16Ne var ki, herkes Müjdeye uymadı. Yeşayanın dediği gibi: ‹‹Ya Rab, verdiğimiz habere kim inandı?››
15လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင် မည်နည်း။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသိတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။
17Demek ki iman, haberi duymakla, duymak da Mesihle ilgili sözün yayılmasıyla olur.
16သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာသိတင်းကို နားထောင်ကြသည်မဟုတ်။ ပရောဖက် ဟေရှာယ စကားဟူမူကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူယုံပါ သနည်းဟုဆို၏။
18Ama soruyorum: Onlar duymadılar mı? Elbet duydular. ‹‹Sesleri bütün yeryüzüne, Sözleri dünyanın dört bucağına ulaştı.››
17သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
19Yine soruyorum: İsrail anlamadı mı? Önce Musa, ‹‹Ben sizi ulus olmayanla kıskandıracağım, Anlayışsız bir ulusla sizi öfkelendireceğim›› diyor.
18သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟုငါဆို၏။
20Sonra Yeşaya cesaretle, ‹‹Aramayanlar beni buldu, Sormayanlara kendimi gösterdim›› diyor.
19တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေက၊ မရေရသော လူမျိုးအားဖြင့် သင်တို့သည် ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ ၎င်း၊ ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏။
21Öte yandan İsrail için şöyle diyor: ‹‹Söz dinlemeyen, asi bir halka Bütün gün ellerimi uzatıp durdum.››
20ဟေရှာယသည် သာ၍ရဲရင့်စွာဆိုသည်ကား၊ ငါ့ကိုမရှာသော သူတို့သည် ငါ့ကိုတွေ့ရကြ၏။ ငါ၏ အကြောင်းကို မေးမြန်းသောသူတို့၌ ငါထင်ရှားသည်ဟု ဆို၏။
21ဣသရေလလူတို့ကို ရည်မှတ်၍ တဖန်မိန့်တော်မူသည်ကား၊ နားမထောင်ငြင်းဆန်တတ်သော လူမျိုးသို့ တနေလုံးငါသည် လက်ဝါးကို ဖြန့်ရပြီဟု ဆိုသတည်း။