Turkish

Myanmar

Ruth

3

1Kaynanası Naomi bir gün Ruta, ‹‹Kızım, iyiliğin için sana rahat edeceğin bir yer aramam gerekmez mi?›› dedi.
1တဖန်ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော။
2‹‹Hizmetçileriyle birlikte bulunduğun Boaz akrabamız değil mi? Bak şimdi, bu akşam Boaz harman yerinde arpa savuracak.
2သင်ပေါင်းဘော်သော ကျွန်မတို့၏သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကိုလှေ့လျက်နေ၏။
3Yıkan, kokular sürün, giyinip harman yerine git. Ama adam yemeyi içmeyi bitirene dek orada olduğunu belli etme.
3သင်သည်ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့်။
4Adam yatıp uyuduğunda, nerede yattığını belle; sonra gidip onun ayaklarının üzerindeki örtüyü kaldır ve oracıkta yat. Ne yapman gerektiğini o sana söyler.›› anlamına gelirdi.
4သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
5Rut ona, ‹‹Söylediğin her şeyi yapacağım›› diye karşılık verdi.
5ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
6Harman yerine giderek kaynanasının her dediğini yaptı.
6ကောက်နယ်တလင်းသို့သွား၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ၏။
7Boaz yiyip içti, keyfi yerine geldi. Sonra harman yığınının dibinde uyumaya gitti. Rut da gizlice yaklaştı, onun ayaklarının üzerindeki örtüyü kaldırıp yattı.
7ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ်၍သူ့ခြေ၌ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ၏။
8Gece yarısı adam ürktü; yattığı yerde dönünce ayaklarının dibinde yatan kadını ayrımsadı.
8သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည်ခြေရင်း၌ရှိသည်ကိုသိလျက်၊
9Ona, ‹‹Kimsin sen?›› diye sordu. Kadın, ‹‹Ben kölen Rutum›› diye yanıtladı. ‹‹Kölenle evlen. Çünkü sen yakın akrabamızsın›› dedi.
9သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည်ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့်၊ ကိုယ်တော်၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော်၊
10Boaz, ‹‹RAB seni kutsasın, kızım›› dedi. ‹‹Bu son iyiliğin, ilkinden de büyük. Çünkü yoksul olsun, zengin olsun, gençlerin peşinden gitmedin.
10သူက၊ ငါ့သမီး၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော။ သင်သည်ငွေရ တတ်သောလူပျို၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏။
11Ve şimdi, korkma kızım; her istediğini yapacağım. Bütün kent halkı senin erdemli bir kadın olduğunu biliyor.
11မစိုးရိမ်နှင့်ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ၏။
12Yakın akrabanız olduğum doğrudur. Ama benden daha yakın biri var.
12ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ၏။ သို့သော်လည်းငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး၏။
13Geceyi burada geçir. Sabah olduğunda eğer adam senin için akrabalık görevini yaparsa ne âlâ, varsın yapsın. Ama o, akrabalık görevini yapmak istemezse, yaşayan RABbe ant içerim ki, bu görevi ben üstlenirim. Sen sabaha kadar yat.››
13ယနေ့ညမှာနေဦးတော့၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ။ ကောင်း၏။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
14Böylece Rut sabaha kadar Boazın ayakları dibinde yattı. Ama ortalık insanların birbirini seçebileceği kadar aydınlanmadan önce kalktı. Çünkü Boaz, ‹Harman yerine kadın geldiği bilinmemeli› demişti.
14ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို၏။
15Boaz Ruta, ‹‹Sırtındaki şalı çıkar, aç›› dedi. Rut şalı açınca Boaz içine altı ölçek arpa boşaltıp onun sırtına yükledi. Sonra Rut kente döndü.
15တဖန်သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည်မြို့ထဲသို့ သွားလေ၏။
16Rut geri dönünce kaynanası, ‹‹Nasıl geçti kızım?›› diye sordu. Rut, Boazın kendisi için yaptığı her şeyi anlattı.
16ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကို၎င်း၊
17Sonra ekledi: ‹‹ ‹Kaynanana eli boş dönme› diyerek bana bu altı ölçek arpayı da verdi.››
17သူက၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို၎င်း ကြားပြောလေ၏။
18Naomi, ‹‹Kızım, bu işin ne olacağını öğreninceye kadar evde kal›› dedi. ‹‹Çünkü Boaz bugün bu işi bitirmeden rahat edemeyecek.››
18ယောက္ခမာလည်း၊ ငါ့သမီး၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို၏။