1Keşke kardeşim olsaydın,Annemin memelerinden süt emmiş.Dışarıda görünce öperdim seni,Kimse de kınamazdı beni.
1ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မ သည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။
2Önüne düşer,Beni eğitenAnnemin evine götürürdüm seni;Sana baharatlı şaraplaKendi narlarımın suyundan içirirdim.
2ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
3Sol eli başımın altında,Sağ eli sarsın beni.
3သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
4Ant içiriyorum size, ey Yeruşalim kızları!Aşkımı ayıltmayasınız, uyandırmayasınız diye,Gönlü hoş olana dek.
4ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
5Kim bu,Sevgilisine yaslanarak çölden çıkan? Elma ağacı altında uyandırdım seni,Orada doğum sancıları çekti annen,Orada doğum sancıları çekip doğurdu seni.
5မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
6Beni yüreğinin üzerine bir mühür gibi,Kolunun üzerine bir mühür gibi yerleştir.Çünkü sevgi ölüm kadar güçlü,Tutku ölüler diyarı kadar katıdır.Alev alev yanar,Yakıp bitiren ateş gibi.
6ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
7Sevgiyi engin sular söndüremez,Irmaklar süpürüp götüremez.İnsan varını yoğunu sevgi uğruna verse bile,Yine de hor görülür!
7သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
8Küçük bir kızkardeşimiz var,Daha memeleri çıkmadı.Ne yapacağız kızkardeşimiz için,Söz kesileceği gün?
8ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
9Eğer o bir sursa,Üzerine gümüş mazgallı siper yaparız;Eğer bir kapıysa,Sedir tahtalarıyla onu kaplarız.
9သူသည်မြို့ရိုးဖြစ်လျှင်၊ သူ့အပေါ်မှာငွေပြအိုးကို ဆောက်မည်။ တံခါးဖြစ်လျှင် အာရဇ်ပျဉ်ပြားဖြင့် ခိုင်ခံ့ စေမည်။
10Ben bir surum, memelerim de kuleler gibi,Böylece hoşnut eden biri oldum onun gözünde.
10ငါသည်မြို့ရိုးဖြစ်၏။ ငါ့သားမြတ်တို့သည် ပြအိုး ကဲ့သို့ ဖြစ်ကြ၏။ သို့ဖြစ်၍၊ ရှေ့တော်၌ မျက်နှာရသော ကျေးဇူးရှိ၏။
11Süleymanın bağı vardı Baal-Hamonda,Kiraya verdi bağını;Her biri bin gümüş öderdi ürünü için.
11ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏ စပျစ် ဥယျာဉ်တဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ ငှါးသဖြင့် သူတို့ သည် အသီးကို စားရသည်အတွက် ငွေတထောင်စီ ဆက်ရကြ၏။
12Benim bağım kendi emrimde,Bin gümüş senin olsun, ey Süleyman,İki yüz gümüş de ürününe bakan kiracıların.
12ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
13Ey sen, bahçelerde oturan kadın,Arkadaşlar kulak veriyor sesine,Bana da duyur onu.
13ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
14Koş, sevgilim,Mis kokulu dağların üzerinde bir ceylan gibi,Geyik yavrusu gibi ol!
14အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။