1İlkbaharda RABden yağmur dileyin.Odur yağmur bulutlarını oluşturan.İnsanlara yağmur sağanaklarıVe herkese tarlada ot verir.
1နောက်မိုဃ်းရွာရာကာလတွင် မိုဃ်းရွာစေမည် အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာ မိုဃ်း ရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဘို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
2Oysa aile putlarından alınan yanıtlar boştur,Falcılar yalan görümler görürVe gerçek yanı olmayan düşler anlatarakBoşuna avuturlar.Bu yüzden halk sürü gibi dağınık,Sıkıntı çekiyor, çünkü çoban yok.
2တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသာ ရူပါရုံကိုမြင်၍၊ မမှန်သော အိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီးနှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည် သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
3RAB şöyle diyor:‹‹Öfkem çobanlara karşı alevlendi,Önderleri cezalandıracağım.Her Şeye Egemen RAB kendi sürüsünü,Yahuda halkını kayıracak.Görkemli savaş atı gibi yapacak onları.
3သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
4Köşe taşı,Çadır kazığı,Savaş yayıVe bütün önderler Yahudadan çıkacak.
4ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
5Savaşta düşmanlarını sokaklardaki çamurda çiğneyen yiğitler gibi olacaklar.RAB onlarla olduğu içinSavaşacak ve atlıları utandıracaklar.
5သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသော ရွှံ့ ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရ ဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
6‹‹Yahuda halkını güçlendireceğim,Yusuf soyunu kurtarıpSürgünden geri getireceğim.Çünkü onlara acıyorum.Sanki onları reddetmemişim gibi olacaklar.Çünkü ben onların Tanrısı RABbim ve onları yanıtlayacağım.
6ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ် အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက် သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဘူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ဘုရား သခင်ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင် မည်။
7Efrayimliler yiğitler gibi olacaklar,Şarap içmiş gibi yürekleri coşacak.Çocukları bunu görüp neşelenecek,Yürekleri RABde sevinç bulacak.
7ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သား မြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
8‹‹Islık çalıp onları toplayacağım,Onları kesinlikle kurtaracağım.Eskiden olduğu gibiYine çoğalacaklar.
8သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနှုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြားကြလိမ့်မည်။
9Onları halklar arasına dağıttımsa da,Uzak ülkelerde beni anımsayacaklar;Çocuklarıyla birlikte sağ kalacak ve geri dönecekler.
9သူတို့ကို တပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သား မြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
10Onları Mısırdan geri getirecek,Asurdan toplayacağım;Gilata, Lübnana getireceğim.Onlara yeterince yer bulunmayacak.
10သူတို့ကို အဲဂုတ္တုပြည်မှ တဖန် ငါဆောင်ခဲ့ဦး မည်။ အာရှုရိပြည်မှ ခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည် နှင့် လေဗနုန်ပြည်သို့ တဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11Sıkıntı denizinden geçecekler,Denizin dalgaları yatışacak,Nilin bütün derinlikleri kuruyacak.Asurun gururu alaşağı edilecek,Mısırın krallık asası elinden alınacak.
11ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
12Halkımı kendi gücümle güçlendireceğim,Adıma layık bir yaşam sürdürecekler.››Böyle diyor RAB.
12သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။