Turkish

Myanmar

Zechariah

6

1Yine gözlerimi kaldırıp baktım, iki tunç dağın arasından çıkıp gelen dört savaş arabası gördüm.
1တဖန် ငါမျှော်ကြည့်၍၊ ကြေးဝါဖြင့် ပြီးသော တောင်နှစ်လုံးကြားမှ ရထားလေးစီးထွက်လာ၏။
2Birinci savaş arabasının kızıl, ikincisinin siyah,
2ပဌမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊
3üçüncüsünün beyaz, dördüncüsünün benekli atları vardı. Atların hepsi güçlüydü.
3တတိယရထား၌မြင်းဖြူ၊ စတုတ္ထရထား၌ ခွန် အားကြီးသော မြင်းကျားတို့သည် ကလျက်ရှိကြ၏။
4Benimle konuşan meleğe, ‹‹Bunlar ne, efendim?›› diye sordum.
4အကျွန်ုပ်သခင်၊ ထိုရထားတို့ကား အဘယ်သို့ နည်းဟု ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
5Melek şöyle karşılık verdi: ‹‹Bunlar bütün dünyanın Rabbine hizmet ettikleri yerden çıkan göğün dört ruhudur.
5ကောင်းကင်တမန်က၊ ထိုရထားတို့သည်၊ မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ရှေ့ တော်၌ ရပ်နေရာမှ ထွက်သွားသော မိုဃ်းကောင်းကင် လေ လေးပါးဖြစ်၏။
6Siyah atların çektiği savaş arabası bölgenin kuzeyine, beyaz atlarınki batıya, benekli atlarınki de güneye doğru gidiyor.››
6ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွား ကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
7Yola çıktıklarında güçlü atlar yeryüzünü dolaşmak üzere gitmek istiyorlardı. Melek, ‹‹Gidin, yeryüzünü dolaşın!›› deyince, gidip yeryüzünü dolaştılar.
7ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
8Sonra melek bana seslendi: ‹‹Bak, bölgenin kuzeyine gidenler, orada öfkemi yatıştırdılar.››
8ကောင်းကင်တမန်သည်လည်း ငါ့ကို ခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။
9RAB bana şöyle seslendi:
9တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
10‹‹Armağanları sürgünden dönenlerden -Babilden gelen Helday, Toviya ve Yedayadan- al ve aynı gün Sefanya oğlu Yoşiyanın evine git.
10အရင်သိမ်းသွားခြင်းကို ခံရ၍ ယခု ဗာဗုလုန် မြို့မှ ပြန်လာသော ဟေလဒဲအမျိုး၊ တောဘိယအမျိုး၊ ယေဒါယအမျိုးအချို့တို့ကို ခေါ်၍၊ တနေ့ခြင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့ သွားပြီးသော်၊
11Aldığın altınla gümüşten bir taç yaparak Yehosadak oğlu Başkâhin Yeşunun başına tak.
11ရွှေငွေတို့ကို ယူ၍ သရဖူကို လုပ်ပြီးလျှင် ယောဇ ဒက်သား ယဇ်ပုရောဟိတ်မင်းယောရှု၏ ခေါင်းပေါ်မှာ တင်လော့။
12Ona Her Şeye Egemen RAB şöyle diyor de: ‹İşte Dal adındaki adam! Bulunduğu yerde filizlenecek ve RABbin Tapınağını kuracak.
12ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။
13Evet, RABbin Tapınağını kuracak olan odur. Görkemle kuşanacak, tahtında oturup egemenlik sürecek. Tahtında oturan kâhin olacak. İkisi arasında tam bir uyum olacak.›
13ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက် ပြီးလျှင်၊ ဘုန်းကြီး၍ မိမိရာဇပလ္လင်ပေါ်မှာ ထိုင်လျက် စိုးစံလိမ့်မည်။ ရာဇပလ္လင် တော် ပေါ်မှာ ယဇ်ပုရောဟိတ်လည်း ဖြစ်၍၊ ထိုနှစ်ပါးတို့သည် မိဿဟာယ ပဋိညာဉ်ကို ဖွဲ့ကြ လိမ့်မည်။
14Heldayınfı, Toviyanın, Yedayanın, Sefanya oğlu Yoşiyanın anısına taç RABbin Tapınağına konulacak.
14ထိုသရဖူသည်ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဘို့၊ ထာဝရဘုရား၏ ဗိမာန် တော်၌ သက်သေဖြစ်ရမည်။
15Uzaktakiler de gelip RAB'bin Tapınağı'nın yapımında çalışacak. Böylece beni size Her Şeye Egemen RAB'bin gönderdiğini anlayacaksınız. Tanrınız RAB'bin sözüne özenle uyarsanız bütün bunlar gerçekleşecektir.››
15ဝေးသော သူတို့သည်လည်းလာ၍ ထာဝရဘုရား၏ ဗိမာန်တော်၌ တည်ဆာက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ် တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို စေ့စေ့နားထောင်လျှင်၊ ဤသို့ ဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။