Ukranian: New Testament

Myanmar

2 Corinthians

6

1Помагаючи ж (Йому), благаємо вас, щоб ви марно благодать Божу не приймали.
1သင်တို့သည် ဘုရားသခင်၏ကျေးဇူတော်ကို အကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကို ဆောင် ရွတ်သောသူချင်းဖြစ်၍ သင်တို့ကို့ နှိုးဆော် သွေးဆောင်ကြ၏။
2(Бо глаголе: Приятного часу вислухав я тебе, і в день спасення поміг тобі. Ось тепер пора приятна, ось тепер день спасення.)
2ဗျာဒိတ်တော် အချက်ဟူမူကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီး။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကို ငါမစပြီဟု လာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန် ရှိ၏။ ယခုပင်ကယ်တင်ရာ နေ့ရက်ကာလရှိ၏။
3Ніякого нї в чому не даємо спотикання, щоб не було ганене служеннє,
3တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ၊ ထိမိ၍လဲစရာအကြောင်း တစုံတခုကိုမျှမပြု။
4а у всьому показуючи себе яко слуг Божих: у великому терпінню, в горю, в нуждах, в тіснотах,
4ညှင်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း၊
5в ранах, в темницях, в бучах, у працях, у недосипаннях, у постах,
5အရိုက်အပုဒ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတပါးရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက်၊
6в чистоті, в знанню, в довготерпінню, в добрості, в сьвятому Дусї, в любові нелицемірній,
6စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံခြင်း၊ ချစ်ယောင်မဆောင်အမှန်ချစ်ခြင်း၊
7в словах правди, в силї Божій, із зброєю праведности в правій і лївій,
7သမ္မာတရားကိုဟောခြင်း ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သောအကျင့်တည်း ဟူသော လက်နက်များကို လက်ျာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်၎င်း၊
8славою і безчестєм, ганьбою і хвалою; яко дуросьвіти, та правдиві;
8အသရေထင်ရှားခြင်းနှင့်ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံသဖြင့်၎င်း၊ လှည့်စားသောသူ ကဲ့သို့ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊
9яко незнані, та познані; яко вмираючі, і ось ми живі; яко карані, та не повбивані;
9အဘယ်သူမျှမသိသော သူကဲ့သို့ဖြစ်သော်လည်း ကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ ဖြစ်သော် လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့်ကင်း လွတ်သောသူ၊
10яко сумні, а завсїди веселі, яко вбогі, многих же збогачуючі; яко нічого немаючі, а все держучи.
10ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း၊ အစဉ် ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း၊ လူအများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့်၎င်း၊ ဘုရားသခင်ခန့်ထားတော်မူသော စမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။
11Уста наші відкрились до вас, Коринтяне,- серця, наші розпросторились.
11အချင်းကောရိနသုလူတို့၊ ငါတို့နှုတ်သည် သင်တို့အာ ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။
12Не стіснені ви в нас, а тїснитесь в утробах ваших.
12ငါတို့၌သင်တို့သည် ကျဉ်းမြောင်းသည် မဟုတ်။ ကိုယ်မေတ္တာ ကရုဏာ၌သာ ကျဉ်းမြောင်းကြ၏။
13Такою ж нагородою (кажу вам, як дїтям) розпросторітесь і ви.
13ငါတို့ကျေးဇူးကိုဆပ်ခြင်းအလို့ငှါ ကျယ်ဝန်းသောစိတ် ရှိကြလော့။ ထိုသို့ဆိုသော် ကိုယ်သားတို့ကို ဆိုသကဲ့သို့ ငါဆို၏။
14Не ходіть у жадному ярмі з невірними , яке бо товаришуванне праведности і беззаконня, і яка спільність сьвітла з темрявою?
14မယုံကြည်သောသူတို့နှင့်တွဲဖက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသောအမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည်မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။
15Яка ж згода в Христа з Велиялом? або яка часть вірному з невірним?
15ခရစ်တော်သည်ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည် သောသူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။
16І яка згода церкви Божої з ідолською? бо ви церква Бога живого, яко ж рече Бог: вселю ся в них, і ходити му; і буду їм Бог, а вони будуть менї люде.
16ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူ သည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူသည်နှင့်အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။
17Тимже вийдіть із між них, і відлучіть ся, глаголе Господь, і до нечистого не приторкайтесь; і я прийму вас,
17ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူတို့အထဲမှထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကိုငါသည် လက်ခံမည်။
18і буду вам за отця, а ви будете менї за синів і дочок, глаголе Господь Вседержитель.
18သင်တို့၏အဘဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့် ပြည့်စုံသောထာဝရဘုရား မိန့်တော်မူ၏။