Ukranian: New Testament

Myanmar

Acts

11

1Почули ж апостоли та брати, котрі були в Юдеї, що й погане прийняли слово Боже.
1တပါးအမျိုးသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည်ဟု ယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ် ကိုများတို့သည် ကြားသိကြ၏။
2І як прийшов Петр у Єрусалим, змагались із ним ті, що від обрізання,
2ပေတရုသည် ယေရုရှလင်မြို့သို့ တက်ရောက် လာသောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
3кажучи: Що до людей, обрізання немаючих, ходив єси і їв з ними.
3သင်သည် အရေဖျားလှီးခြင်းကို မခံသော လူတို့နှင့် ပေါင်းဘော် ၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
4Почавши ж Петр, виложив їм рядом, говорячи:
4ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင် အောင် ဘော်ပြသည်ကား၊
5Був я в городі, Йоппиї, і молячись бачив у захопленню видїннє: посудину якусь, що сходила, наче обрус великий, по чотирох кінцях спусканий з неба; і прийшов аж до мене.
5ငါသည်ယုပွေမြို့၌ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ခြုံထည် ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။
6Зазирнувши в него і розглянувши, бачив чотироногих землі, і зьвірів, і повзючих, і птиць небесних.
6ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ် သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။
7І чув я голос, що глаголав до мене: Встань, Петре, заколи та й їж.
7ထိုအခါ၊ ပေတရု၊ ထ၍ သတ်စားလော့ဟု ငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။
8Я ж сказав: Нї, Господи, бо ніщо погане або нечисте ніколи не входило в уста мої.
8ငါကလည်းမဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲ သို့တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
9Відказав же мені голос удруге з неба: Що Бог очистив, ти не погань,
9နောက်တဖန် စကားသံကား၊ ဘုရားသခင်စင် ကြယ်စေတော် မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
10Се сталось тричі, і знов потягнено було все на небо.
10ထိုသို့သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ဆွဲယူပြန်လေ၏။
11І ось зараз три чоловіки прийшли в господу, де я був, послані з Кесариї до мене.
11ထိုခဏခြင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ် သော လူသုံးယောက်တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
12Сказав же мені Дух ійти з ними, нічого не розбираючи. Пішли яе зо мною і шість братів, і ввійшли ми в господу до чоловіка;
12ငါသည်တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်းဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့် အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
13і звістив нам, як видїв ангела в господі своїй, що став і глаголав йому: Пішли в Йоппию людей, та поклич Симона, званого Петром.
13ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှား စွာရပ်လျက်၊ သင်သည်ယုပွေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။
14Він глаголати ме слова до тебе котрими спасеш ся ти й увесь дім твій.
14ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်း တရားစကား ကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြား လေ၏။
15Як же став я говорити, найшов Дух сьвятий на них, як і на нас у починї.
15ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက် ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။
16Згадав я тоді слово Господнє, як глаголав він: Йоан хрестив водою, а ви будете хреститись Духом сьвятим.
16ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့် မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
17Коли ж рівний дар дав їм Бог, як і нам, що увірували в Господа Ісуса Христа, то хто ж я такий, щоб міг заборонити Богові?
17သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည် နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည်ဖြစ်သောကြောင့်၊ ငါသည်အဘယ်သို့သောသူဖြစ်၍ ဘုရားသခင်ကို ဆီးတားနိုင်သနည်းဟု ပေတရုဆို၏။
18Вислухавши се, замовкли, і славили Бога, говорячи: То й поганам дав Бог покаянне в життє!
18ဤအကြောင်းအရာတို့ကို ထိုသူတို့သည် ကြားရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ် ဘုရား သခင်သည် အသက်ရှင်စေခြင်းအလိုငှါ၊ နောင်တ တရားကို တပါးအမျိုးသားတို့အားလည်းပေးတော်မူပြီဟု ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
19Ті ж, що порозсипались від гонення, що сталось на Стефана, пійшли аж у Финикию, Кипр і Антиохию, нікому не проповідуючи слова, тільки одним Жидам.
19ထိုမှတပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။
20Були ж деякі з них люде з Кипру і Киринеї, котрі, прийшовши в Антиохию, говорили до Єленян, благовіствуючи Господа Ісуса.
20နောက်မှထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သားဖြစ်၍ အန္တိအုတ်သို့သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်လူတို့အား ဟောပြောကြ၏။
21І була рука Господня з ними; і велике число увірувавши, навернулись до Господа.
21သခင်ဘုရား၏လက်ထောက်တော်သည် လူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။
22Дійшло ж про них слово до ушей церкви, що в Єрусалимі, і післали Варнаву, щоб пійшов аж до Антиохиї;
22ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌ရှိသော အသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင် အောင် သွားစေမည်အကြောင်း ဗာနဗ ကိုစေလွှတ်လေ၏။
23котрий прийшовши і видївши ласку Божу, зрадїв, і молив усїх, щоб у постановленню серця пробували в Господї.
23ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူး တော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။
24Бо був чоловік добрий, повний Духа сьвятого й віри; і прихилилось доволї народу до Господа.
24ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။
25Вийшов же Варнава в Тарс шукати Павла,
25ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။
26і, знайшовши його, привів його в Антиохию. Стало ся ж, що вони цїлий рік збирались у церкві, і навчали багато народу, і ученики в Антиохиї стали найперш звати ся Християнами.
26ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒ ပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။
27Тих же днів прийшли з Єрусалиму пророки в Антиохию.
27ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ အန္တိအုတ်မြို့ သို့လာကြ၏။
28Ставши ж один з них, на ймя Агав, віщував духом, що велика голоднеча мав бути по всій вселеннїй, яка й постала за Кдавдия кесаря.
28ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူ တယောက်သည်ထ၍၊ မြေတပြင်လုံး၌ အစာ အာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ဟု ဝိညာဉ်တော်အားဖြင့် ဘော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိ လက်ထက်၌ဖြစ်သတည်း။
29З учеників же, скільки хто міг, постановив кожен з них післати на допомогу братам, що жили в Юдеї.
29ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကို တို့အား အကူအမပေးလိုက် မည်ဟု၊
30Що й зробили, піславши до старших через руки Варнави та Савла.
30စီရင်ကြသည်နှင့်အညီ ဗာနဗနှင့်ရှောလုတို့တွင် သင်းအုပ်တို့ ထံသို့ပေးလိုက်ကြ၏။