1Нагодили ся ж деякі того часу, оповідуючи Йому про Галилейців, котрих кров Пилат змішав з жертвами їх.
1ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကို မိမိတို့ ပူဇော် သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊
2І озвавшись Ісус, рече їм: Чи думаєте, що Галилейцї сї грішниці від усіх Галилейцїв були, що так постраждали?
2ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
3Нї, глаголю вам; тільки ж, коли, не покаєтесь, усї так само погинете.
3သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို၏။
4Або ті вісїмнайцять, що впала на них башта в Силоамі та й побила, щ думаєте, що сї були більші довжники, над усіх людей що живуть в Єрусалимі?
4ထိုမှတပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်း တို့ထက်သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။
5Нї, глаголю вам; тільки ж, коли не покаєтесь, то всі так само погинете.
5သာ၍အပြစ်ရှိသည်မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ရောက်ကြ လိမ့်မည်။ ငါဆိုသည်ဟု မိန့်တော်မူ၏။
6Сказав же сю приповість: Смоківницю мав хтось у винограднику своїм посаджену; й прийшов овощу шукати на нїй, та й не знайшов,
6တဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင် တ ပင်ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်းမတွေ့။
7Рече ж до винаря: Ось три роки; приходжу, шукаючи овощу на смоківницї сїй, та й не знаходжу. Зрубай її, на що й землю займає?
7ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကိုနှောင့်ရှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။
8Він же, озвавшись, каже йому: Господи, зостав її і на се лїто, поки прокопаю круг неї та обложу гноєм,
8အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။
9чей зродить овощ; коли ж нї, тоді зрубаєш її.
9အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့် တော်မူ၏။
10Навчав же в одній школі по суботам.
10တနေ့သော ဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊
11І ось була жінка, маючи духа недуги вісїмнайцять років, і була сгорблена, й не могла зовсім випростатись.
11တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော မိန်းမတယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။
12Побачивши ж її Ісус, покликав, і рече їй: Жінко, одзволилась єси від недуги твоєї.
12ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါ နှင့် လွတ်၏ဟု မိန့်တော်မူလျက်၊
13І положив на неї руки, й зараз стала права, й прославляла Бога.
13သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ခြင်းတည့်မတ်ခြင်းသို့ရောက်၍ ဘုရား သခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။
14Озвав ся ж шкільний старшина, досадуючи, що в суботу сцїлив Ісус, і каже народові: в шість днів, в котрі годить ся робити; оттодї ж приходьте, та й сцїляйтесь, а не субітнього дня.
14ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသော နေ့ရက်ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။
15Відказав тоді йому Господь, і рече: Лицеміри, хиба не кожен з вас у суботу одвязув вода свого або осла від ясел, та веде поїти?
15သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။
16Сю ж дочку Авраамову, що вязав сатана, бач вісїмнайцять років, чи не годилось одзволити од вязила сього в день субітнїй?
16တဆယ်ရှစ်နှစ်ပတ်လုံးစာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင် ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။
17І, як се промовив, засоромились усї противники Його, а всі люде радувались усїм славним, що сталось від Него ?
17ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။
18Рече ж: Кому подобне царство Боже? й кому уподоблю його?
18တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ် သို့ ပုံပြရအံ့နည်း။
19Подобне воно зерну горчицї, що взявши чоловік, кинув у город свій, і виросло воно, й стало дерево велике; й птаство небесне кублилось між гіллєм його.
19လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုဃ်းကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
20І знов рече: Кому уподоблю царство Боже?
20တဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။
21Подобне воно квасу, що взявши жінка, розчинила у трох мірках борошна, поки вкисне все.
21မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ် သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
22І проходив через городи й села, навчаючи й верстаючи дорогу до Єрусалиму.
22ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့ သို့ ခရီးသွားတော်မူ၏။
23Каже ж один Йому: Господи, чи тих мало, що спасають ся? Він же рече до них:
23လူတဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊
24Силкуйтесь увійти тісними ворітьми; бо многі, глаголю вам, шукати муть увійти, та й не здолїють.
24ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှါ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသော သူတို့သည် ဝင်ခြင်းငှါအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။
25І, як устане господар та зачинить двері, а ви зачнете, стоячи знадвору, стукати в двері, говорячи: Господи, Господи, відчини нам, то озвавшись, скаже вам: Не знаю вас, звідкіля ви;
25အိမ်ရှင်သည် တခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။
26тоді станете казати: Ми їли перед Тобою й пили, й по улицях наших навчав єси.
26ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊
27І скаже: Глаголю вам, що не знаю вас, звідкіля ви: уступіть ся від мене, всї, що робите неправду.
27သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသော သူ အပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊
28Там буде плач і скреготаннє зубів, як побачите Авраама, та Ісаака, та Якова і всіх пророків у царстві Божому, себе ж вигнаних геть.
28ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော် ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိလတံ့။
29І прийдуть од сходу й заходу, і від півночі й полудня, та й сядуть у царстві Божому:
29ထိုအခါ အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲ တွင် လျောင်းရကြလတံ့။
30І ось є останнї, що будуть перві, й перві, що будуть останні.
30နောက်ကျသောသူအချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအချို့တို့သည် နောက်ကျ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
31Того дня приступили деякі Фарисеї, кажучи Йому: Зійди звідсїля, бо Ірод хоче Тебе вбити.
31ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ် တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။
32І рече їм: Ідїть та скажіть лисиці тій: Ось виганяю біси, й сцїлення роблю сьогодні й завтра, а третього дня скінчаю ся.
32ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကိုငြိမ်းစေ၏။ သုံးရက်မြောက်သော နေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။
33Тільки ж мушу сьогодні і завтра й дальшого дня ходити, бо не можна пророкові загинути осторонь Єрусалиму.
33သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။
34Єрусалиме, Єрусалиме, що вбиваєш пророків і каменуєш посланих до тебе! скільки раз хотїв я зібрати діти твої, як курка своє гнїздо під крила, й не схотіли.
34အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့ သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။
35Оце ж оставляєть ся вам господа ваша пуста; істино ж глаголю вам: Що не побачите мене, доки прийде час, що скажете: Благословен грядущий в імя Господнє.
35သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့ မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။