1І сталось, як скінчив Ісус цї слова, вийшов він з Галилеї, і прийшов у гряницї Юдейські, за Йорданом.
1ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည် စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။
2І йшло слїдом за Ним пребагато народу, й вигоїв їх там.
2လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေ တော်မူ၏။
3приступили до Него Фарисеї, спокушуючи Його, й кажучи Йому: Чи годить ся чоловікові розводитись із, жінкою своєю за всяку вину?
3ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော်၊
4Він же, озвавшись, рече їм: Хиба ви не читали, що хто втворив у починї, - чоловіком і жінкою втворив їх?
4ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
5І рече: Тому чоловік покине батька й матїр та пригорнеть ся до жінки своєї, й будуть у двох тїло одно;
5ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။
6так що вже не двоє, а тїло одно. Оце ж, що Бог злучив, чоловік нехай не розлучуе.
6ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။
7Кажуть вони Йому: На що ж звелїв Мойсей давати розвідний лист і розводитись із нею?
7ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော်၊
8Рече їм: Мойсей задля жорстокости сердець ваших дозволив вам розводитись із жінками вашими; у починї ж не було так.
8ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး၌ ထိုသို့မဟုတ်။
9Глаголю ж вам: Хто розведеть ся з жінкою своєю - хиба за перелюб - та оженить ся з иншою, робить перелюб ; і хто з розвідкою оженить ся робить перелюб.
9ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
10Кажуть Йому ученики Його: Коли така справа чоловіка з жінкою, то не добре женитись.
10တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
11Він же рече їм: Не всї зміщають слово се, а кому дано.
11ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
12Єсть бо скопцї, що з утроби матерної родились так; і в скопцї, що скопились од людей; і в скопцї, що скопили себе задля царства небесного. Хто може змістити, нехай містить.
12လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။
13Тодї поприводили до Него дїток, щоб положив руки на них, та помолив ся; ученики ж заказували їм.
13ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
14Ісус же рече: Пустїть дїток, не з'упиняйте їх прийти до мене, бо таких царство небесне.
14ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
15І, положивши руки на них, пійшов звідтіля.
15သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
16І ось один, приступивши, каже Йому: Учителю благий, що доброго робити менї, щоб мати життв вічне?
16ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
17Він же рече до Него: Чого ти звеш мене благим? нїхто не благий, тільки один. Бог. Коли ж бажаєш увійти в життє, держи заповідї.
17ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
18Каже до Него: Которі? Ісус же рече: Оцї: Не вбивай, Не роби перелюбу, Не крадь. Не сьвідкуй криво;
18အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
19Поважай батька твого й матїр, і: Люби ближнього твого, як себе самого..
19မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
20Каже Йому молодець: Все се хоронив я з малку мого; чого ще не достає менї?
20ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။
21Рече до него Ісус: Коли хочеш бути звершений, іди продай, що маєш, і дай убогим, а мати меш скарб на небі; і приходь, та й іди слїдом за мною.
21ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။
22Як же почув молодець се слово, одійшов засмутившись; бо мав достатки великі.
22ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
23Ісус же рече до учеників своїх: Істино глаголю вам: Що тяжко багатому ввійти в царство небесне.
23ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏။
24Знов же глаголю вам: Легше верблюдові кріз ушко голки пройти, ніж багатому в царство Боже ввійти.
24တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
25Почувши ж ученики Його, дивувались вельми, кажучи: Хто ж зможе спасти ся?
25ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ၏။
26Ісус же, глянувши, рече їм: У людей се не можливе, у Бога ж все можливе.
26ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
27Озвавсь тодї Петр і каже до Него: Ось ми покинули все, та й пїйшди сдїдом за Тобою; що ж буде нам?
27ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
28Ісус же рече до них: Істино глаголю вам: Що ви, пійшовши слїдом за мною, у новонастанню, як сяде Син чоловічий на престолї слави своєї, сядете також на дванайцяти престолах, судячи дванайцять родів Ізраїлевих.
28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
29І кожен, хто покинув доми, або братів, або сестер, або батька, або матїр, або жінку, або дїтей, або поля, задля імя мого, в сотеро прийме, й життє вічне осягне.
29အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။
30Тільки ж многі перві будуть останнї, а останні - перві.
30နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။