Ukranian: New Testament

Myanmar

Matthew

21

1А як зближались до Єрусалиму, й прийшли в Витфагию, до гори Оливної, послав тодї Ісус двох учеників,
1ယေရုရှလင်မြို့အနီးသို့ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှု သည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊
2глаголючи їм: Ідїть у село, що перед вами, й зараз знайдете ослицю, привязану й осля з нею; одвязавши, приведіть менї.
2သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင် တို့သည် ချက်ခြင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ ဆောင်ခဲ့ကြ။
3І коли хто вам казати ме що, скажіть: Що Господеві треба їх; зараз же відпустить їх.
3သူကတပါးသည် သင်တို့အား တစုံတခုကိုဆိုလျှင် သခင်အလိုရှိသည်ဟုပြန်ပြောကြလော့။ ထိုသို့ ပြော လျှင် ထိုသူသည် ချက်ခြင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။
4Се ж усе сталось, щоб справдилось, що промовив пророк, глаголючи:
4ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကိုစီး၍၊
5Скажіть дочцї Сионській: Ось цар твій іде до тебе, тихий, сидячи на ослї й на ослятї, синові підяремної.
5နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
6Пійшовши ж ученики, вчинили, як звелїв їм Ісус,
6တပည့်တော်တို့သည်သွား၍ အမိန့်တော်အတိုင်းပြုသဖြင့်၊
7і привели ослицю і осля, й положили на них одежу свою, та й посадили Його верх неї.
7မြည်းမနှင့် မြည်းကလေးကိုဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကိုတင်ကြပြီးလျှင် ကိုယ်တော် သည် စီးတော်မူ၏။
8Пребагато ж народу простилали одежу свою по дорозї; инші ж різали віттє з дерева і встилали дорогу.
8အတိုင်းမသိများစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်း သစ်ခက်များကိုခုတ်၍ လမ်း၌ခင်းကြ၏။
9Народ же, що йшов попереду й позаду, покликував, говорячи: Осанна синуyyy Благословен грядущий в імя Господнє; Осанна на вишинах.
9ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည်မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။
10А як увійшов Він у Єрусалим здвигнувсь увесь город, говорячи: Хто се такий?
10ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တမြို့လုံးအုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်နည်းဟု မေးမြန်းကြလျှင်၊
11Народ же казав: Се Ісус, пророк із Назарета Галилейського.
11လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသောရောဖက်ယေရှုပေတည်း ဟု ပြောဆိုကြ၏။
12І прийшов Ісус у церкву Божу, й повиганяв усїх, що продавали да торгували в церкві, й поперевертав столи в міняльників, і ослони в тих, що продавали голуби;
12ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကို၎င်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကို၎င်း တွန်းလှဲတော်မူလျက်၊
13і рече до них: Писано: Дом мій дом молитви звати меть ся; ви ж його зробили вертепом розбійників.
13ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထို အိမ်ကို ထားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။
14І приходили до Него в церкві слїпі й криві, і сцїляв їх.
14ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။
15Бачивши ж архиєреї та письменники чудеса, що Він робив, і хлопят, що покликували в церкві, й казали: Осанна сину Давидовому, розлютувались,
15ကိုယ်တော်ပြုတော်မူသော အံ့ဩဘွယ်အမှုတို့ကို၎င်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ကြွေးကြော်ကြသည်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊
16і казали до Него: Чи чуєш, що оцї кажуть? Ісус же рече їм: Так. Хиба ви нїколи не читали: Що з уст немовляток і ссущих вирядив єси хвалу?
16ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှကိုယ်တော်သည် ချီးမွမ်းခြင်းကိုပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တရံတခါမျှ မဘတ်ဘူးသလောဟု မိန့်တော်မူ၏။
17І, покинувши їх, вийшов осторонь із города в Витанию, й пробував там.
17ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညဉ့်ကို လွန်စေတော်မူ၏။
18Уранцї ж, вертаючись у город, зголоднїв.
18နံနက်အချိန်၌ မြို့သို့ ပြန်စဉ်တွင် ဆာမွတ်တော်မူ၏။
19І, побачивши одну смоківницю на дорозї, прийшов до неї, і нічого не знайшов на ній, тільки саме листе, і рече до неї: Щоб нїколи з тебе овощу не було до віку. І зараз усохла смоківниця.
19လမ်းနားမှာသင်္ဘောသဖန်းပင်တပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာတွေ့တော်မူ သည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်း သွေ့ခြောက်လေ၏။
20І бачивши ученики Його, здивувались, кажучи: Як зараз усохла смоківниця!
20တပည့်တော်တို့သည် မြင်လျှင်၊ သင်္ဘောသဖန်းပင်သည် ချက်ခြင်းသွေ့ခြောက်ပါပြီတကားဟု အံ့ဩ၍ ဆိုကြ၏။
21Ісус же, озвавшись, рече до них: Істино глаголю вам: Коли б ви мали віру й не сумнилпсь, ви б не тільки се смоківниці зробили, а коли б і сій горі сказали: Двигнись і кинь ся в море; станеть ся;
21ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့်ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှရွေ့လော့၊ ပင်လယ်၌ ကျ လော့ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
22і все, чого ви просити мете в молитві, віруючи, одержите.
22ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
23А як прийшов Він у церкву, поприходили до Него, навчаючого, архиєреї та старші людські, кажучи: Якою властю робиш се? й хто дав тобі сю вдасть?
23ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
24Ісус же, озвавшись, рече їм: Поспитаю вас і я про одну річ, про котру як скажете менї, то й я скажу вам, якою властю се роблю.
24ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။
25Хрещенне Иоанове звідкіля було: з неба, чи від людей? Вони ж міркували собі, говорячи: Коли скажемо: 3 неба, то скаже нам: Чом же ви не вірували йому?
25ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
26коли ж скажемо: Від людей, то боїмо ся народу; всї бо мають Йоана за пророка.
26လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27І, озвавшись, сказали Ісусові: Не знаємо. Рече їм і Він: То й я не скажу вам, якою властю се роблю.
27အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
28Ви ж як думаєте? Чоловік мав двоє дїтей; і, прийшовши до одного, рече: Дитино, йди сьогодні роби в винограднику моїм.
28သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
29Він же, озвавшись, сказав: Не хочу; опісля ж, одумавшись, пійшов.
29သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။
30І, прийшовши до другого, рече так само. Він же, озвавшись, сказав: Ійду, Господи; та й не пійшов.
30အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ၏။
31Которий з двох уволив волю отця? Кажуть вони до Него: Первий. Рече їм Ісус: Істино глаголю вам: Що митники та блудницї попередять вас у царство Боже,
31ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။
32Прийшов бо Йоан до вас дорогою правди, й не вірували йому; митники ж та блудницї вірували йому; ви ж, бачивши, не одумались навпослї, щоб вірувати йому.
32အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ။
33Иншої приповістї послухайте: Був один чоловік господар, що насадив виноградник, і обгородив його тином, і викопав у йому винотоку, й збудував башту, й вїддав його виноградарям, та й від'їхав.
33အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။
34Як же наближила ся пора овощу, післав він слуги свої до виноградарів узяти овощі його.
34အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။
35І, взявши виноградарі слуг його, одного побили, другого вбили, иншого ж укаменували.
35ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။
36Знов післав він инші слуги, більш нїж перше, й зробили їм так само.
36နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။
37На останок же післав до них сива свого, кажучи: Посоромлять ся сина мого.
37နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။
38Виноградарі ж, побачивши сина, казали між собою: Се наслїдник: ходімо вбємо його, та й заберемо наслїддє його.
38ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊
39І, взявши його, вивели геть з виноградника, та й убили.
39ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
40Як же прийде пан виноградника, то що зробить він виноградарям тим?
40သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။
41Кажуть вони до Него: Лютих люто погубить їх, а виноградник оддасть иншим виноградарям, що віддавати муть йому овощ пори своєї.
41ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။
42Рече до них Ісус: Хиба ніколи не читали в писаннях: Камінь, що відкинули будівничі, сей став ся головою утла. Від Господа стало ся се, й дивне воно в очах наших ?
42ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။
43Тим я глаголю вам: Що відніметь ся од вас царство Боже, й дасть ся народові, що робити ме овощі його.
43ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။
44І хто впаде на сей камінь, розібєть ся; на кого ж вїн упаде, роздавить того.
44အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
45І вислухавши архиєреї та Фарисеї приповісти його, догадались, що про них говорить.
45ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
46І, шукаючи вхопити Його, спасували ся народу; бо мав Його за пророка.
46ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။