1І дано менї тростину, подібну до жезла; і стояв ангел глаголючи: Встань, і змір храм Божий, і жертівню, і тих, що покланяють ся у ньому.
1တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး၍ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့။
2А двір, що навперід храма, викинь геть, і не мір його, бо він даний поганам; і топтати муть город сьвятий, місяців сорок і два.
2ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။
3І дам двом моїм сьвідкам, і пророкувати муть днїв тисяч двісті шістьдесять, з'одягнені у веретища.
3ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည်။
4Се дві оливинї, і два сьвічники, що перед Богом землї стоять.
4ထိုသူတို့သည်ကား၊ မြေကြီးအရှင်၏ ရှေ့တော် ၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။
5А коли хто схоче з'обідити їх, то огонь вийде з уст їх, і пожере ворогів їх; і коли хто схоче з'обідити їх, то (й) він мусить так бути вбитий.
5တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်းထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည်။
6Сї мають власть зачинити небо, щоб не йшов дощ за днїв їх пророкування, і мають власть над водами, обернути їх у кров, і вдарити на землю всякою поразою, скільки раз схочуть.
6ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသောအခါ၌ ဘေးအမျိုး မျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
7А коли скінчять сьвідкування своє, то зьвір, вийшовши з безоднї, заведе з ними війну, і побідить їх, і повбивав їх.
7သူတို့သည် သက်သေခံပြီးသောအခါ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက်၍ အောင်လိမ့်မည်။ အသက်ကိုသတ်ပြီးမှ၊
8А трупи їх будуть на улицях великого города, що зоветь ся духовно Содома й Єгипет, де і Господь, наш рознятий.
8သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ၍၎င်း၊ အဲဂုတ္တုဟူ၍၎င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။
9І бачити муть (многі) з людей, і родів, і язиків, і народів трупи їх три і пів дня, і не дозволять до гробів положити трупів їх.
9အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည်။
10І радувати муть ся над ними ті, що домують на землї, і веселити муть ся; і дари посилати муть один одному; бо сї два пророки мучили домуючих на землї.
10မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ၊ ဝမ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ၏။
11А після трьох і пів дня дух життя від Бота зійшов на них, і вони встали на ноги свої, а великий страх напав тих, що виділи їх.
11ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။
12І почули голос великий з неба, що глаголав їм: Зійдіть сюди. І зійшли на небо в хмарі, і дивились на них вороги їх.
12ကောင်းကင်ကထွက်သောအသံကြီးကား၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။
13І постало тієї години велике трясеннє і десята часть города впала, і забило у трясенню сїм тисяч імен людських; а другі полякались, і дали славу Богу небесному.
13ထိုအချိန်နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စု တစုပြိုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြွင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ၏။
14Горе друге перейшло; ось, горе третє настигає хутко.
14ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည်။
15І затрубив семий ангел, і постали великі голоси на небі, глаголючи: царства сьвіта стали (царствами) Господа нашого й Його Христа, і царювати ме по вічні віки.
15သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။
16А двайцять і чотири старцї, що перед Богом сидїли на престолах своїх, впали на лиця свої, і поклонились Богу,
16ဘုရားသခင်ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊
17глаголючи: Дякуємо Тобі, Господи і Боже вседержителю, що єси, і був, і прийдеш, що приняв єси силу Твою велику і воцарив ся єси.
17အနန္တတန်ခိုးနှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ၏။
18І розгнівились погане, і настиг гнїв твій, і пора мертвим суд приняти, і дати нагороду слугам твоїм пророкам, і сьвятим, і боячим ся імени Твого, і малим, і великим, і знищити тих, що нищять землю.
18လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။
19І відчинив ся храм Божий в небі, і видно було ковчег завіту Його в храмі Його; і постали блискавки, і гуркіт і громи, і трясеннє, і великий град.
19တဖန်ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုပ်ခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ၏။