Ukranian: New Testament

Myanmar

Revelation

22

1І показав менї чисту ріку води життя, ясну як хришталь, що виходила з престола Божого і Агнцевого.
1တဖန် ၊ ကျောက်သလင်းကဲ့သို့ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက် သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ၏။
2А посеред улицї його, та й по сей і по той бік ріки - дерево життя, що родить овощі дванайцять (раз), і що місяця свій овощ дає, а листє з дерева на сцїленнє поган.
2မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေ တတ်၏။ အရွက်သည်လည်းလူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ်၏။
3І вже більш не буде жодного проклону; а престол Бога і Агнця буде в ньому, і слуги Його служити муть Йому
3နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင် နှင့် သိုးသငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည်။
4І побачять лице Його, а імя Його на чолах їх.
4မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည်။
5І ночі не буде там; і не потрібувати муть сьвічника і сьвітла сонця, бо Господь Бог осьвічує їх; і царювати муть по вічні віки.
5ထိုမြို့၌ညဉ့်မရှိရ ၊ ဆီမီးကိုအလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့။
6І рече менї: Сї слова вірні і правдиві; і Господь, Бог сьвятих пророків, післав ангела свого, показати слугам своїм, що мав незабаром бути.
6ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သော စကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင် သည်၊ ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်းကင်တမန် တော်ကို စေလွှတ်တော်မူပြီ။
7Ось прийду незабаром. Блаженний, хто хоронить слова пророцтва книги сієї.
7ငါသည်အလျင်အမြန်လာမည်။ ဤစာစောင်၏ အနာဂတ္တိ စကားကိုစောင့်ရှောက်သောသူသည် မင်္ဂလာ ရှိ၏ဟု ပြောဆို၏။
8А я Йоан, що бачив се і чув; і коли чув я, і бачив, упав я поклонитись перед ногами ангела, що менї се показував.
8ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင် တမန်၏ ခြေရင်း၌ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။
9І каже менї: нї, глянь, я бо слуга-товариш твій, і братів твоїх пророків, і тих, що хоронять слова книги сієї: Богу поклони ся.
9သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ သင်၏ အစ်ကို ပရောဖက် တို့နှင့်ဤစာစောင်၏ စကားကို စောင့်ရှောက်သော သူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရား သခင်ကိုကိုးကွယ်လော့ဟုပြောဆို၏။
10І глаголе менї: Не печатай слів пророцтва книги сієї; час бо близько.
10တဖန်ဘုံ ၊ ငါ့အားမိန့်တော်မူသည်ကား၊ ဤစာ စောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။
11Хто з'обіжає, нехай ще з'обіжає, і хто поганий, нехай ще опоганюєть ся; і хто праведний, нехай ще оправдуєть ся, і хто сьвятий, нехай ще осьвячуєть ся.
11မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။
12І ось, я прийду хутко, і заплата моя зо мною, щоб віддати кожному, яко ж буде дїло його.
12ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။
13Я АльФа і Омега, почин і конець, Первий і Останнїй.
13ငါသည် အာလဖဖြစ်၏ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။
14Блаженні, що творять заповіді Його, щоб мали власть до дерева життя, і увійшли ворітьми в город.
14အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
15А на дворі будуть пси, і чарівники, і перелюбника, і душогубці, і ідолські служителї, і кожен, хто любить і робить лож.
15ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သော သူ ၊ မတရားသောမေထုန်၌မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထု ကိုကိုးကွယ်သောသူ၊ သစ္စာပျက် ခြင်းကို နှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။
16Я Ісус післав ангела мого, сьвідкувати вам усе по церквах. Я - корінь і рід Давидів, зоря ясна і рання.
16ငါယေရှုသည် အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ၊ ငါ၏ ကောင်း ကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်းဖြစ်၏။
17А Дух і невіста глаголють: Прийди! і хто чув, нехай каже: Прийди! Хто жадний, нехай прийде, а хто хоче, нехай приймає воду життя дармо.
17ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူကလည်း၊ လာခဲ့ပါ ဟုဆိုပါစေ ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိ သော သူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။
18Сьвідкую ж також кожному, хто слухає словес пророцтва книги сієї: коли хто долежить до сього, доложить йому Бог і пораз, що написані в книзі сїй.
18ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ထပ်၍ အသစ်သွင်း၏။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည်။
19Коли ж хто уйме від словес книги пророцтва сього, уйме Бог часть його з книги життя, і з города сьвятого, та й з того, що написано в книзі сїй.
19အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထား သော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့် ၎င်း ၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည်။
20Сей, що про се сьвідкує, глаголе: Так, прийду хутко! Амінь. О, прийди, Господи Ісусе!
20ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု၊
21Благодать Господа нашого Ісуса Христа з усіма вами. Амінь.
21ဤအရာများကို သက်သေခံသောသူ မိန့်တော် မူ၏ အာမင် ၊ သခင်ယေရှုကြွလာတော်မူပါ။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်း တို့၌ ရှိစေသတည်း ။