Ukranian: New Testament

Myanmar

Revelation

4

1Після сього поглянув я, і ось, двері відчинені на небі, і перший голос, що я чув, якби (від) труби говорячої зо мною, сказав: зійди сюди, і покажу тобі, що має бути після сього.
1ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက်ရှိ၏။ ရှေ့ဦးစွာကြားရသော အသံဟူမူကား၊ ဤအရပ်သို့တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ၏။
2І зараз був я в дусї; і ось, престол стояв в небі, а, на престолі Сидячий;
2ထိုအခါဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင်တခုတည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ၏။
3а Сидячий був подібний видом до каменя ясписового і сардинового; і веселка кругом престола, подібна видом як смарагд.
3ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့်တူ၏။ ပလ္လင်၏ ပတ်ဝန်း ကျင်၌ကား၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ၏။
4А кругом престола двайцять і чотири престолів; а на престолах бачив я двайцять і чотири старцїв сидячих, з'одягнених у біді одежі; а на головах своїх мали золоті вінцї.
4ထိုပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ၏။ ထိုပလ္လင်တို့အပေါ်၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏။
5А з того престола виходять блискавки, громи і голоси; і сїм сьвічників огняних горять перед престолом, а се сїм духів Божих:
5ပလ္လင်တော်ထဲကလျှပ်စစ်ပြတ်၏။ စကား ပြောသံ၊ မိုဃ်းကြိုး သံလည်းမြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။
6А перед престолом море шклянне, подібне до христалї. А в серединї престола, і кругом престода четверо животних, повні очей зпереду і ззаду.
6ပလ္လင်တော်ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏အတွင်း၌၎င်း၊ ပတ်ဝန်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ၏။
7А перше животне подобне до лева, а друге животне подобне до теляти, а трете животне мало лице, як чоловік, а четверте животне подобне до летячого орла.
7ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။
8А четверо животних мали, кожне з осібна, по шість крил в округ, а в серединї повно очей; і не мають вони впокою день і ніч, говорячи: Сьвят, сьвят, сьвят Господь Бог вседержитель, що був, і єсть, і прийде.
8ထိုသတ္တဝါလေးပါးတို့၏ ကိုယ်ပတ်ဝန်းကျင်၌၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့်ပြည့်ကြ၏။ သူတို့ကလည်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏ နေ့ညဉ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆိုကြ၏။
9І, коли давали ті животні славу і честь, і подяку Сидячому на престолї, Живучому по вічні віки,
9ပလ္လင်တော်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ၊
10упали двайцять і чотири старцї перед Сидячим на престолі, і покланялись Живучому по вічні віки, і кидали вінцї свої перед престолом, говорячи:
10အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊
11Достоєн єси. Господи, приняти славу і честь і силу; Ти бо створив єси усе, і волею Твоєю (усе) єсть, і створено.
11အိုထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်း လျက်ရှိကြပါ၏။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ၏ဟုလျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့သရဖူများကိုချထားကြ၏။