1Мусимо ми, сильні, немочі безсильних носити, а не собі догоджати.
1သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။
2Кожен бо з нас ближньому нехай догоджає, на добре, до збудування.
2ထိုသို့ငါရှိသမျှသည်ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှါ သူ၏ အလိုသို့ လိုက်ကြကုန်အံ့။
3Бо і Христос не собі годив, а яко ж писано: Зневага зневажаючих Тебе упала на мене.
3အကြောင်းမူကား၊ ခရစ်တော်သည်ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာ သတည်း။
4Скільки бо перше написано, нам на науку написано, щоб через терпіннє та утїшеннє (з) писання мали надію.
4ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်း အကြောင်းများကိုအမှီပြု၍ မြော်လင့်ရ သော အခွင့်ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထား သတည်း။
5Бог же терпіння та утїшення нехай дасть вам однаково думати між собою по Христу Ісусові,
5သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီ တညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှါ၊
6щоб однодушне, одними устами славили Бога й Отця Господа нашого Ісуса Христа.
6ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မ သနားတော်မူပါစေသော။
7Тим же приймайте один одного яко ж і Христос прийняв вас у славу Божу.
7ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကိုလက်ခံ တော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကိုတယောက်လက်ခံကြလော့။
8Глаголю ж, що Ісус Христос став ся слугою обрізання ради істини Божої, щоб ствердити обітовання отців,
8တဖန်ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကို ထောက်၍၊ ဘိုးဘေးများခံရသော ဂတိတော်တို့ကိုတည်စေခြင်းငှါ၊
9а для поган - з милості, щоб прославляли Бога, яко ж писано: За се визнавати му Тебе між поганами й імени Твоєму співати му.
9အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့်တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။
10І знов глаголе: Звеседїть ся, погане, з людьми Його.
10တဖန်လာသည်ကား ၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။
11І знов: Хвалїть Господа, всі погане, і вихваляйте Його всі люде.
11တဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။
12І знов Ісаїя глаголе: Буде корінь Єссеїв, Той, що встане, владикувати над поганами; на Него погане вповати муть.
12တဖန်ဟေရှာယဆိုသည်ကား၊ ယေရှဲ၏ အမြစ်ပေါက်၍ တပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့်မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟုဆိုသတည်း။
13Бог же вповання нехай сповнить вас усякими радощами й упокоєм у вірі, щоб ви збагатились упованнвм, силою Духа сьвятого.
13သင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါ စေသော။
14Впевнив ся ж і я сам про вас, браттє моє, що й самі ви повні добрости, повні, всякого знання, і зможете один одного навчати.
14ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိ သဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘော ကျလျက်ရှိ၏။
15Сьмілїще ж написав я вам, браттє моє, трохи, яко нагадуючи вам по благодаті, даній менї від Бога,
15သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကိုဟော ပြောသောအမှုကို ဆောင်ရွက်၍၊
16щоб бути менї служителем Ісус-Христовим між поганами, сьвято проповідуючи благовісте Боже, щоб приношеннє від поган було приятне і осьвящене Духом сьвятим.
16တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီ ပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက်သာ၍ ရဲရင့်စွာ ရေးလိုက်ပါ၏။
17Маю оце похвалу через Христа Ісуса в Божих речах.
17ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက် ခြင်းအကြောင်းရှိ၏။
18Не сьмію бо глаголати про таке, чого не вдіяв Христос через мене на послух поган, словом і дїлом,
18တပါးအမျိုးသားတို့သည် စကားအားဖြင့်၎င်း၊ အကျင့်အားဖြင့်၎င်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကိုပြ၍၊ ငါ့အားဖြင့်ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။
19силою ознак і чудес, силою Духа Божого; так що я від Єрусалиму і кругом аж до Ілирика сповнив благовісте Христове.
19ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံအောင်ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ။
20Так силкувавсь я благовістити, не де іменував ся Христос, щоб на чужій основинї не будувати,
20ထိုသို့အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ်၍ မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသော အရပ်၌ ဧဝံဂေလိတရားကိုဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။
21а яко ж писано: Кому не звіщено про Него, побачать, і котрі не чули, зрозуміють.
21ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုသူ၏ အကြောင်းကို အဘယ်သူမျှမပြဘူးသော်လည်း၊ သူတို့ သည် မြင်ကြလိမ့်မည်။ မကြားဘူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း။
22Тим же й був я з'упинений не раз, прийти до вас.
22ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသော အခွင့် မရှိ။ အဆီးအတားများလှပြီ။
23Тепер же, більш не маючи місця в сих країнах, бажаннє ж маючи прийти до вас од многих лїт,
23ယခုမူကား၊ ဤအရပ်တို့၌အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာ သို့သွားခြင်းငှါ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊
24як пійду в Іспанию, прийду до вас; сподіваюсь бо, проходючи, бачити вас, і що ви мене проведете туди, як перш вами трохи навтішаюсь
24စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန်အရာအလို ပြည့်စုံပြီးမှ၊ ထိုပြည်သို့သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့်၏။
25Тепер же йду в Єрусалим, служити сьвятим.
25ယခုအခါသန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။
26Зводили бо Македонці та Ахайцї удїлити дещо вбогим сьвятим, що в Єрусалимі.
26အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။
27Зволили, та й винні їм. Коли бо в духовному їх спільниками стали погане, то повинні в тїлесному послужити й їм.
27စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား၊ တပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသား တို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။
28Се ж скінчивши й запечатавши (оддавши) їм овощ сей, пійду через вас в Іспанию.
28ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ ရှောက်၍ စပါနိပြည်သို့သွားမည်။
29Знаю ж, що прийшовши до вас, в повнї благословення благовістя Христового прийду.
29သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။
30Благаю ж вас, браттє, Господом нашим Ісусом Христом і любовю Духа, помагайте менї молитвами за мене до Бога,
30ငါသည်ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သော စိတ်နှင့်သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူသက်သာခြင်းကို ခံစားလိုသောငှါ၊
31щоб збавитись менї від непокірних в Юдеї, і щоб служба моя в Єрусалимі приятна була сьвятим,
31ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအား ထုတ်၍ ငါ့အဘို့အလိုငှါ ဘုရားသခင်ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ် တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍သင်တို့ကို ငါတိုက်တွန်နှိုးဆော်ပါ၏။
32щоб з радістю прийшов до вас волею Божою, та й покрепив ся з вами.
32ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော် မူပါစေသော။ အာမင်။
33Бог же впокою з усіма вами. Амінь.