1Sa-lô-môn kết thân với Pha-ra-ôn, vua Ê-díp-tô, cưới con gái người, rước nàng về thành Ða-vít, đợi xây cất xong cung điện riêng mình, đền của Ðức Giê-hô-va, và tường thành chung quanh Giê-ru-sa-lem.
1ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဘက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမှီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
2Dân sự hãy còn dâng của lễ trên các nơi cao, vì cho đến bấy giờ chưa có xây cất đền nào cho danh Ðức Giê-hô-va.
2ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
3Sa-lô-môn kính mến Ðức Giê-hô-va, và đi theo các luật lệ của Ða-vít, cha mình; song người dâng của lễ và xông hương tại trên nơi cao.
3ရှောလမုန်သည် ထာဝရဘုရားကို ချစ်၍ ခမည်းတော်ဒါဝိဒ်၏စီရင်ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
4Vua đi đến Ga-ba-ôn đặng dâng của lễ tại đó, vì nơi cao ấy là trọng nhất; trên bàn thờ đó Sa-lô-môn dâng một ngàn con sinh làm của lễ thiêu.
4တရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်း ငှါ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင် မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တထောင် ကို ပူဇော်လေ၏။
5Tại Ga-ba-ôn, lúc ban đêm, Ðức Giê-hô-va hiện đến cùng Sa-lô-môn trong cơn chiêm bao, và phán với người rằng: Hãy xin điều gì ngươi muốn ta ban cho ngươi.
5ထိုမြို့၌ထာဝရဘုရားသည် ညဉ့်အခါ အိပ်မက် တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။
6Sa-lô-môn thưa rằng: Chúa đã lấy ơn lớn đãi kẻ tôi tớ Chúa, là Ða-vít, cha tôi, theo như người lấy sự trung tín, sự công bình và lòng ngay trọn vẹn mà đi trước mặt Ðức Giê-hô-va; lại Chúa có giữ ơn lớn ấy cho người, mà ban cho người một con trai ngồi trên ngai của người, y như đã có ngày nay.
6ရှောလမုန်ကလည်း၊ ကိုယ်တော်၏ ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့် ၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာသော ကျေးဇူးကို ပြုတော်မူ ပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သားကိုသူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဘို့ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
7Giê-hô-va Ðức Chúa Trời ôi! bây giờ Chúa đã khiến kẻ tôi tớ Chúa trị vì kế Ða-vít, là cha tôi; nhưng tôi chỉ là một đứa trẻ nhỏ chẳng biết phải ra vào làm sao.
7ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင် အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။
8Kẻ tôi tớ Chúa ở giữa dân của Chúa chọn, là một dân đông vô số, không thể đếm được.
8ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီး အလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
9Vậy, xin ban cho kẻ tôi tớ Chúa tấm lòng khôn sáng, để đoán xét dân sự Ngài và phân biệt điều lành điều dữ; vì ai có thể đoán xét dân rất lớn này của Chúa?
9သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်း ကို ပိုင်းခြား၍ သိတတ်သောဥာဏ်ကို ပေးသနားတော် မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါ မည်နည်းဟု တောင်းလျှောက်၏။
10Lời của Sa-lô-môn đẹp lòng Chúa, vì người đã cầu xin sự đó.
10ထိုသို့ရှောလမုန်တောင်းလျှောက်သော ပဌနာ စကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
11Ðức Chúa Trời phán với người rằng: Bởi vì ngươi đã cầu xin điều này, mà không xin sự sống lâu, không xin sự giàu có, cũng không xin mạng của những kẻ thù nghịch ngươi, nhưng xin sự thông minh để biết xét đoán,
11ဘုရားသခင်ကလည်း၊ သင်သည်တာရှည်သော အသက်ကို မတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူ တို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှါ တတ်နိုင်သောဥာဏ်ကိုသာ ကိုယ်အဘို့ တောင်းလျှောက် သောကြောင့်၊
12nầy, ta đã làm theo lời cầu xin của ngươi, ban cho ngươi tấm lòng khôn ngoan thông sáng đến đỗi trước ngươi chẳng có ai bằng, và sau ngươi cũng sẽ chẳng có ai ngang.
12သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။
13Vả lại, ta cũng đã ban cho ngươi những điều ngươi không xin, tức là sự giàu có và sự vinh hiển, đến đỗi trọn đời ngươi, trong vòng các vua, sẽ chẳng có ai giống như ngươi.
13ထိုမှတပါးသင်နှင့်တူသော ရှင်ဘုရင်တယောက် ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ၊ သင်မတောင်းသော ဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
14Lại nếu ngươi đi trong đường lối ta, như Ða-vít, cha ngươi, đã đi, thì ta sẽ khiến cho ngươi được sống lâu ngày thêm.
14သင့်အဘဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့ လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက် လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
15Bấy giờ, Sa-lô-môn thức dậy, thấy là một điềm chiêm bao. Người trở về Giê-ru-sa-lem, đứng trước mặt hòm giao ước của Ðức Giê-hô-va, dâng của lễ thiêu cùng của lễ thù ân, và đãi tiệc cho hết thảy tôi tớ mình.
15ရှောလမုန်သည် နိုး၍အိပ်မက်ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိဿဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဘို့ ပွဲကို စီရင်တော်မူ၏။
16Bấy giờ, có hai con bợm đến cùng vua, đứng trước mặt vua.
16ထိုအခါ ပြည်တန်ဆာမိန်းမနှစ်ယောက်သည် လာ၍ ရှေ့တော်၌ ရပ်လျက်၊
17Một đứa nói: Chúa tôi ôi! người đờn bà này và tôi ở chung nhau một nhà, và tôi đẻ bên người trong nhà đó.
17မိန်းမတယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တအိမ်တည်းနေကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သားမျက်နှာကိုမြင်ပါ၏။
18Sau bà ngày, người này cũng đẻ; chúng tôi ở chung nhau, chẳng một người lạ nào ở với chúng tôi trong nhà; chỉ có hai chúng tôi ở đó mà thôi.
18သုံးရက်လွန်မှ တဖန်ဤမိန်းမသည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှ မရှိ။ သူနှင့်ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
19Lúc ban đêm, con trai của người nầy chết, bởi vì người đã nằm đè trên nó.
19ဤမိန်းမသည် ညဉ့်အခါ မိမိသားငယ်ကိုဖိ၍ အိပ်မိသောကြောင့် သားငယ်သေပါ၏။
20Ðêm khuya người chổi dậy, và trong khi con đòi vua ngủ, thì người lấy con trai tôi khỏi bên tôi, mà để nó nằm trong lòng mình; rồi đặt con trai chết của nó nằm trong lòng tôi.
20သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မ အိပ် ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ် အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
21Sáng sớm, tôi thức dậy đặng cho con trai tôi bú, thì thấy nó đã chết; nhưng sáng rõ, tôi nhìn nó kỹ càng, thấy chẳng phải là con trai tôi đã đẻ.
21နံနက်အချိန်၌ ကျွန်တော်မသည်သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက် ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကို စေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဘွားမြင်သော သားမဟုတ်ပါဟုလျှောက်၏။
22Người đờn bà kia trả lời rằng: Không phải vậy; vì đứa sống là con trai tao, đứa chết là con trai mầy. Song đờn bà này nói: Không phải vậy đâu; đứa chết là con trai mầy, còn đứa sống là con trai tao. Hai người cãi nhau như vậy trước mặt vua.
22အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ် သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမ ကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သား ဖြစ်၏ဟုဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
23Vua bèn phán rằng: Người này nói: Ðứa còn sống là con trai tao, và đứa chết là con trai mầy. Người kia nói: Không phải vậy đâu; song con trai mầy ấy là đứa chết, và con trai tao ấy là đứa sống.
23ရှင်ဘုရင်က၊ မိန်းမတယောက်က အသက်ရှင် သော သူငယ်သည် ငါ့သား၊ သေသော သူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တယောက်ကထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည် ဖြစ်၍၊
24Vua bèn tiếp rằng: Vậy, hãy đem cho ta một cây gươm. Người ta đem cho vua một cây gươm.
24ထားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ထားကို ရှေ့တော်သို့ ယူခဲ့ကြ၏။
25Vua lại phán: Hãy chia đứa trẻ sống làm hai; phân nửa cho người nầy và phân nửa cho người kia.
25ရှင်ဘုရင်ကလည်း၊ အသက်ရှင်သော သူငယ်ကို ခွဲ၍ ထိုမိန်းမတို့အား တယောက်တဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
26Nhưng mẹ của đứa trẻ sống, vì gan ruột cảm động thương yêu con mình, bèn tâu với vua rằng: Ôi chúa tôi! Xin hãy cho người kia con trẻ sống, chớ giết nó. Nhưng người kia nói rằng: Nó sẽ chẳng thuộc về tao, cũng chẳng thuộc về mầy; hãy chia nó đi.
26အသက်ရှင်သောသူငယ်၏ အမိသည် မိမိသား ကို အလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟုဆို၏။
27Bấy giờ, vua cất tiếng phán rằng: Hãy cho người nầy đứa trẻ sống, chớ giết nó ấy là mẹ nó.
27ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ် ကို မသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
28Cả Y-sơ-ra-ên đều nghe sự đoán xét mà vua đã làm, thì bắt kính sợ vua, vì thấy trong lòng người có sự khôn ngoan của Ðức Chúa Trời đặng xử đoán công bình.
28ထိုသို့ရှင်ဘုရင်စီရင်တော်မူသည် အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသော အခါ၊ တရားစီရင်စေခြင်းငှါ ဘုရားသခင်ပေးတော်မူ သော ဥာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။