Vietnamese 1934

Myanmar

2 Timothy

2

1Vậy, hỡi con, hãy cậy ân điển trong Ðức Chúa Jêsus Christ mà làm cho mình mạnh mẽ.
1ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။
2Những điều con đã nghe nơi ta ở trước mặt nhiều người chứng, hãy giao phó cho mấy người trung thành, cũng có tài dạy dỗ kẻ khác.
2သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသော အရာတို့ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သော သူတို့၌ အပ်ပေးလော့။
3Hãy cùng ta chịu khổ như một người lính giỏi của Ðức Chúa Jêsus Christ.
3ထိုသို့အလိုငှါ သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့၊ ဆင်းရဲဒုက္ခကိုသည်းခံလော့၊
4Khi một người đi ra trận, thì chẳng còn lấy việc đời lụy mình, làm vậy đặng đẹp lòng kẻ chiêu mộ mình.
4စစ်သူရဲမည်သည်ကား၊ မိမိကိုစစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ၊ လောကီမှု ရေးနှင့်ပြွမ်းနှောရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
5Cùng một lẽ đó, người đấu sức trong diễn trường chỉ đấu nhau theo lệ luật thì mới được mão triều thiên.
5ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား၊ ထုံးတမ်းအတိုင်းမတိုက်လျှင် ပန်းဦးရစ်ကိုမရ။
6Người cày ruộng đã khó nhọc thì phải trước nhứt được thâu hoa lợi.
6လယ်လုပ်သောသူသည်လည်းအရင်လုပ်ပြီးမှ အသီးအနှံကိုခံရမည်။
7Hãy hiểu rõ điều ta nói cho con, và chính Chúa sẽ ban sự khôn ngoan cho con trong mọi việc.
7ငါ့စကားကိုဆင်ခြင်လော့။ ထာဝရဘုရားသည် အရာရာတို့၌ဥာဏ်ကို သင့်အားပေးသနား တော်မူ ပါစေသော။
8Hãy nhớ rằng Ðức Chúa Jêsus Christ, sanh ra bởi dòng vua Ða-vít, đã từ kẻ chết sống lại, theo như Tin Lành của ta,
8ဒါဝိဒ်အမျိုးဖြစ်သော ယေရှုခရစ်သည်၊ ငါဟောသောဧဝံဂေလိတရားအတိုင်း၊ သေခြင်းမှ ထမြောက်တော်မူသည်ဟု အောက်မေ့လော့။
9vì Tin Lành đó mà ta chịu khổ, rất đỗi bị trói như người phạm tội; nhưng đạo của Ðức Chúa Trời không hề bị trói đâu.
9ထိုတရားကြောင့် ငါသည်လူဆိုးကဲ့သို့ ချည်နှောင်ခြင်းတိုင်အောင်ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော်လည်း၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည်ချည်နှောင်ခြင်းနှင့် ကင်းလွတ်၏။
10Vậy nên, ta vì cớ những người được chọn mà chịu hết mọi sự, hầu cho họ cũng được sự cứu trong Ðức Chúa Jêsus Christ, với sự vinh hiển đời đời.
10ထိုကြောင့်ရွေးကောက်တော်မူသော သူတို့သည်၊ ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ သူတို့အဘို့ အရာရာကို ငါသည်းခံရ၏။
11Lời nầy chắc chắn lắm: Ví bằng chúng ta chết với Ngài, thì cũng sẽ sống với Ngài;
11သစ္စာစကားဟူကား၊ ထိုသခင်နှင့်အတူသေလျှင်၊ အတူရှင်လိမ့်မည်။
12lại nếu chúng ta chịu thử thách nổi, thì sẽ cùng Ngài đồng trị; nếu chúng ta chối Ngài, thì Ngài cũng sẽ chối chúng ta;
12သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
13nếu chúng ta không thành tín, song Ngài vẫn thành tín, vì Ngài không thể tự chối mình được.
13ငါတို့သည်မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။
14Nầy là điều con hãy nhắc lại và răn bảo trước mặt Ðức Chúa Trời rằng, phải tránh sự cãi lẫy về lời nói, sự đó thật là vô dụng, chỉ hại cho kẻ nghe mà thôi.
14ဤအကြောင်းအရာများကို သူတပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှမပြုစု၊ ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှါ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။
15Hãy chuyên tâm cho được đẹp lòng Ðức Chúa Trời như người làm công không chỗ trách được, lấy lòng ngay thẳng giảng dạy lời của lẽ thật.
15သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှါ ကြိုးစား အားထုတ် လော့။
16Nhưng phải bỏ những lời hư không phàm tục; vì những kẻ giữ điều đó càng sai lạc luôn trong đường không tin kính,
16တရားမဲ့ဖြစ်သော အချည်းနှီးစကားကို ရှောင်လော့။ အကြောင်းမူကား၊ ထိုစကားသည် မတရားသော အမှုတို့ကို ပွါးများစေလိမ့်မည်။
17và lời nói của họ như chùm bao ăn lan. Hy-mê-nê và Phi-lết thật như thế,
17သူတို့၏စကားသည် ခူနာကဲ့သို့ စားလိမ့်မည်။ ထိုသူတို့တွင် ဟုမေနဲနှင့်ဖိလက်ပါသတည်း။
18họ xây bỏ lẽ thật; nói rằng sự sống lại đã đến rồi, mà phá đổ đức tin của một vài người cách như vậy.
18သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။
19Tuy vậy, nền vững bền của Ðức Chúa Trời đã đặt vẫn còn nguyên, có mấy lời như ấn đóng rằng: Chúa biết kẻ thuộc về Ngài; lại rằng: Phàm người kêu cầu danh Chúa thì phải tránh khỏi sự gian ác.
19သို့သော်လည်း၊ သခင်ဘုရားသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၎င်း၊ တံဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏ တိုက်မြစ်သည် ခိုင်ခံ့၍တည်၏။
20Trong một nhà lớn, không những có bình vàng bình bạc mà thôi, cũng có cái bằng gỗ bằng đất nữa, thứ thì dùng việc sang, thứ thì dùng việc hèn.
20ကြီးစွာသောအိမ်၌ ရွှေတန်ဆာ၊ ငွေတန်ဆာသာ ရှိသည်မဟုတ်၊ သစ်သားတန်ဆာ၊ မြေတန်ဆာရှိ၏။ အသရေရှိသောတန်ဆာ၊ အသရေမရှိသော တန်ဆာရှိ၏။
21Vậy, ai giữ mình cho khỏi những điều ô uế đó, thì sẽ như cái bình quí trọng, làm của thánh, có ích cho chủ mình và sẵn sàng cho mọi việc lành.
21သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိကို စင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင်သုံးစရာ ကောင်းသောတန်ဆာ၊ ကောင်းသော အမှုများအဘို့ အလိုငှါ ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မည်။
22Cũng hãy tránh khỏi tình dục trai trẻ, mà tìm những điều công bình, đức tin, yêu thương, hòa thuận với kẻ lấy lòng tinh sạch kêu cầu Chúa.
22လူပျိုတို့၏ တပ်မက်ခြင်း ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုပဌနာပြုသော သူတို့နှင့် အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက် လော့။
23Hãy cự những lời bàn luận điên dại và trái lẽ, vì biết rằng chỉ sanh ra điều tranh cạnh mà thôi.
23မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွါးစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။
24Vả, tôi tớ của Chúa không nên ưa sự tranh cạnh; nhưng phải ở tử tế với mọi người, có tài dạy dỗ, nhịn nhục,
24သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။
25dùng cách mềm mại mà sửa dạy những kẻ chống trả, mong rằng Ðức Chúa Trời ban cho họ sự ăn năn để nhìn biết lẽ thật,
25ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍၊
26và họ tỉnh ngộ mà gỡ mình khỏi lưới ma quỉ, vì đã bị ma quỉ bắt lấy đặng làm theo ý nó.
26မာရ်နတ်၏ အလိုအတိုင်း ဘမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။