1Bấy giờ, Sau-lơ chỉ hằng ngăm đe và chém giết môn đồ của Chúa không thôi, đến cùng thầy cả thượng phẩm,
1ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော် တို့တဘက်၌ ခြိမ်းချောက်၍၊ အသေသတ်ခြင်းငှါ ပြင်းစွာအသက်ရှုသဖြင့်၊
2xin người những bức thơ để gởi cho các nhà hội thành Ða-mách, hầu cho hễ gặp người nào thuộc về đạo bất kỳ đờn ông đờn bà, thì trói giải về thành Giê-ru-sa-lem.
2ထိုဘာသာဝင်သော ယောက်ျားမိန်းမ တို့ကို တွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသတ်မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ ဝင်၍ တောင်းပြီးမှ၊
3Nhưng Sau-lơ đang đi đường gần đến thành Ða-mách, thình lình có ánh sáng từ trời soi sáng chung quanh người.
3သွား၍ ဒမာသက်မြို့အနီးသို့ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည် သူ့ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက်လေ၏။
4Người té xuống đất, và nghe có tiếng phán cùng mình rằng: Hỡi Sau-lơ, Sau-lơ, sao ngươi bắt bớ ta?
4ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်းဟု မိမိအား ပြောသောစကားသံကို ကြားလျှင်၊
5Người thưa rằng: Lạy Chúa, Chúa là ai? Chúa phán rằng: Ta là Jêsus mà ngươi bắt bớ;
5သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု မေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကား သင် ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။
6nhưng hãy đứng dậy, vào trong thành, người ta sẽ nói cho ngươi mọi điều phải làm.
6သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြု ရမည်အမှုကို ပြောလိမ့်မည်ဟုမိန့်တော်မူ၏။
7Những kẻ cùng đi với người đều đứng lại sững sờ, nghe tiếng nói, mà chẳng thấy ai hết.
7ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာ ရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက်ရပ်နေကြ၏။
8Sau-lơ chờ dậy khỏi đất, mắt dẫu mở, nhưng không thấy chi cả; người ta bèn cầm tay dắt người đến thành Ða-mách;
8ရှောလုသည်လည်းမြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှမမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။
9người ở đó trong ba ngày chẳng thấy, chẳng ăn và cũng chẳng uống.
9သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက် ဘဲနေလေ၏။
10Vả, tại Ða-mách có một môn đồ tên là A-na-nia. Chúa phán cùng người trong sự hiện thấy rằng: Hỡi A-na-nia! Người thưa rằng: Lạy Chúa, có tôi đây.
10ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တယောက်သည် ဒမာသက်မြို့၌ရှိ၏။ ထိုသူကို သခင် ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိဟူ၍ ခေါ်တော်မူလျှင်၊ အာနနိက၊ သခင်ဘုရား အကျွန်ုပ်ရှိပါ သည်ဟုလျှောက်၏။
11Chúa phán rằng: Hãy chờ dậy, đi lên đường gọi là đường Ngay thẳng, tìm tên Sau-lơ, người Tạt-sơ, ở nhà Giu-đa; vì người đương cầu nguyện,
11သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်း ဖြောင့်အမည်ရှိသော လမ်းသို့သွားလော့။ ရှောလု အမည် ရှိသောတာရှုမြို့သားကို ယုဒ၏ အိမ်၌ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။
12và đã thấy một người, tên là A-na-nia, bước vào đặt tay trên mình, để cho người được sáng mắt lại.
12မိမိမျက်စိကို မြင်ပြန်စေခြင်းငှါ အာနနိအမည်ရှိ သော သူသည် ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ ဟုမိန့်တော်မူ၏။
13A-na-nia thưa rằng: Lạy Chúa, tôi có nghe nhiều kẻ nói người nầy đã làm hại biết bao các đấng thánh của Chúa trong thành Giê-ru-sa-lem.
13အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို အလယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို လူများပြော၍ အကျွန်ုပ်ကြားရပါပြီ။
14Bây giờ người ở đây, có trọn quyền của các thầy tế lễ cả phó cho, đặng bắt trói hết thảy mọi người cầu khẩn đến danh Ngài.
14ဤအရပ်၌လည်းကိုယ်တော်ကို ပဌနာပြုသော သူရှိသမျှတို့ကို ချည်နှောင်ရမည်အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရပါသည်ဟု ပြန်လျှောက်၏။
15Nhưng Chúa phán rằng: Hãy đi, vì ta đã chọn người nầy làm một đồ dùng ta, để đem danh ta đồn ra trước mặt các dân ngoại, các vua, và con cái Y-sơ-ra-ên;
15သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုး သားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေး ကောက်သော တန်ဆာဖြစ်၏။
16ta lại sẽ tỏ ra cho người biết phải chịu đau đớn vì danh ta là bao nả.
16အကြောင်းမူကား၊ ထိုသူသည်ငါ၏နာမကြောင့် အဘယ်မျှ လောက်ပင် ဆင်းရဲခံရမည်ကို ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့ဟု အာနနိအား မိန့်တော်မူ၏။
17A-na-nia bèn đi, vào nhà, rồi đặt tay trên mình Sau-lơ mà nói rằng: Hỡi anh Sau-lơ, Chúa là Jêsus nầy, đã hiện ra cùng anh trên con đường anh đi tới đây, đã sai tôi đến, hầu cho anh được sáng mắt lại và đầy Ðức Thánh Linh.
17အာနနိသည်လည်းသွား၍ အိမ်သို့ရောက်လျှင်၊ ရှောလု အပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိမြင်ပြန်စေခြင်းငှါ ၎င်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှါ၎င်း ငါကို စေခန့်တော်မူသည်ဟုပြောဆို၏။
18Tức thì có cái chi như cái vảy từ mắt người rớt xuống, thì người được sáng mắt; rồi chờ dậy và chịu phép báp-tem.
18ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါးကြေးကွာ ကျသကဲ့သို့ဖြစ်၍၊ မျက်စိမြင်ပြန်သဖြင့်ထ၍ ဗတ္တိဇံ ကိုခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့် လေ၏။
19Khi người ăn uống rồi, thì được mạnh khỏe lại. Sau-lơ ở lại một vài ngày với các môn đồ tại thành Ða-mách.
19ထိုနောက်ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့ နှင့်အတူ ကာလအတန်အရာနေ၍၊
20Người liền giảng dạy trong các nhà hội rằng Ðức Chúa Jêsus là Con Ðức Chúa Trời.
20ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းကို တရားစရပ်တို့၌ မဆိုင်းမလင့် ဟောလေ၏။
21Phàm những người nghe điều lấy làm lạ, mà nói rằng: Há chẳng phải chính người đó đã bắt bớ tại thành Giê-ru-sa-lem những kẻ cầu khẩn danh nầy, lại đến đây để trói họ điệu về cho các thầy tế lễ cả hay sao?
21ကြားသောသူအပေါင်းတို့သည် အံ့ဩ၍၊ ဤ သူကား၊ ထိုသခင်ကို ပဌနာပြုသောသူတို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီးသည် သာမက၊ ထိုသူများကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှါ ဤအရပ် သို့ လာသောသူဖြစ်သည် မဟုတ်လောဟု ဆိုကြ၏။
22Còn Sau-lơ lần lần càng thêm vững chí, bắt bẻ những người Giu-đa ở tại thành Ða-mách, mà nói rõ rằng Ðức Chúa Jêsus là Ðấng Christ.
22ရှောလုသည်လည်း အားတိုးပွားသဖြင့် ဒမာသက်မြို့၌နေသော ယုဒလူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှုသည် ခရစ်တော် ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။
23Cách lâu ngày, người Giu-đa mưu với nhau để giết Sau-lơ.
23ကာလကြာမြင့်ပြီးမှ၊ ရှောလုကိုသတ်အံ့သောငှါ၊ ယုဒလူတို့ သည်အချင်းချင်းတိုင်ပင်ကြ၏။
24Nhưng có người báo tin cho Sau-lơ về cơ mưu chúng nó. Người ta lại giữ các cửa cả ngày và đêm đặng giết Sau-lơ.
24ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှါ မြို့တံခါးတို့ကို နေ့ညဉ့်မပြတ် စောင့်ကြ သောကြောင့်၊
25Song lúc ban đêm, các môn đồ lấy thúng dòng người xuống ngoài vách thành.
25တပည့်တော်တို့သည် ညဉ့်အခါသူ့ကိုယူ၍ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျှော့ချကြ၏။
26Sau-lơ tới thành Giê-ru-sa-lem rồi, muốn hiệp với các môn đồ; nhưng hết thảy đều nghi sợ người, không tin là môn đồ.
26ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ တပည့် တော်တို့နှင့် ပေါင်းဘော်မည်ပြုသော်၊ သူသည် တပည့်တော်ဖြစ်ကြောင်းကို တပည့်တော် အပေါင်းတို့ သည် မယုံသဖြင့် သူ့ကိုကြောက်ရွံ့ကြ၏။
27Ba-na-ba bèn đem người đi, đưa đến các sứ đồ và thuật lại cho biết thể nào dọc đường Chúa đã hiện ra và phải cùng người, lại thể nào người đã giảng dạy cách bạo dạn về danh Ðức Chúa Jêsus tại thành Ða-mách.
27ထိုအခါဗာနဗသည် သူ့ကိုခေါ်၍ တမန်တော် များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်ကရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အားမိန့်တော်မူသည်ဟ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကိုအမှီပြုလျက်၊ ရဲရင့်စွာဟောသည်ဟူ၍၎င်းပြောလေ၏။
28Từ đó, Sau-lơ tới lui với môn đồ tại thành Giê-ru-sa-lem,
28ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ တမန်တော်တို့နှင့် ပေါင်းဘော်၍၊ သခင်ယေရှု၏ နာမတော်ကိုအမှီပြု၍ ရဲရင့်စွာ ဟောလျက် နေ၏။
29và nhơn danh Chúa mà nói cách dạn dĩ. Người cũng nói và cãi với những người Hê-lê-nít; nhưng bọn nầy tìm thế để hại mạng người.
29ဟေလေနစ်လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကိုသတ်မည်ဟု အားထုတ်ကြ၏။
30Các anh em hay điều đó, thì đem người đến thành Sê-sa-rê, và sai đi đất Tạt-sơ.
30ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိ လျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့ တိုင်အောင် စေလွှတ်ကြ၏။
31Ấy vậy, Hội-thánh trong cả xứ Giu-đê, xứ Ga-li-lê và xứ Sa-ma-ri được hưởng sự bình an, gây dựng và đi trong đường kính sợ Chúa, lại nhờ Ðức Thánh Linh vùa giúp, thì số của hội được thêm lên.
31ထိုအခါယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍ တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အဆုံးအမ၌ ၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။
32Vả, Phi -e-rơ đi khắp các xứ, cũng đến cùng các thánh đồ ở tại thành Ly-đa.
32ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည် တွင် သန့်ရှင်းသူ တို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။
33Tại đó, Phi -e-rơ gặp một người đau bại tên là Ê-nê, nằm trên giường đã tám năm rồi.
33ထိုအရပ်၌ အဲနေအမည်ရှိသော တုံးလုံးနေ သော သူတယောက်ကိုတွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။
34Phi -e-rơ nói với người rằng: Hỡi Ê-nê, Ðức Chúa Jêsus-Christ chữa cho ngươi được lành, hãy chờ dậy, dọn đẹp lấy giường ngươi. Tức thì, người vùng dậy.
34ထ၍အိပ်ရာကိုပြင်လော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ခြင်းထ၏။
35hết thảy dân ở Ly-đa và Sa-rôn thấy vậy đều trở về cùng Chúa.
35လုဒ္ဒမြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်း တို့သည် ထိုသူကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။
36Tại thành Giốp-bê, trong đám môn đồ, có một người đờn bà tên là Ta-bi-tha, nghĩa là Ðô-ca; người làm nhiều việc lành và hay bố thí.
36ယုပွေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တယောက်ရှိ၏။ ထိုမိန်းမ သည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊
37Trong lúc đó, người đau và chết. Người ta tắm rửa xác người, rồi để yên trong một phòng cao.
37ထိုအခါ၌နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။
38Môn đồ nghe Phi -e-rơ đương ở tại Ly-đa, gần thành Giốp-bê, bèn sai hai người đi mời người đến chớ chậm trễ.
38လုဒ္ဒမြို့သည် ယုပွေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည် အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန် ကြ၏။
39Phi -e-rơ đứng dậy đi với hai người. Khi tới nơi, người ta dẫn Phi -e-rơ đến chỗ phòng cao; hết thảy các đờn bà góa đều đến cùng người mà khóc, và giơ cho người xem bao nhiêu áo xống và áo ngoài, lúc Ðô-ca còn sống ở với mình đã may cho.
39ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုတ်ဆိုးမ များတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိ စဉ်အခါလုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက် ရှိကြ၏။
40Phi -e-rơ biểu người ta ra ngoài hết, rồi quì gối mà cầu nguyện; đoạn, xây lại với xác, mà rằng: Hỡi Ta-bi-tha, hãy chờ dậy! Người mở mắt, thấy Phi -e-rơ, bèn ngồi dậy liền.
40ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက် စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်း ပဌနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမ သည် မျက်စိကို ဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။
41Phi -e-rơ đưa tay ra đỡ cho đứng dậy; đoạn gọi các thánh đồ và đờn bà góa đến, cho họ thấy người sống.
41ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်း သူတို့နှင့် မုတ်ဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။
42Việc đó đồn ra khắp thành Giốp-bê; nên có nhiều người tin theo Chúa.
42ထိုအကြောင်းကို ယုပွေမြို့၌ အနှံ့အပြား သိကြ ၍၊ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ ရောက်ကြ၏။
43Còn Phi -e-rơ ở tại nhà người thợ thuộc da, tên là Si-môn.
43ပေတရုသည် ယုပွေမြို့၌ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။