1Lời của người truyền đạo, con trai của Ða-vít, vua tại Giê-ru-sa-lem.
1ဒါဝိဒ်၏သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏စကားဟူမူကား၊
2Người truyền đạo nói: Hư không của sự hư không, hư không của sự hư không, thảy đều hư không.
2အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
3Các việc lao khổ loài người làm ra dưới mặt trời, thì được ích lợi chi?
3လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှ တို့၌ အဘယ်အကျိုးရှိသနည်း။
4Ðời nầy qua, đời khác đến; nhưng đất cứ còn luôn luôn.
4လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏။
5Mặt trời mọc, mặt trời lặn, nó lật đật trở về nơi nó mọc.
5နေလည်းထွက်လျက် ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ ပြန်လည်တတ်၏။
6Gió thổi về hướng nam, kế xây qua hướng bắc; nó xây đi vần lại không ngừng, rồi trở về vòng cũ nó.
6လေသည်လည်း အစဉ်လည်သွား၍၊ လည်ပြီး သောအရပ်သို့ တဖန်ပြန်၍လည်ပြန်တတ်၏။
7Mọi sông đều đổ vào biển, song không hề làm đầy biển; nơi mà sông thường chảy vào, nó lại chảy về đó nữa.
7ခပ်သိမ်းသော မြစ်တို့သည် ပင်လယ်ထဲသို့ ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့် တတ်။ မြစ်ရေသည် စီးထွက်ရာအရပ်သို့ တဖန်ပြန်သွား တတ်၏။
8Muôn vật thảy đều lao khổ, loài người không thế nói ra được; mắt không hề chán ngó, tai chẳng hề nhàm nghe.
8ခပ်သိမ်းသော အရာတို့သည် လူမပြောနိုင် အောင် ပင်ပန်းခြင်းနှင့် ယှဉ်ကြ၏။ မျက်စိသည် မြင်၍ မကုန်တတ်။ နားသည်လည်း ကြား၍မဝတတ်။
9Ðiều chi đã có, ấy là điều sẽ có; điều gì đã làm, ấy là điều sẽ làm nữa; chẳng có điều gì mới ở dưới mặt trời.
9ဖြစ်ဘူးသော အရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုအရာမရှိ။
10Nếu có một vật chi mà người ta nói rằng: Hãy xem, cái nầy mới, vật ấy thật đã có rồi trong các thời đời trước ta.
10ကြည့်ပါ။ အသစ်ဖြစ်၏ဟုဆိုရသော အမှုအရာ တစုံတခုရှိသလော။ ထိုအမှုအရာသည် ငါတို့အရင်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
11Người ta chẳng nhớ các đời trước, và các đời sau những người đến sau cũng sẽ chẳng nhớ đến nữa.
11ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက်ဖြစ်လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျော့ကြလိမ့်မည်။
12Ta là người truyền đạo, đã làm vua Y-sơ-ra-ên tại Giê-ru-sa-lem.
12ငါဓမ္မဒေသနာဆရာသည်၊ ယေရုရှလင်မြို့၌ ဣသရေလရှင်ဘုရင်ဖြစ်စဉ်တွင်၊
13Ta chuyên lòng lấy sự khôn ngoan mà tra khảo mọi việc làm ra dưới trời; ấy là một việc lao khổ mà Ðức Chúa Trời đã giao cho loài người để lo làm.
13မိုဃ်းကောင်းကင်အောက်၌ ပြုသမျှတို့ကို ဥာဏ်ပညာ အားဖြင့်၊ ရှာဖွေစစ်ဆေးခြင်းငှါ နှလုံးထား၏။ လူသား တို့ ကျင်လည်ရာဘို့ ထိုပင်ပန်းစေသောအမှုကို ဘုရား သခင်ပေးတော်မူပြီ။
14Ta đã xem thấy mọi việc làm ra dưới mặt trời; kìa, thảy đều hư không, theo luồng gió thổi.
14နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
15Vật chi đã cong vẹo không thể ngay lại được, và vật gì thiếu không thể đếm được.
15ကောက်သောအရာကို မဖြောင့်စေနိုင်။ ချို့တဲ့ သောအရာကို မရေတွက်ရာ။
16Ta nói trong lòng rằng: Nầy, ta đã được sự khôn ngoan lớn hơn hết thảy những người ở trước ta tại Giê-ru-sa-lem; thật lòng ta đã thấy nhiều sự khôn ngoan và tri thức.
16ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
17Ta cũng chuyên lòng học biết sự khôn ngoan, và biết sự ngu dại điên cuồng; ta nhìn biết điều đó cũng là theo luồng gió thổi.
17ပညာတရားကို၎င်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်း ပိုင်းခြား၍ သိအံ့သောငှါ ငါသည်နှလုံး ထား၏။ ထိုအမှုသည်လည်း၊ လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။
18Vì nếu sự khôn ngoan nhiều, sự phiền não cũng nhiều; ai thêm sự tri thức ắt thêm sự đau đớn.
18အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။