聖經新譯本 (Simplified)

Myanmar

Esther

6

1王发现末底改有功未酬
1ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကို ယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဘတ်ရကြ၏။
2有一处记着说:王有两个守门的太监:辟探和提列,企图要谋害亚哈随鲁王;这事给末底改告发了。
2ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံ သော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲ ဘော်ပြကြောင်း ကိုတွေ့လျှင်၊
3王问:“为了这事,末底改得了什么尊荣和封赐没有?”侍候王的众臣仆回答:“他什么也没有得到。”
3ရှင်ဘုရင်က၊ ထိုအကြံကို ဘော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆုအဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့ က၊ အဘယ်ဆုကို၏မျှ ပေးတော်မမူပါသေးဟု ပြန် လျှောက်ကြ၏။
4王问:“谁在院子里?”那时哈曼正进了王宫的外院,要求王把末底改挂在哈曼为他预备的木架上。
4ရှင်ဘုရင်ကလည်း၊ တန်တိုင်းတွင်း၌ အဘယ်သူ ရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့် သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည် အကြောင်း၊ နန်းတော်ပြင် တန်တိုင်းတွင်းသို့ ဝင်မိသည် ဖြစ်၍၊
5王的臣仆对他说:“是哈曼站在院子里。”王说:“叫他进来。”
5ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တန်တိုင်း တော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ ဝင်စေ ဟု မိန့်တော်မူ၏။
6哈曼就进去,王问他:“王喜欢赐尊荣给他的人,要怎样待他呢?”哈曼心里想:“王喜欢赐尊荣的人,除我以外,还有谁呢?”
6ဟာမန်သည်ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသော သူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစုံတယောက်ရှိနိုင်သလောဟု စိတ်ထဲမှာ အောက်မေ့လျက်၊
7于是哈曼回答王:“王喜欢赐尊荣的人,
7ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူအဘို့၊
8要把王常穿的朝服和王常骑的骏马,就是头戴王冠的骏马带来,
8ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက် တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်း တော်မူသော ရာဇသရဖူကို ယူခဲ့၍၊
9把朝服和骏马交给王最尊贵的一个大臣手里,把衣服给王喜欢赐尊荣的人穿上,使他骑在马上,走过城中的街上,又要有人在他前面宣告:‘王喜欢赐尊荣的人,要这样待他。’”
9ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီး သောမှူးတော်မတ်တော်တပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ၊ အလိုတော်ရှိသော သူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီး လျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည် ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန် လျှောက်လေ၏။
10王命哈曼使末底改得尊荣王对哈曼说:“赶快拿朝服和骏马来,照着你所说的,去行在那坐在朝门那里的犹大人末底改身上;你所说的,一样也不可缺少。”
10ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကို ယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစုံတခုမျှမလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
11于是哈曼把朝服和骏马拿来,先给末底改穿上朝服,然后使他骑在马上,走过城中的街上,又在他前面宣告:“王喜欢赐尊荣的人,要这样待他。”
11ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
12末底改仍回到御门那里;哈曼却急急忙忙回了家,带着悲哀的心蒙着头。
12သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊
13哈曼把遭遇的一切事,都述说给他的妻子细利斯和他所有的朋友听;他的谋士和妻子细利斯对他说:“在末底改面前,你开始失败了;他若是犹大人,你就不能胜过他:你终必在他面前失败。”
13မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။
14他们还与哈曼说话的时候,王的太监来了,催哈曼快走,赴以斯帖预备的筵席。
14ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင် အမြန် ခေါ်သွားကြ၏။