1以斯帖向王奏告哈曼的恶谋
1တဖန်ရှင်ဘုရင်နှင့် ဟာမန်သည်၊ မိဖုရား ဧသတာနှင့်အတူ စပျစ်ရည်သောက်အံ့သောငှါ သွားကြ ၏။
2在这第二次的酒席中,王又问以斯帖:“以斯帖啊,你要什么?我必赐给你;你求什么?就是一半江山,也必给你成全。”
2ဒုတိယနေ့ရက်၌ စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က မိဖုရားဧသတာ၊ သင်သည် အဘယ်အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေးမည်။ အဘယ်ဆု ကို တောင်းချင်သနည်း။ တောင်းသမျှကို နိုင်ငံတော် တဝက်တိုင်အောင် ငါပေးမည်ဟု မိန့်တော်မူလျှင်၊
3王后以斯帖回答,说:“我若是在你眼前蒙恩,王若是喜欢,我所要的,是要王把我的性命赐给我;我所求的,是求王把我的族人赐给我。
3မိဖုရား ဧသတာက၊ အရှင်မင်းကြီး၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မအလိုအတိုင်း ကျွန်တော်မအသက်နှင့် ကျွန်တော်မတောင်းပန်သည်အတိုင်း၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
4因为我和我的族人被人出卖,快要毁灭,被杀尽、灭绝了。我们若是只被卖为奴婢,我也必闭口不言,但王的损失是敌人不能补偿的。”
4ကျွန်တော်မနှင့် ကျွန်တော်မအမျိုးသားချင်း တို့ကို သတ်ဖြတ် သုတ်သင်ပယ်ရှင်းခြင်းငှါ ရောင်းပါပြီ။ ကျွန်ယောက်ျား ကျွန်မိန်းမဖြစ်စေခြင်းငှါ ရောင်းလျှင်၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကို ပေးနိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
5亚哈随鲁王问王后以斯帖,说:“存心这样行的人是谁?他在哪里?”
5ရှင်ဘုရင်အာရွှေရုကလည်း၊ ထိုသို့ပြုမည်ဟု ကြံဝံ့သောသူကား အဘယ်သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရားဧသတာအား မေးတော်မူလျှင်၊
6以斯帖回答:“这敌人和仇人,就是这恶人哈曼!”哈曼在王和王后面前立刻惊惶万分。
6ဧသတာက၊ ရန်ဘက်ပြုသော ရန်သူသည် ဤဆိုးညစ်သော ဟာမန်ဖြစ်ပါ၏ဟု လျှောက်သော်၊ ဟာမန်သည် ရှင်ဘုရင်နှင့်မိဖုရားရှေ့မှာ ကြောက်ရွံ့ခြင်း သို့ ရောက်လေ၏။
7哈曼被挂在自己所立的木架于是王带着盛怒,从酒席间起来,到御园里去;哈曼却留下来求王后以斯帖救他一命,因为哈曼看出王已经决意要加罪与他。
7ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှထ၍ ဥယျာဉ်တော်သို့ သွားတော် မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့ မှာ တောင်းပန်ခြင်းငှါထ၏။
8王从御园回到酒席那里;那时哈曼正伏在以斯帖所靠的榻上;于是王说:“他竟敢在宫里,当着我的面污辱王后吗?”这话一出王口,人就把哈曼的脸蒙住了。
8ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။
9在王面前有一个太监哈波拿说:“还有,哈曼为那曾经说好话救王有功的末底改,立了一个二十二公尺高的木架,现在正立在哈曼的家里呢。”王说:“把哈曼挂在上面吧!”
9မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။
10于是他们把哈曼挂在他为末底改预备的木架上;王的忿怒才渐渐止息。
10ထိုသို့မော်ဒကဲအဘို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော် မူ၏။