聖經新譯本 (Simplified)

Myanmar

Ezekiel

8

1以西结在异象中被提
1သက္ကရာဇ်ခြောက်ခု၊ ဆဌမလ၊ ငါးရက်နေ့တွင်၊ ငါသည်ကိုယ် အိမ်၌ထိုင်၍၊ ယုဒအမျိုးအသက်ကြီးသူတို့ သည် ငါရှေ့မှာ ထိုင်ကြစဉ်၊ အရှင်ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်သို့ သက်ရောက်လေ၏။
2我观看,见有一形状好像人的样子,在那仿佛是他腰部以下,有火的样子,在那仿佛是他腰部的以上有光辉的样子,好像闪耀的金属。
2ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဍာန်သည် ထင်ရှား၏။ ခါးသဏ္ဍာန်မှသည် အောက် ပိုင်း၌ မီးအရောင်ကဲ့သို့၎င်း၊ အထက်ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့၎င်း ထင်ရှား၏။
3他伸出一只形状像手的东西,抓住我的一绺头发;灵就把我提到天地之间,在 神的异象中,他把我带往耶路撒冷,到圣殿北门内院的入口处,在那里有令 神愤恨的偶像的座位。
3လက်သဏ္ဍာန်ကိုဆန့်၍ ငါ၏ဆံပင်တစုကို ကိုင်လျက်၊ ဝိညာဉ်တော်သည် ငါ့ကိုမြေနှင့်မိုဃ်းကောင်း ကင်ကြားမှာ ချီကြွ၍၊ အမျက်တော်ကို နှိုးဆော်သော ရုပ်တုပလ္လင်ရှိရာ ယေရုရှလင်မြို့မြောက်မျက်နှာအတွင်း တံခါးဝသို့၊ ဘုရားသခင်၏ဗျာဒိတ်တော်ရူပါရုံအားဖြင့် ငါ့ကိုဆောင်သွား၏။
4不料,在那里有以色列 神的荣耀,形状与我在平原所见的一样。
4လွင်ပြင်၌ အရင်ငါမြင်ဘူးသော ဗျာဒိတ်ရူပါရုံ ကဲ့သို့၊ ဣသရေလအမျိုး၏ ဘုရားသခင်ဘုန်းတော်သည် ထင်ရှား၏။
5耶路撒冷的偶像崇拜他对我说:“人子啊!举目向北观看。”我就举目向北观看,见祭坛门的北面,在入口的地方,有令 神愤恨的偶像。
5အချင်းလူသား၊ မြောက်လမ်းသို့ မျှော်ကြည့် လော့ဟု မိန့်တော်မူသည်အတိုင်း၊ မြောက်လမ်းသို့ ငါမျှော်ကြည့်၍၊ မြောက်မျက်နှာ၊ ယဇ်ပလ္လင်တံခါးဝ၌ အမျက်တော်ကို နှိုးဆော်သော် ရုပ်တုရှိ၏။
6他又对我说:“人子啊!以色列家在这里所行的,就是他们行这极其可憎的事,使我远离我的圣所,你看见了吗?但你还要看见更加可憎的事。”
6တဖန်တုံ၊ အချင်းလူသား၊ ငါသည် ငါ၏ သန့်ရှင်းရာဌာနနှင့် ဝေးစွာသွားစေခြင်းငှါ သူတို့ပြုကြ သောအမှု၊ ဤအရပ်၌ ဣသရေလအမျိုးပြုသော၊ အလွန် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကို မြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ သာ၍ကြီးသော ရွံရှာဘွယ် အမှု တို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
7他领我到院子的门口;我观看,见墙上有一个洞。
7တန်တိုင်းတံခါးဝသို့ ငါ့ကိုဆောင်သွား၍ ငါ ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး၌ အပေါက်ကို မြင်လေ ၏။
8他对我说:“人子啊,挖墙吧!”我就挖墙,不料,见有一道门。
8တဖန်တုံအချင်းလူသား၊ တန်တိုင်းရိုးကို တူးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ငါသည်တူးပြီးမှ တံခါးဝကို မြင်လေ၏။
9他对我说:“你进去,看看他们在那里所行可憎的恶事。”
9ဝင်လော့။ ဤအရပ်၌ ပြုကြသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုဆိုးတို့ကို ကြည့်ရှုလော့ဟု မိန့်တော်မူသည်အတိုင်း၊
10于是我进去观看,见四围的墙上刻着各种形状的爬行物,和可憎恶的走兽,以及以色列家所有的偶像。
10ငါသည် ဝင်၍ကြည့်ရှုသောအခါ၊ တန်တိုင်းရိုး အတွင်းပတ်လည်၌၊ တွားတတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ်သော တိရစ္ဆာန်အမျိုးမျိုးနှင့် ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
11站在这些像面前的有以色列家的七十个长老,沙番的儿子雅撒尼亚也站在他们中间;各人手里拿着自己的香炉,香的烟往上升。
11သူတို့ရှေ့မှာ ဣသရေလအမျိုးအသက်ကြီးသူ ခုနှစ်ကျိပ်တို့နှင့်တကွ၊ ယာဇညာသားရှာဖန်သည် သူတို့ အလယ်၌ရပ်၍၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်းကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက်လေ၏။
12他对我说:“人子啊!以色列家的众长老各在自己偶像的房间里暗中所行的,你看见了吗?他们说:‘耶和华看不见我们,耶和华已经离开这地了。’”
12တဖန်တုံ၊ အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့သည် မှောင်မိုက်ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရားသည် မြေကြီးကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
13他又对我说:“你还要看见他们行更加可憎的事。”
13တဖန်လှည့်၍ သွားဦးလော့။ သူတို့ပြုသော အမှုတို့တွင် သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော်မူလျက်၊
14他领我到耶和华殿朝北的门口,在那里有些妇女坐着,为搭模斯哭泣。
14ဗိမာန်တော်မြောက်တံခါးဝသို့ ဆောင်သွား၍၊ ထိုအရပ်၌ မိန်းမတို့သည် တမ္မုဇနတ်အဘို့ ငိုကြွေးလျက် ထိုင်ကြ၏။
15他对我说:“人子啊,你看见了吗?你还要看见比这些更可憎的事。”
15အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက်၊
16他又领我到耶和华殿的内院,在耶和华殿的门口,就是在走廊和祭坛中间,约有二十五个人,背向耶和华的殿,面向着东方;他们正在朝着东面叩拜太阳。
16ထာဝရဘုရား၏အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။
17惩罚的警告他对我说:“人子啊,你看见了吗?犹大家在这里行这可憎的事,还算小事吗?他们使这地充满了强暴,再三惹我发怒;看哪!他们把树枝拿到自己的鼻前。
17တဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီ လော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍တိုင်ကြ၏။
18因此我要以烈怒待他们;我的眼必不顾惜,我也不怜恤;他们虽然在我耳中大声呼求,我还是不听他们。”
18ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။