1大施屠杀
1ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
2忽然,有六个人从朝北的上门那边走来,各人手里拿着杀人的武器;他们中间有一个人身穿细麻布衣服,腰间带着墨盒子;他们进来,站在铜祭坛旁边。
2ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ၏။
3以色列 神的荣耀本来是在基路伯上面的,现在从那里移到殿的门槛;耶和华把那身穿细麻布衣服,腰间带着墨盒子的人召来,
3ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
4对他说:“你要走遍耶路撒冷全城,那些因城中所行的一切可憎的事而叹息悲哀的人,你要在他们的额上画个记号。”
4ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
5我又听见他对其余的人说:“你们要跟随他走遍那城,进行杀戮;你们的眼不要顾惜,你们也不要怜恤。
5အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
6你们要从我的圣所开始,把老年人、少年人、少女、孩童和妇女都杀尽灭绝,只是那些额上有记号的人,你们都不可伤害。”于是他们从殿前那些长老开始杀戮。
6အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
7他又对他们说:“你们要玷污这殿,使这些院子充满被杀的人;你们出去吧!”于是他们出去,在城中进行杀戮。
7တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
8以西结的祷告不蒙垂听他们杀戮的时候,只留下我一个人,我就脸伏在地,呼叫说:“哎,主耶和华啊!难道你要向耶路撒冷倾倒你的烈怒,使所有以色列余剩的人都灭绝么?”
8ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
9他对我说:“以色列家和犹大家罪大恶极,地上充满血腥,城内充满不义,因为他们说:‘耶和华已经离开这地,他看不见我们了!’
9ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
10因此,我的眼必不顾惜,我也必不怜恤;我要把他们所行的报应在他们的头上。”
10ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
11那身穿细麻布衣服,腰间带着墨盒子的人回报这事,说:“我已经照着你所吩咐我的行了。”
11ပိတ်အဝတ်ကို ဝတ်၍နံပါး၌ မှင်အိုးပါသော သူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။