聖經新譯本 (Simplified)

Myanmar

Joshua

19

1西缅支派的分地与城镇
1ဒုတိယတကြိမ်စာရေးတံပြု၍၊ ရှိမောင်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် ယုဒအမွေမြေအတွင်း ၌ အမွေခံရကြ၏။
2他们所得的产业有别是巴、示巴、摩拉大、
2သူတို့အမွေမြေ၌ရှိသော မြို့များဟူမူကား၊ ဗေရ ရှေဘမြို့၊ မောလဒါမြို့၊
3哈萨.书亚、巴拉、以森、
3ဟာဇာရွာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊
4伊利多拉、比土力、何珥玛、
4ဧလတောလဒ်မြို့၊ ဗေသူလမြို့၊ ဟေမာမြို့၊
5洗革拉、伯.玛加博、哈萨.苏撒、
5ဇိကလတ်မြို့၊ ဗက်မာကဗုတ်မြို့၊ ဟာဇာသုသမြို့၊
6伯.利巴勿、沙鲁险,共十三座城,还有属于这些城的村庄;
6ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့၊ ရွာနှင့်တကွ ဆယ်သုံးမြို့တည်း။
7又有亚因、利门、以帖、亚珊,共四座城,还有属于这些城的村庄;
7ထိုမှတပါး၊ အင်ရိမ္မုန်မြို့၊ တောခင်မြို့၊ ဧသာမြို့၊ အာရှန်မြို့၊ ရွာနှင့်တကွ လေးမြို့တည်း။
8以及这些城周围所有的村庄,直到巴拉.比珥,就是南地的拉玛。这就是西缅支派按着家族所得的产业。
8ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရရာ မတ်မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ပတ်ဝန်း ကျင် ရွာရှိသမျှပါသတည်း။ ဤရွေ့ကား ရှိမောင်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
9西缅人的产业是从犹大人的地业中得来的;因为犹大人的分过大,所以西缅人在犹大人的产业中得了他们的产业。
9ရှိမောင်အမွေမြေသည် ယုဒအမျိုးသားခံသော အဘို့ထဲက နှုတ်ရ၏။ ယုဒအမျိုးသားတို့အဘို့သည် ကြီး ကျယ်သောကြောင့်၊ သူတို့အမွေမြေအတွင်း၌ ရှိမောင် အမျိုးသားတို့သည် အမွေခံရကြ၏။
10西布伦支派的分地与城镇为西布伦人,按着家族抽出第三签;他们产业的境界去到撒立;
10တတိယတကြိမ်စာရေးတံပြု၍ ဇာဗုလုန်အမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။ သူတို့ အမွေမြေအပိုင်းအခြားသည် စာရိဒ်မြို့မှထွက်၍၊
11他们的疆界再向西上到玛拉拉,直达大巴设,再去到约念前面的河;
11အနောက်သို့သွားလျက် မရာလမြို့၊ ဒဗ္ဗရှက်မြို့ သို့၎င်း၊ ယောကနံမြို့ရှေ့မှာရှိသော မြစ်သို့၎င်း မှီလေ၏။
12又从撒立向东转到日出的方向,去到吉斯绿.他泊的境界,又伸展到他比拉,上到雅非亚;
12တဖန် စာရိဒ်မြို့မှ နေထွက်ရာအရှေ့မျက်နှာသို့ လှည့်သဖြင့်၊ ခိသလုတ္တာဗော်မြို့၊ ဒါဗရတ်မြို့သို့ ရောက်ပြီး လျှင်၊ ယာဖျာမြို့သို့ တက်လေ၏။
13又从那里往东面日出的方向,经过迦特.希弗,到以特.加汛、临门,再伸展到尼亚;
13ထိုမြို့မှစ၍ အရှေ့ဘက်နားမှာလိုက်လျက်၊ ဂိတ္တ ဟေဖါမြို့၊ အိတ္တကာဇိန်မြို့၊ ရိမ္မုန်မေသောရနေအာမြို့သို့ ရောက်လေ၏။
14又绕过尼亚的北面,到哈拿顿,直通到伊弗他.伊勒谷;
14မြောက်ဘက်၌လည်း ဝိုင်းသဖြင့်၊ ဟန္နသုန်မြို့ သို့ရောက်၍ ယိဖသေလချိုင့်၌ ဆုံးလေ၏။
15还有加他、拿哈拉、伸仑、以大拉、伯利恒,共有十二座城,还有属于这些城的村庄。
15ထိုမှတပါး၊ ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန် မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့တည်းဟူသော ရွာနှင့်တကွ ဆယ်နှစ်မြို့ရှိသတည်း။
16这些城和属于这些城的村庄,就是西布伦人按着家族所得的产业。
16ဤရွေ့ကား မြို့ရွာပါလျက် ဇာဗုလုန်အမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
17以萨迦支派的分地与城镇为以萨迦,就是为以萨迦人,按着家族抽出第四签。
17စတုတ္ထတကြိမ် စာရေးတံပြု၍ ဣသခါအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
18他们的境界包括耶斯列、基苏律、书念、
18သူတို့အပိုင်းအခြားသည် ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊
19哈弗连、示按、亚拿哈拉、
19ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊
20拉璧、基善、亚别、
20ရဗ္ဗိတ်မြို့၊ ကိရှုန်မြို့၊ အာဗက်မြို့၊
21利蔑、隐.干宁、隐.哈大、伯.帕薛,
21ရေမက်မြို့၊ အင်္ဂန္နမြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့ ပါလျက်၊
22又达到他泊、沙哈洗玛、伯.示麦,直通到约旦河,共十六座城,还有属于这些城的村庄。
22တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။
23这些城和属于这些城的村庄,就是以萨迦支派按着家族所得的产业。
23ဤရွေ့ကား မြို့ရွာပါလျက် ဣသခါအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
24亚设支派的分地与城镇为亚设支派,按着家族抽出第五签。
24ပဥ္စမတကြိမ် စာရေးတံပြု၍ အာရှာအမျိုးသား တို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
25他们的境界包括黑甲、哈利、比田、押煞、
25သူတို့အပိုင်းအခြားသည် ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊
26亚拉米勒、亚末、米沙勒,向西直达迦密和希曷.立纳;
26အာလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့ပါ လျက်၊ အနောက်မျက်နှာ၌ ကရမေလမြို့၊ ရှိဟောရလိဗ နတ်မြို့သို့ ရောက်လေ၏။
27又转往日出的方向,到伯.大衮,延伸到细步纶,向北去到伊弗他.伊勒谷、伯.以墨和尼业,又伸展到迦布勒的左边,
27တဖန် နေထွက်ရာဘက်သို့လှည့်၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန်ခရိုင်၊ ယိဖသေလချိုင့်ကို ရှောက်သဖြင့်၊ မြောက်မျက်နှာသို့သွား၍ ဗေသမက်မြို့၊ နယေလမြို့၊ ကာ ဗုလမြို့၊
28到义伯仑、利合、哈们、加拿,直到西顿大城;
28ဟေဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့၊ ဇိဒုန်မြို့ကြီးတိုင်အောင် ရောက်ပြီးလျှင်၊
29又转到拉玛,直到设防的城推罗;再转到何萨,直通到海岸靠近亚革悉的地区;
29ရာမမြို့၊ ခိုင်ခံ့သောတုရုမြို့၊ ဟောသမြို့သို့ လှည့်လျက်၊ ပင်လယ်ကမ်းပါးမှစ၍ အာခဇိပ်မြို့တိုင် အောင် ပင်လယ်၌ဆုံးလေ၏။
30又有乌玛、亚弗、利合,共二十二座城,还有属于这些城的村庄。
30အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့နှင့်တကွ ရွာပါလျက် နှစ်ဆယ်နှစ်မြို့ရှိသတည်း။
31这些城和属于这些城的村庄,就是亚设支派按着家族所得的产业。
31ဤရွေ့ကား မြို့ရွာပါလျက် အာရှာအမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
32拿弗他利支派的分地与城镇为拿弗他利人抽出第六签,就是拿弗他利人按着家族所得的产业。
32ဆဌမတကြိမ် စာရေးတံပြု၍ နဿလိအမျိုး သားတို့သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
33他们的疆界,是从希利弗,从撒拿音的橡树林,从亚大米.尼吉和雅比聂起,去到拉共,直通到约旦河;
33သူတို့အပိုင်းအခြားသည် ဟေလပ်မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ်မြို့၊ အာဒမိမြို့၊ နေကပ်မြို့၊ ယာဗနေလမြို့၊ လာကုံမြို့ပါလျက် ယော်ဒန်မြစ်၌ ဆုံးလေ၏။
34又向西转到亚斯纳.他泊,从那里伸展到户割,南边达到西布伦,西边达到亚设,东边达到约旦河那里的犹大。
34တဖန် အနောက်မျက်နှာသို့ လှည့်သဖြင့် အာဇနုတ္တာဘော်မြို့၊ ဟုကုတ်မြို့သို့ရောက်၍၊ တောင် ဘက်၌ ဇာဗုလုန်ခရိုင်၊ အနောက်ဘက်၌ အာရှာခရိုင်၊ နေထွက်ရာဘက်၌ ယော်ဒန်မြစ်အပိုင်းအခြားရှိ၏။
35设防的城有西丁、侧耳、哈末、拉甲、基尼烈、
35ခိုင်ခံ့သောမြို့များ ဟူမူကား၊ ဇိဒ္ဒိမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေသရက်မြို့၊
36亚大玛、拉玛、夏琐、
36အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊
37基低斯、以得来、隐.夏琐、
37ကေဒေရှမြို့၊ အင်ဟာဇော်မြို့၊ ဧဒြိမြို့၊
38以利稳、密大.伊勒、和琏、伯.亚纳、伯.示麦,共十九座城,还有属于这些城的村庄。
38ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့၊ ရွာနှင့်တကွ ဆယ်ကိုးမြို့တည်း။
39这些城和属于这些城的村庄,就是拿弗他利支派按着家族所得的产业。
39ဤရွေ့ကား မြို့ရွာပါလျက်၊ နဿလိအမျိုးသား တို့သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
40但支派的分地与城镇为但支派,按着家族抽出第七签。
40သတ္တမတကြိမ် စာရေးတံပြု၍ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် အမွေခံရကြ၏။
41他们产业的境界包括:琐拉、以实陶、伊珥.示麦、
41သူတို့အမွေခံရသော မြို့များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလမြို့၊ ဣရရှေမက်မြို့၊
42沙拉宾、亚雅仑、伊提拉、
42ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊
43以伦、亭拿他、以革伦、
43ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44伊利提基、基比顿、巴拉、
44ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊
45伊胡得、比尼.比拉、迦特.临门、
45ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန်မြို့၊
46美.耶昆、拉昆和约帕对面的地区。
46မေယာကုန်မြို့၊ ရက္ကုန်မြို့၊ ယာဖေါမြို့ရှေ့မှာရှိ သော မြေပါသတည်း။
47但人未能控制他们的境界,因此他们就上去攻打利善,夺取那城,用刀击杀了城中的人;他们占领利善,就住在城中,以他们祖先但的名字,把利善改名为但。
47ဒန်အမျိုးသားရသောမြေသည် ကျဉ်းမြောင်း သောကြောင့်၊ လဲရှမြို့ကို စစ်ချီ၍တိုက်ယူလုပ်ကြံသဖြင့် နေရာချကြ၏။ လဲရှမြို့ကို၊ အမျိုး၏အဘဒန်ကို အစွဲပြု၍၊ ဒန်မြို့ဟူသောအမည်ဖြင့် မှည့်ကြ၏။
48这些城和属于这些城的村庄,就是但支派按着家族所得的产业。
48ဤရွေ့ကား မြို့ရွာပါလျက်၊ ဒန်အမျိုးသားတို့ သည် အဆွေအမျိုးအလိုက် ခံရသောအမွေတည်း။
49约书亚的分地以色列人按着疆界把地分完了之后,就在他们中间把产业分给嫩的儿子约书亚。
49ထိုသို့ ဣသရေလအမျိုးသားတို့သည် မြေတပြင် လုံးကို အပိုင်းအခြားနှင့်တကွ ဝေဖန်၍ အမွေခံပြီးမှ၊ နုန်၏သားယောရှုအား အမွေမြေကို ပေးကြ၏။
50他们照着耶和华所吩咐的,把约书亚所要的城,就是以法莲山地的亭拿.西拉,给了他;约书亚就修建那城,住在城中。
50သူတောင်းသောမြို့ ဧဖရိမ်တောင်ပေါ်မှာ တိမ နဿေရမြို့ကို ထာဝရဘုရားအမိန့်တော်အတိုင်း ပေးသ ဖြင့်၊ သူသည် မြို့ကိုတည်ထောင်၍ နေလေ၏။
51以上就是以利亚撒祭司和嫩的儿子约书亚,以及以色列人各支派的族长,在示罗会幕的门口,在耶和华面前,借着抽签所分的产业。这样,他们就完成了分地的事。
51ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုး သူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ် စည်းဝေးရာတဲတော်တံခါးနား၌ ဝေပေးသော အမွေခံ စရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကို ဝေဖန်သောအမှု ပြီးလေ၏။